မိခင်အတွက် ခြံအလုပ်လုပ်ပြီး ဂိမ်းစက်ပါရောင်းပစ်ကာ ကားဝယ်ပေးခဲ့တဲ့ ၁၃ နှစ်သားလေး

မိခင်အတွက် ခြံအလုပ်လုပ်ပြီး ဂိမ်းစက်ပါရောင်းပစ်ကာ ကားဝယ်ပေးခဲ့တဲ့ ၁၃ နှစ်သားလေး

ပရိသတ်ကြီး တို့ကိုအခုပြောပြ ပေးသွားမှာ ကတော့ မိခင်အတွက် ခြံအလုပ်လုပ်ပြီး ဂိမ်းစက်ပါ ရောင်းပစ်ကာ ကားဝယ်ပေးခဲ့တဲ့ ၁၃ နှစ်သားလေး ဆိုတဲ့ အကြောင်းလေးပါပဲနော်။

ခက်ခဲတဲ့ အချိန်တွေ ကုန်ဆုံးပြီး ပိုကောင်းတဲ့ ဘဝကို ရရှိဖို့ ဆိုတဲ့ မျှော်လင့်ချက် တွေနဲ့ မိသားစု တစ်စုကတော့ နေရာအသစ် တစ်ခုကို ပြောင်းရွေ့ လာခဲ့ ကြပါတယ် ။ အဲဒီ မိသားစု ကတော့ ခရစ်စတယ်ဂျွန်ပရီစတန် (Krystal June Preston) နဲ့ သူ့ရဲ့က လေး (၃) ဦးတို့ပဲ ဖြစ်ပါတယ်။

နီဗားဒါးပြည်နယ်(Nevada)ကိုသူတို့သားအမိတစ်တွေ ပြောင်း ရွှေ့ပြီးသွားတဲ့ အချိန်မှာလည်း လမ်းပန်းဆက်သွယ်ရေးလည်း အ ဆင်မပြေခဲ့ပါဘူး။ ကိုယ်ပိုင်ကားလည်း မရှိတော့ မ လွယ်ကူခဲ့ဘူးလို့ သိရပါတယ်။

ဒါပေမဲ့ ခရစ်စတယ်က အံ့အားသင့် စရာ တစ်ခုကို ကြုံတွေ့ ခဲ့ရပါတယ်။ သူ့ရဲ့ သားအကြီးဆုံး ဖြစ်တဲ့ ၁၃ နှစ်ကလေးလေးဝီလျံ ပရီစတန်က သူ့ကိုကားတစ်စီးနဲ့ အံ့အားသင့်သွား အောင်လုပ်ခဲ့တာပါ။

ဝီလျံမှာ သူ့ရဲ့ ချစ်လှစွာသော အမေ သွားရလာရတာ အဆင်ပြေဖို့အတွက် ကူညီပေး နိုင်မယ့် အစီအစဉ် ရှိခဲ့တာပါ။ ဝီလျံက တခြားကလေးတွေ လုပ်လေ့လုပ်ထ မရှိတဲ့ အရာ တစ်ခုခုကို လုပ်ပြီး သူ့အမေကို ကူညီပေးဖို့ ကြိုးစား ခဲ့တာပဲ ဖြစ်ပါတယ်။

အဲဒါကတော့ သူ့အမေကားတစ်စီး ရဖို့အတွက် အလုပ်တွေလုပ်နေခဲ့လို့ပါပဲ။ ဝီလျံက သူ့အမေညဆီလာပြီး ” မေမေ သား ကားတစ်စီးဝယ်ခဲ့တယ်”လို့ပြောတော့ သူ့အမေက“ရယ်မောပြီး ဟုတ်လား၊ တကယ်ပေါ့”လို့ မယုံတဲ့ပုံစံနဲ့ ပြောခဲ့ ပါတယ် ။ ဝီလျံကလည်း “မ ဟုတ်ဘူး အမေ သားတကယ် ပြောနေတာ။ လာပါ။ သားတို့ သွားကြည့် ကြမယ်” လို့ ပြောပါတယ်။

အဲဒါနဲ့ သူ့အမေလည်း နည်းနည်း ခေါင်းရှုပ် သွားပြီး “ဘယ်နေရာကို သွားမှာလဲ” လို့တောင် ပြန်ပြီး မေးယူ ခဲ့ရပါတယ်။ ဝီလျံရဲ့အမေလည်း သူ့သားပြောနေတာ တွေကို နားမလည်စွာနဲ့ပဲ သူခေါ်တဲ့နောက်ကို လိုက်သွား ခဲ့ပါတယ်။

