အသက် (၉၈) နှစ် အရွယ်ရှိပြီး ဖြစ်တဲ့ အဖွား တစ်ယောက်ရဲ့ အ သက်ကို ကယ်တင် ပေးလိုက်တဲ့ သရုပ်ဆောင် ထူးခန့်ကျော်

အသက် (၉၈) နှစ် အရွယ်ရှိပြီး ဖြစ်တဲ့ အဖွား တစ်ယောက်ရဲ့ အ သက်ကို ကယ်တင် ပေးလိုက်တဲ့ သရုပ်ဆောင် ထူးခန့်ကျော်

ပရိသတ်ကြီးရေ အခုပြောပြပေးသွားမှာကတော့ အသက်(၉၈)နှစ်အရွယ်ရှိပြီးဖြစ်တဲ့ အဖွားတစ်ယောက်ရဲ့ အသက်ကိုကယ်တင်ပေး လိုက်တဲ့ သရုပ်ဆောင်ထူးခန့်ကျော် ဆိုတဲ့ အကြောင်းလေးပါနော်။

“မမှီဝဲနဲ့ကင်းအောင်နေ” ဇာတ်လမ်းတွဲ ထဲမှာ ဦးဗေဒါ ဇာတ်ရုပ်နဲ့ ပရိသတ်ရဲ့အားပေးမှုကို အခိုင်အမာရရှိခဲ့တဲ့ သရုပ်ဆောင်ထူးခန့်ကျော်ကတော့ အနုပညာအလုပ်တွေ ရပ်နားထားရစဉ်က သူတတ် စွမ်းတဲ့ဆေးပညာနဲ့ လေဖြတ်လေငန်းနဲ့ အကြောရောဂါ အမျိုးမျိုး ကို ငွေကြေး တပြားတချပ်မှမယူပဲ အခမဲ့ကုသပေးနေတဲ့ သူတစ်ယောက် ပဲဖြစ်ပါတယ်။

လတ်တလော မှာတော့ အသက် (၉၀) ကျော် အဖွားတစ်ယောက်ရဲ့အသက်ကို ကယ်တင်လိုက်နိုင်တယ်လို့ သိရပါတယ်။ “အသက် ရှင်ခွင့်လေး တစ်ရက်တာ လူဖြစ်ရကျိုး နပ်ခဲ့ရ ပြန်ပြီလေ ဒီနေ့အ သက် ၉၈နှစ်ရှိတဲ့အမေကြီးရဲ့ထုံကျင်ကိုက်ခဲနေတဲ့ ရောဂါဝေဒနာများကို ပါရမီဖြည့် ကုသခွင့် ရခဲ့ခြင်းကြောင့် လည်းကောင်း၊

၇ ရက်သားသမီးများရဲ့ရောဂါဝေဒနာများကို ပါရမီဖြည့် ကုသရခြင်းကြောင့် လည်းကောင်း၊ ဘုရား တည်ဖို့ရာ လာရောက် ကာ ဆေး ကုသမှု ခံယူ ကြရင်း အလှူငွေများ ထည့်ဝင်သွားမှုများကို လည်းကောင်း သာဓု အကြိမ်ကြိမ် ခေါ်ဆိုကြောင်း” သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေတဆင့် ရေးသား ဖော်ပြခဲ့ပါတယ်။

သာဓု အကြိမ် ကြိမ် ခေါ်ဆိုရင်း လူမျိုး မရွေး ဘာသာ မရွေး လူ သားချင်း ကိုယ်ချင်းစာတဲ့စိတ်လေးနဲ့ ဒီဘဝ ၇ရက်သားသမီးများရဲ့ထုံကျင် ကိုက်ခဲနေသော ရောဂါ ဝေဒါများကို သက်သာပျောက် ကင်းအောင် ကုသပြီး ပါရမီဖြည့်ခွင့်လေးပေးပါတဲ့၊ ရတနာသုံးပါအား ဦးထိပ်ပန်ဆင် ကန်တော့ရင်း ဒီကနေ့ လူဖြစ်ရကျိုးလေး နပ်ခဲ့ ပြန်ပြီ ဖြစ်ကြောင်းကိုလည်း ရေးသားထားပါသေးတယ်။

သရုပ်ဆောင် ထူးခန့်ကျော်ရဲ့ မွန်မြတ်လှတဲ့စိတ်ထားလေးနဲ့ အဖွားတစ်ယောက်ရဲ့ အသက်ကို ကယ်တင်ခဲ့တဲ့ အကြောင်းကို ပရိသတ်ကြီးတို့အတွက် ပြန်လည် ဝေမျှ ပေးလိုက်ပါတယ်နော်။ဖတ်ရှုပေးခဲ့ကြတဲ့ ပရိသတ်ကြီးတို့လည်း တစ်နေ့တာကို အေးချမ်း သာယာစွာဖြတ်သန်းနိုင်ကြပါ​စေ။ credit