ကလေး အယောက်၄၀ ကျော်ကို မွေးဖွားထားသည့် အမျိုးသမီး
|ကလေး အယောက် ၄၀ ကျော်ကို မွေးဖွား ထားသည့် အမျိုးသမီး
ပရိတ်သတ်ကြီးရေ အခု တစ်ခါ တင်ပြ ပေးချင်တဲ့ သတင်းလေးက တော့ ကလေး အယောက် ၄၀ ကျော် ကို မွေးဖွား ထားသည့် အမျိုး သမီး ဆိုတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။
ဖြစ်စဥ် ကတော့ ယူဂန်ဒါ နိုင်ငံ မှ အမျိုးသမီး တစ်ဦး က တော့ အကြောင်းပြချက် များစွာနဲ့ ကမ္ဘာ့ ကလေး အများဆုံး မွေး နိုင်တဲ့သူအဖြစ် သတ်မှတ်ခံထားရ ပါတယ်။ ပရိတ်သတ်ကြီးရေ ဒီ ကိစ္စကတော့ ကျွန်တော်တို့အနေနဲ့ ယုံကြည်နိုင်ဖို့ရာအတော်လေးကို ခက်ခဲပါတယ်။
ဒါပေမယ့် Mariam Nabatanzi ကတော့ အမှန် တကယ် ကလေး ၄၄ယောက်ကို မွေးဖွားခဲ့သူပါ။ ဒီကိစ္စကဖြစ်နိုင်ပါ့ မလားလို့ သင့်အနေနဲ့မေးကောင်း မေးနိုင်ပါတယ်။ Mariamကတော့ သူ့ရဲ့အသက်၁၃နှစ် အရွယ်မှာပထမဆုံး သားဦး အမွှာကို မွေးဖွား ခဲ့ပါတယ်။သူမဟာအသက် ၁၂နှစ် အရွယ်မှာအိမ်ထောင်ပြုခဲ့တာဖြစ်ပါတယ်။
Mariam ကတော့ နှစ်မြွှာပူး ၄ကြိမ်၊ သုံးမြွှာပူး ၅ကြိမ်နဲ့ လေးမြွှာပူး ၅ကြိမ် အသီးသီး မွေးဖွားခဲ့ပါတယ်။ သူမဟာ ယခုအချိန်မှာတော့ အသက်၄၀ရှိပြီး သူမရဲ့ခင်ပွန်းကတော့ လွန်ခဲ့တဲ့ ၄နှစ် ကထဲက သူမ ဘဝထဲက ထွက်သွားပြီပဲ ဖြစ်ပါတယ်။ သူမက တော့ ယခုအချိန်မှာကလေး ၃၈ယောက်ကို သူမရဲ့လက်အောက်မှာ ပြုစု စောင့်ရှောက်လျက်ရှိပါတယ်။
Mariam ကတော့မိသားစုကို ထောက်ပံ နိုင်ဖို့ တနေ့ကို မတူညီတဲ့ အလုပ်သုံးခု ထိလုပ်ကာ ခက်ခဲစွာ ကြိုးစား ရှာဖွေ လျက် ရှိပါတယ်။ ဒါပေမယ့် သူမကလေးတွေ အားလုံးကိုတော့ ကျောင်းထား ပေးနိုင် ပါတယ်။ “ သူတို့တွေဟာ ချို့ချို့ တဲ့တဲ့ နေနေ ရပေမယ့်၊ အားလုံး ကတော့ ကျောင်းသွား နိုင်ကြ ပါတယ်” ဟု Mariam က ပြောကြားခဲ့ ပါတယ်။
ဒေါက်တာရဲ့ပြောပြချက်အရတော့ Mariamမှာအမှန် တကယ် တော့ကြီးမားလွန်းလှတဲ့ သားအိမ်ရှိပါတယ်။ ကံဆိုးချင်တော့ သူမ သာ ကလေး မွေးတာကို ထိန်းချုပ် လိုက်မယ် ဆိုရင် ကျန်းမာရေး ပြဿနာ တွေကို အစပျိုးသလို ဖြစ်လာမှာပါတဲ့။
ဥပမာတစ်ခု ကတော့ သူမဟာ ၁၈ယောက်မြောက် ကလေးမွေးပြီးတဲ့ အချိန်မှာ သူမ ခံစားနေရတဲ့ ကိုမာရောဂါကို အဆုံးသတ် နိုင်ခဲ့ တာပါ။ Mariam ကတော့ “ အရာ အားလုံးက ခက်ခဲတယ်ဆိုပေမယ့် ဒီကလေးတွေ ကို အကောင်းဆုံး ပြုစု ပျိုးထောင်သွားမှာပါ၊ သူတို့ တွေဟာ ကျွန်မ အတွက်တော့ ဘုရား က ပေးတဲ့ လက် ဆောင်တစ်ခု ပါဘဲ”လို့ Dr, Charles Kiggunduနဲ့ အင် တာဗျူး မှာ ဖြေကြားသွားခဲ့ ပါတယ်။
source : You Know What