အမဲ လိုက်ရင်း သစ်ခေါင်းထဲမှာ မမ်မီ ဖြစ်သွားရှာတဲ့ ခွေးကို လူအများစိတ်ဝင်စားနေ

အမဲလိုက်ရင်းသစ်ခေါင်းထဲမှာမမ်မီဖြစ်သွားရှာတဲ့ခွေးကိုလူအများစိတ်ဝင်စားနေ

ပရိသတ်ကြီးရေ အခုပြောပြ ပေးသွားမှာ ကတော့ အမဲ လိုက်ရင်းသစ်ခေါင်းထဲမှာ မမ်မီ ဖြစ်သွားရှာတဲ့ ခွေးကိုလူအများကစိတ်ဝင် စားနေတဲ့ အကြောင်းလေးပဲ ဖြစ်ပါတယ်နော်။

လွန်ခဲ့တဲ့ နှစ်(၂၀)ခန့်က အမဲလိုက်ရင်း သစ်ခေါင်းထဲမှာ ပိတ်မိပြီး မမ်မီရုပ်အလောင်းဖြစ်သွားခဲ့ရှာတဲ့ ခွေးရုပ်ကြွင်းကို သစ်တောဝန်ထမ်း တွေက ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။ သစ်ခေါင်း ထဲမှာ သေဆုံးသွားခဲ့တဲ့ခွေးရုပ်ကြွင်းကို (၁၉၈၀)ခုနှစ်မှာ အမေရိကန်ရှိ Kraft လုပ်ငန်းစုက သစ်တောဝန်ထမ်း တွေက တွေ့ရှိခဲ့တာပါ။

သစ်ပင်ရဲ့ အပေါ်ဘက်မှာ ကပ်နေတာကို တွေ့ရှိခဲ့တာဖြစ်ပြီး တွေ့ရှိခဲ့သူတွေက၎င်းကိုသစ်ဖြတ်စက်ဆီမပို့ဘဲ ဂျော်ဂျီယာရဲ့ သစ်တော ပြတိုက်သို့ လှူခဲ့ပါတယ်။ (၂၀၀၂) ခုနှစ်က နာမည်ပေး ပြိုင်ပွဲ မှာတော့ ၎င်းမမ်မီခွေးကို “Stuckie”လို့ နာမည်ပေးခဲ့ကြပါတယ်။

Stuckie ဟာ သစ်တော သမားတွေ ရှာမ တွေ့ခင် လွန်ခဲ့တဲ့ နှစ် (၂၀) ကတည်းက သေဆုံးနေတာဖြစ်နိုင်ကြောင်း ခန့်မှန်း ထားကြပါတယ်။ Stuckie ဟာ အမဲလိုက်ရင်း သစ်ခေါင်းထဲကို လျှိုဝင်ခဲ့ပြီး (၂၈)ပေအမြင့်အထိ တိုးတက်ခဲ့ပေမယ့် ညပ်သွား ခဲ့တာဖြစ် နိုင်ကြောင်း ပညာရှင်တွေက ကောက်ချက် ချကြပါတယ်။

သစ်ခေါင်းထဲမှာ ညပ်ပြီး ဆာလောင် သေဆုံးသွားခဲ့တဲ့ ခွေးဟာ မပုပ်သိုးသွားဘဲ မမ်မီဖြစ်သွားရတဲ့ အကြောင်းကတော့ မီးခိုးခေါင်း တိုင် ကနေ အပေါ် ဘက်ကို အငွေ့ ထုတ်လွှတ် တဲ့ Chimney Effect နဲ့ ဆင်တူ ပါတယ်။

အလောင်းရဲ့အနံ့က သစ်ခေါင်းထဲကနေ လေအပေါ်ဘက်ကို တက်သွားတာကြောင့် ဓာတ်ဖြိုခွဲမယ့် အင်းဆက်နဲ့ အခြား သတ္တဝါတွေက သူ့အလောင်းရဲ့ အနံ့ကို မရတော့ဘဲ အလောင်းကို လာရောက်မစား သုံးခဲ့ကြပါဘူး။ သစ်ခေါက်ကလည်း အစိုဓာတ်ကို စုပ်ယူတဲ့ ပစ္စည်းဖြစ်တာကြောင့် ခွေးရုပ်ကြွင်းဟာ မပြိုကွဲပဲ ပိုမာလာခဲ့တာပါ။

ဒီလိုနဲ့ပဲ Stuckie ဟာ သဘာဝတရားက ပြုလုပ် ခဲ့တဲ့ မမ်မီဖြစ် လာပါ တော့တယ်။ လူတွေက ပြတိုက် မန်နေဂျာ Brandy Stevenson ကို ခွေးက ဘာကြောင့် သစ်ခေါင်းထဲ ဝင်နေခဲ့လဲ လို့ မေးတိုင်း Brandyက “သူကခွေးပဲ ၊ ရက်ကွန်းတစ်ကောင်ကောင် ကို လိုက်နေခဲ့တာ ဖြစ်မှာပေါ့” လို့ ပြန်ဖြေလေ့ရှိပြီး အဲ့လိုဖြေလိုက် တိုင်းလည်း လူတွေက “သနားစရာ ကောင်းလိုက်တာ” လို့သာ ပြန်ပြောနိုင်ကြပါတယ်။

အခုကတော့ အမဲလိုက် ခွေးလေးရဲ့ သနားစရာ ကောင်းတဲ့ အဖြစ်ကိုပရိသတ်ကြီးတို့ အတွက်ပြန်လည် မျှဝေပေးလိုက်ပါတယ်နော်။ဖတ်ရှုပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်းတစ်နေ့တာကိုသာယာပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေ။ credit

Tags: