စွန့်ပစ်ခွေးလေး (၁,၃၀၀)ကို ကယ်ဆယ်ပြီး ခွေးလေးတွေနဲ့ပဲ အတူနေတဲ့ အမျိုးသမီး

စွန့်ပစ်ခွေးလေး (၁,၃၀၀)ကို ကယ်ဆယ်ပြီး ခွေးလေးတွေနဲ့ပဲအတူနေတဲ့ တရုတ်အမျိုးသမီး

ပရိသတ်ကြီးရေ အခုပြောပြ ပေးသွားမှာကတော့ စွန့်ပစ် ခွေးလေး (၁,၃၀၀) ကို ကယ်ဆယ်ပြီး ခွေးလေးတွေ နဲ့ပဲ အတူနေတဲ့ တရုတ်အမျိုးသမီး ဆိုတဲ့ အကြောင်းလေးပဲ ဖြစ်ပါတယ်နော်။

လွန်ခဲ့တဲ့နှစ်၂၀တုန်းက Ms Wen Junhong ဆိုသူအမျိုးသ မီးဟာ တရုတ်နိုင်ငံ အနောက် တောင်ပိုင်း Chongqing လမ်း မပေါ်တွေမှာ လျှောက်သွားနေတဲ့ အစွန့်ပစ်ခံခွေးတွေကိုကယ်တင် ခဲ့ပါတယ်။ အခုဆိုရင်တော့Ms Wenဟာခွေးကောင်ရေ၁၃၀၀ ကို ထိန်းသိမ်းစောင့်ရှောက် နေရပြီဖြစ်ပြီး ခွေးကောင်ရေကလည်း တဖြည်းဖြည်း ပိုများ လာနေတာပဲ ဖြစ်ပါတယ်။

Ms Wen ဟာ သူမပထမဆုံး မွေးစားခဲ့တဲ့ ခွေးမလေး ကိုတော့ Wenjing လို့ အမည်ပေးထားပါတယ်။ အဲ့ဒီခွေးလေးကို ကယ် ပြီး နောက်ပိုင်း တရုတ် နိုင်ငံရဲ့ လမ်းကြို လမ်းကြား တွေမှာ သွား လာပြီး ခွေးသား ဈေးကွက်ထဲ ရောက်ကုန်ကြတဲ့ ခွေးလေး တွေကိုသနားစိတ် ဝင်လာ ခဲ့တာပါ။

“ခွေးလေး တွေကို စောင့်ရှောက် ဖို့က အရေးကြီးပါတယ်။ ကျွန်မတို့တစ်ယောက် ချင်းစီဟာ လူတွေ ကိုတင် မကပါဘူး၊ ဒီကမ္ဘာမြေ ပေါ်မှာနေထိုင်တဲ့ တိရစ္ဆာန်တွေ အား လုံးအပေါ်မှာလည်း လေးစားမှုရှိရမယ်” လို့ သူမက ဆိုခဲ့ပါတယ်။

Mao Zedong လက်ထက်မှာဆိုရင် ခွေးမွေးခြင်းဟာလူချမ်း သာတွေရဲ့ အချိန်ကုန် နည်းလို့ဆိုပြီး ခွေးမွေးခြင်းကိုတားမြစ်ထားပါတယ်။ အဲ့ဒီကတည်းကစလို့ တိရစ္ဆာန်တွေ အပေါ်မှာ တရုတ်လူ မျိုးတွေ ထားတဲ့ အမြင်ဟာ လုံးဝကို ပြောင်းလဲသွားတာ ပဲဖြစ်ပါတယ်။

ဒါ့ အပြင် Animals Asia အရ တရုတ် နိုင်ငံ မှာ လမ်း ဘေး ခွေးလေခွေးလွှင့်တွေ အများကြီးဖြစ်နေပြီး တိရစ္ဆာန်အခွင့် အရေး ကြည့်ရှုတဲ့ အဖွဲ့လည်း မရှိသေးဘူးလို့ သိရ ပါတယ်။ မြို့ပြနေခွေး တွေကိုတော့ ပိုးသတ်ထားတာ နည်းပါးတဲ့အတွက် တိရစ္ဆာန်ကယ် ဆယ်ရေးစနစ် မလုံလောက်တာတွေ ဖြစ်နေပါတယ်။

Ms Wen ရဲ့အိမ်ရှေ့ ခြံဝန်းထဲမှာတော့ တိရစ္ဆာန်လေးတွေဟာ အမြဲလိုလို စွန့်ပစ်ခံထားရကြောင်းလည်းသိရပြီး ခွေးလေးတွေကို နေ့တိုင်းကယ်ဆယ်ရကြောင်းကိုလည်းMs Wenက straits times စာမျက်နှာ မှာ ပြောပြ သွားတဲ့ အကြောင်းလေးကို ပရိ သတ်ကြီး တို့အတွက် ပြန်လည် ဝေမျှပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးခဲ့ ကြတဲ့ပရိသတ်ကြီးတို့လည်း ကျန်းမာပျော်ရွှင် ကြပါစေ။

source : shwe mon

Tags: