နှစ်သစ်နှစ်ဦး အလှူလေး အဖြစ် မေတ္တာမွန်ပရဟိတ ကျောင်းရှိ ဆရာတော် နှင့် ကျောင်းရှိကလေး (၁၀၀) ကျော်ကို တနေ့တာ အာဟာရ ဒါန ပြုလုပ်ခဲ့တဲ့ ခေးလေ

နှစ်သစ်နှစ်ဦး အလှူလေး အဖြစ် မေတ္တာမွန်ပရဟိတ ကျောင်းရှိ ဆရာတော် နှင့် ကျောင်းရှိကလေး (၁၀၀) ကျော်ကို တနေ့တာ အာဟာရ ဒါန ပြုလုပ်ခဲ့တဲ့ ခေးလေး

အရုပ်မလေးမျက်နှာနဲ့ သွယ်လျလှပတဲ့ခန္ဒာကိုယ်သွယ်သွယ်လေး ကြောင့် အလှမယ် တစ်ယောက်ဖြစ်ခဲ့တဲ့ မင်းသမီးချောလေး ခင်ဝင့်ဝါကတော့ အခုချိန်မှာ ပရိတ်သတ်အခိုင်အမာရရှိထားတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

သူမဟာဆိုရင်  ချစ်စရာကောင်းတဲ့ အသံ လေးနဲ့ အမူအရာ လေးတွေကြောင့် ပုရိသ ယောက်ကျားလေးတွေရဲ့ အသည်းကို ပိုင်ဆိုင် ထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။

မင်းသမီးချောလေး ခင်ဝင့်ဝါရဲ့ အောင်မြင်ခဲ့တဲ့ ရုပ်ရှင် ဇာတ်ကားတွေထဲမှ အကယ်ဒမီမင်းသားချော နေတိုးနဲ့တွဲဖက်ပြီးတော့ သရုပ် ဆောင်ခဲ့တဲ့ “တိမ်တိုက်တံတား” ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားကြီး က တော့ ပရိတ်သတ်တွေရဲ့အကြိုက်ကို တွေ့စေခဲ့ကာ အထူးအားပေး မှုကို ရရှိ လာခဲ့တာပဲ ဖြစ်ပါတယ်။

ခင်ဝင့်ဝါက လက်ရှိမှာ လည်းပဲ ကြော်ငြာ ရိုက်ကူးရေး တွေကို အ ဆက်မပြတ် လုပ်ဆောင် နေတာကို တွေ့ရပါတယ်။ အခုတစ်ခါမှာ တော့ မင်းသမီးချောလေးခင်ဝင့်ဝါက” နှစ်သစ် နှစ်ဦး အလှူလေး အဖြစ် မေတ္တာမွန်ပရဟိတ ကျောင်းရှိ ဆရာတော် နှင့် ကျောင်းရှိကလေး အယောက် (၁၀၀) ကျော်ကိုတနေ့တာ အာဟာရဒါန ပြု လုပ်ခဲ့ပါတယ်ရှင့် 🙏🏻။

Lactasoy မှ လည်း Lactasoy ပဲနို့များကို ပါဝင် လှူဒါန်းပေးလို့ကျေးဇူးပါရှင့်🙏ပျော်ရွှင်စရာကောင်းသော နှစ်သစ်ဖြစ်ပါစေလို့ခေး ချစ်ရသူ တစ်ဦး တစ်ယောက် ခြင်းစီ ကို ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင့်🙏🏻”လို့ဆိုကာ မွန်မြတ်တဲ့ ကုသိုလ်လေးတွေကို ပြုလုပ်ခဲ့တာကို မျှဝေ ပေးလိုက် ပါတယ်နော်။

Source; Khin Wint War