ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရတဲ့ သူငယ်ချင်း ဖြစ်သူ မေမီကိုကို ဘက်ကနေ ပညာသားပါပါ တုန့်ပြန်လိုက်တဲ့ ဖြိုးရာဇာနိုင်

ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရတဲ့ သူငယ်ချင်း ဖြစ်သူ မေမီကိုကို ဘက်ကနေ ပညာသားပါပါ တုန့်ပြန်လိုက်တဲ့ ဖြိုးရာဇာနိုင်

ပရိသတ်ကြီးရေ အခုပြောပြပေးသွားမှာကတော့ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရတဲ့ သူငယ်ချင်းဖြစ်သူမေမီကိုကို ဘက်ကနေပြီးတော့ ပညာသားပါပါတုန့်ပြန်လိုက်တဲ့ ဖြိုးရာဇာနိုင်ဆိုတဲ့အကြောင်းလေး ပဲဖြစ်ပါတယ်။

မေမီကိုကို ကတော့ MRTV-4ရဲ့ မင်းသမီးတစ်ယောက် ဖြစ်ပြီး “ပျားရည်အိုင်” ဇာတ်ကားလေးနဲ့ ပရိသတ်ရင်ထဲကို ရောက်ရှိလာသူလေးပါ။ “မြိုင်” ဆိုတဲ့ဇာတ်ရုပ်နဲ့ သရုပ်ဆောင် ခဲ့ပြီး ပရိသတ်တွေကလည်း “မြိုင်” လို့ပဲ ချစ်စနိုး ခေါ်ကြပါတယ်။

မကြာသေးမီကမှ သရုပ်ဆောင်မေမီကိုကို က သူမရဲ့ချစ်သူ ဆရာ ဝန်နဲ့ ပတ်သက်ပြီးတော့ ဝေဖန်တိုက်ခိုက်မှုတွေ ခံခဲ့ရပါတယ်။ ရုပ် ရည်ပိုင်းဆိုင်ရာ ကို ပြင်းပြင်းထန်ထန် ဝေဖန် ပြောဆို ခဲ့ပြီး နစ်နာအောင် ပြောဆိုခဲ့တဲ့အတွက် မေမီရဲ့ပရိသတ်တွေက အတော်လေး စိတ်ဆိုး ခဲ့ကြသလို သူငယ်ချင်းတွေ ဖြစ်တဲ့ သရုပ်ဆောင်လပြည့် နဲ့ ဖြိုးရာဇာနိုင် တို့ကလည်း မေမီ့ ဘက်ကနေ ဝန်းရံပေးခဲ့ ကြတာပဲဖြစ်ပါတယ်။

သရုပ်ဆောင် ဖြိုးရာဇာနိုင်ကတော့ သူ့သူငယ်ချင်း မေမီကို ဝေဖန် ရှုံ့ချနေတဲ့ သူတွေကို “သူများသမီးရည်းစားကို သွားပြီး လိုက်တာတွေမလိုက်တာတွေဝေဖန်နေမယ့်အစားကိုယ့်ဘဝလေးကို သာယာ လှပအောင် ကြိုးစားကြပါလား …

ပိုအကျိုးရှိလိမ့်မယ်၊ သူများကိုစိတ်မဝင်စားနဲ့ကိုယ့်ဘဝကိုယ် စိတ် ဝင်စားပါ ” ဆိုတဲ့ စာသားလေးနဲ့အတူ လူမှုကွန်ရက်စာမျက်နှာက နေတဆင့် ပညာသားပါပါ တုံ့ပြန်ခဲ့ပါတယ်။

သရုပ်ဆောင် လပြည့်ကလည်း ဖြိုးရာဇာနိုင်ရဲ့စကားကို ထောက်ခံ ပြီးအကောင့်တုနဲ့တိုက်ခိုက်နေတဲ့သူကို ပြောစရာစကားမရှိလောက် အောင် ရွံမိတယ်လို့ မှတ်ချက် ရေးသားခဲ့တာပဲ ဖြစ်ပါတယ်။

ပရိသတ် တွေကတော့ မေမီကိုကို ဘက်က ဝန်းရံခဲ့ ကြပြီး ဝေဖန်တိုက်ခိုက် တာတွေကို ခေါင်းထဲ မထည့်ဘဲ ကိုယ့်အလုပ်ကို ဆက်လုပ်ဖို့ အတွက် အားပေးစကား ပြောခဲ့ကြတဲ့ အကြောင်းလေးကိုပြန် လည် ဝေမျှ ပေးလိုက် ပါတယ်နော်။ ပရိသတ်ကြီး တို့လည်း တစ်နေ့တာကို ပျော်ရွှင်စွာနဲ့ ဖြတ်သန်း နိုင်ကြပါစေနော်။

Source : Phyo Yarzar Naing

 

Add a Comment

Your email address will not be published. Required fields are marked *