စာသင်ခန်းထဲမှာ စကားများလို့ ၇ နှစ်အရွယ်ကလေးရဲ့ ပါးစပ်ကို တိပ်နဲ့ကပ်ပြီး အပြစ်ပေးခဲ့တဲ့ ဆရာ

စာသင်ခန်းထဲမှာ စကားများလို့ ၇ နှစ်အရွယ်ကလေးရဲ့ ပါးစပ်ကို တိပ်နဲ့ကပ်ပြီး အပြစ်ပေးခဲ့တဲ့ ဆရာ

ပရိတ်သတ်ကြီးရေ ယခု တင်ပြ ပေး​ချင်တဲ့ အကြောင်းအရာလေးက တော့ စာသင်ခန်းထဲမှာ စကားများလို့ ၇ နှစ် အရွယ် ကလေးရဲ့ ပါးစပ်ကိုတိပ်နဲ့ကပ်ပြီး အပြစ်ပေးခဲ့တဲ့ ဆရာ ဆိုတာလေးပဲ ဖြစ်ပါတယ်။

ဒီအဖြစ်ပျက်လေးကတော့ နယူးဇီလန်က ကျောင်းတစ်ကျောင်းမှာ အသက်၇နှစ်အရွယ်ကျောင်းသားတစ်ဦးက အခန်းတွင်းမှာ အရမ်း စကား များ တာကြောင့် ဆရာ ဖြစ်သူက ပါးစပ်ကို တိတ်နဲ့ ကပ်ခဲ့တဲ့ဖြစ်ရပ် တစ်ခု ဖြစ်ပွား ခဲ့ပြီး ဒါကတော့ ထူးခြားတဲ့ အပြစ် ပေးနည်း တွေနဲ့အပြစ် ပေးခံရတဲ့ ကလေးတွေထဲက တစ်ဦးအဖြစ် သူ မရဲ့ သားဖြစ်သူက ပါဝင် ခဲ့တာ ဖြစ်ကြောင်း မိခင် ဖြစ်သူက ဖွင့်ဟ ခဲ့တာပါ။

မိခင်ဖြစ်သူရဲ့ တိုင်ကြားပြောဆိုမှုနဲ့ပတ်သက်ပြီး အဆိုပါ ကျောင်း ရဲ့ ကျောင်းအုပ်ဆရာကတော့ တစ်စုံတစ်ရာ ငြင်းဆိုခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။ ဒါပေမယ့်လည်း ကလေးဖြစ်သူ က အိမ်ကို ပြန် ရောက်လာပြီးနောက် ကျောင်းတက် ဖို့ကို တော်တော် လေး စိုးရိမ် ကြောင့်ကြ ခဲ့ပြီး စာသင်နှစ်ရဲ့နောက်ဆုံးနှစ်ပတ်တာ ကာလကို လွဲ ချော်ခဲ့တယ်လို့ မိခင်ဖြစ်သူက ဆိုခဲ့ပါတယ်။

Auckland အနောက်ပိုင်းက ကျောင်းတစ်ကျောင်းရဲ့ ကျောင်း အုပ်ဆရာဖြစ်သူ Rob Taylor ကတော့ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းမှုတွေ ပြုလုပ် နေတယ်လို့ ပြောဆိုခဲ့ပါတယ်။ ” ဒီအဖြစ် အ ပျက်က ကလေးတွေ ပျော်ရွှင်စေဖို့အတွက် ကစားနည်း တစ်ခုဖြစ်ပြီး ကလေးတွေ ကလည်း သူမနဲ့ ကစားချင်ပုံ ရပါတယ်” လို့ ပြော ဆိုခဲ့ပါတယ်။

ဒါပေမယ့်လည်း ဆရာဖြစ်သူကတော့ကျောင်းသားနဲ့ ကျောင်းသား မိဘတွေကို စိတ်ပျက်အောင် ပြုလုပ်ခဲ့မိတဲ့ အတွက် တောင်းပန် စ ကားဆိုခဲ့ပါတယ်။ မိခင်ဖြစ်သူ ကတော့ သား ဖြစ်သူဟာ ဒီ အဖြစ် အပျက်ကို ပြန်လည် ပြောပြဖို့ ရှက်ရွံ့နေခဲ့ပြီး အခု ဆိုရင် အသက် ရှူကျပ်တဲ့ ပြသနာတွေနဲ့ ပန်းနာ ရင်ကျပ် ပျောက်ဆေး တွေကို နေ့တိုင်း သောက်သုံး နေရတယ်လို့ ဆိုပါတယ်။

ဒီအဖြစ်အပျက် ကိုလည်း အခြားကျောင်းသားတစ်ဦးက တိပ်ကပ် ခံရတဲ့ကျောင်းသားရဲ့ အစ်မဖြစ်သူကိုပြောပြခဲ့လို့သာ မိခင်ဖြစ်သူက ပြန်လည် သိရှိခဲ့ ရတယ်လို့ လည်းသိရပါတယ်။ ကလေး ကိုယ် တိုင်ကလည်း ကျောင်းသွားချင် စိတ် မရှိတော့ တာကြောင့် ၂ပတ်အထိကျောင်းမတက်ဖြစ်ခဲ့တော့ဘဲခရစ္စမတ်ပွဲတော်တစ်ခုကိုလည်း လွဲချော် ခဲ့ရပါတယ်။

၂၀၁၄ ခုနှစ် ကလည်း ဗြိတိန်မှာ ဆရာ တစ်ဦးက အခန်း တွင်းမှာ ကျောင်းသား ကလေးတွေ ဆူညံ နေတာကြောင့် တခန်းလုံးက က လေးတွေကို ပါးစပ်ကို တိတ်နဲ့ ကပ်ကာ အပြစ် ပေးခဲ့မှု ဖြစ်ပွားခဲ့ ပါသေးတယ်။ အဆိုပါ ဖြစ်ရပ်အတွက် ကျောင်းသားမိဘ အများအ ပြား ဒေါသထွက်ခဲ့ကြပြီး စက်ဆုပ် ရွံရှာဖွယ်ကောင်းတယ်လို့ မှတ် ချက် ပြုခဲ့ကြပါသေးတယ်။

၂၀၁၈ ခုနှစ် ကလည်း အမေရိကန် မှာ အသက် ငါးနှစ် အရွယ် က လေး တစ်ဦးကို ဆရာနှစ်ဦးက ပါးစပ်တိပ်နဲ့ ကပ်ခဲ့ သလို နေ့လည်စာ ကိုလည်း လွှင့်ပစ် ခဲ့တယ် လို့ မိခင် ဖြစ်သူ က ထုတ်ဖော် ပြောကြားမှု ဖြစ်ခဲ့ပါသေးတယ်။ ဒီအဖြစ်အပျက်လေးတွေကို ပရိသတ်ကြီးတို့အတွက်ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးတို့လည်းတစ်နေ့တာကိုပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေ။

source : therivernews

Tags:

Add a Comment

Your email address will not be published. Required fields are marked *