အိမ်အပြင်ဘက်ရောက်တော့ အမျိုးသမီးတစ်ဦး စောင့်နေ တာကို တွေ့ခဲ့ရတယ်။ “ဒီအန်တီက ကားမောင်း ပို့ပေးခဲ့တာ၊ ဒါက အမေရဲ့ကားလေး”လို့ ဝီလျံကပြောတော့ ခရစ်စတယ်လည်း မျက်ရည် ကျခဲ့ရပါတယ်။

ဝီလျံနဲ့ ပါလာတဲ့ အမျိုးသမီး ကတော့ ဝီလျံ တို့နေတဲ့ နေရာအနီးနားကပဲ အွန်လိုင်း ပေါ်ကနေ ဈေးသင့်တဲ့ ကားတွေကို ရောင်းနေတဲ့သူပါပဲ။ ဝီလျံက အဲဒီအမျိုးသမီးကို မြင်တွေ့ပြီး သူ့ရဲ့Xbox ဂိမ်း စက်ကို ကားနဲ့ အလဲလှယ် လုပ်ပေးဖို့၊ သူ့အတွက် ခြံအလုပ်တွေလည်း လုပ်ပေးမယ်လို့ တောင်းဆို ခဲ့တာပဲ ဖြစ်ပါတယ်။

အစကတော့ အဲဒီအမျိုးသမီးက ဝီလျံရဲ့ကမ်းလှမ်းချက်ကို ငြင်းခဲ့ပေမဲ့ နောက်ပိုင်းကျတော့ အဲဒီအကြောင်း သေချာ စဉ်းစားပြီး သူ သဘောတူတဲ့ အကြောင်း စာပို့ခဲ့ ပါတယ်။ အဲဒီကတည်းက ဝီလျံက အဲဒီ ကြင်နာတတ်တဲ့ အမျိုးသမီး အတွက် ခြံအလုပ် တွေလုပ်ပေးနေခဲ့တာပါ။

ဝီလျံက ကားအတွက် ငွေပေး ချေတဲ့ အနေနဲ့ Xbox ဂိမ်းစက်ကို ရောင်းပစ် ခဲ့တဲ့အပြင် အဲဒီ အမျိုးသမီး အတွက် အလုပ်လုပ်ပေးခဲ့ပါတယ်။ ခရစ်စတယ်က သူ့ကိုကူညီဖို့ လုပ်ခဲ့တဲ့ သူ့သားရဲ့လုပ်ရပ်အတွက် အရမ်း ဂုဏ်ယူနေတဲ့အပြင် ကျေးဇူးလည်း တင်လို့ မဆုံး ဖြစ်နေ ပါတယ်။

“ကျွန်မရဲ့ သား အတွက် အရမ်း ဂုဏ်ယူ မိပါတယ်။ သားလေးက လိမ္မာပြီး တော်တဲ့ ကလေးလေးပါ။ အသက် ၁၃နှစ်အရွယ်ကလေးလေးက သူ့ရဲ့အမေကို ကားဝယ်ပေးဖို့ အလုပ်လုပ် နေခဲ့တာကို သိရတာ အံ့အားသင့်ရပါတယ်။ ဝီလျံ၊ သားကိုအမေချစ်တယ်၊ ကျေး ဇူးလည်းတင်တယ်။ သားက နှလုံးရည်ပြည့်ဝတဲ့သူပါပဲ” လို့ ခရစ်စတယ်က ပြောပါတယ်။

လူမှုကွန်ယက် အသုံးပြု သူတွေကလည်း ဝီလျံရဲ့ လုပ်ရပ်ကို လေး စားလို့နေပြီး ဝီလျံကို ကူညီ ပေးချင်တဲ့ အတွက် GoFundMe ပေ့ချ်ကိုထောင်ခဲ့ပါတယ်။ GoFundMeကနေ ဝီလျံရဲ့မိသားစုအတွက် ဒေါ်လာ ၁၃၀၀၀ကိုလည်း ရရှိခဲ့ ပါတယ် ဆိုတဲ့အကြောင်းကို ပရိသတ်ကြီးတို့ အတွက် ပြန် လည် မျှဝေ ပါတယ်။

credit