မတော်တဆ လက်ထိခိုက် မှုကို ဝိုင်းဝန်းဂရုစိုက်စောင့်ရှော​က်​ပေးကြတဲ့ သူတွေကြောင့် နွေးထွေးမှုမေတ္တာလေးရရှိခဲ့တယ်လို့ဆိုလာတဲ့ ပိုပို

မတော်တဆ လက်ထိခိုက် မှုကို ဝိုင်းဝန်းဂရုစိုက်စောင့်ရှော​က်​ပေးကြတဲ့ သူတွေကြောင့် နွေးထွေးမှုမေတ္တာလေးရရှိခဲ့တယ်လို့ဆိုလာတဲ့ ပိုပို

ပရိတ်သတ် ကြီးရေ အလွမ်း အဆွေး သီချင်းလေး တွေကို သီဆိုလေ့ရှိတဲ့ အဆိုတော်မလေးပိုပို ကိုတော့ အထူးတလည် မိတ်ဆက် ပေးဖို့မလိုလောက်ဘူး ထင်ပါတယ်နော်။

ပိုပိုကတော့ ကိုယ်ပိုင် Studioနဲ့ ခံစားချက် အပြည့်နဲ့သီဆိုတက် ပြီးတော့ သီချင်းကောင်းလေး တွေကို သီဆိုရင်း ဂီတ လောကမှာ အောင်မြင်လာတဲ့ အဆိုတော်တစ်လက်ပဲ ဖြစ်ပါတယ်။

သူမရဲ့ ထွက်ရှိသမျှ သီချင်းတိုင်း ကလည်း ပရိသတ်တွေ ကြားမှာ ရေပန်းစား အောင်မြင်နေတဲ့ သီချင်းတွေပဲ ဖြစ်ပါတယ်။သူမရဲ့ သီ ချင်းအသစ်တွေ ထွက်ရှိလာနိုင်ဖို့ကိုလည်း ကြိုးစားနေတဲ့သူတစ်ဦးဖြစ်ပါတယ်။

သူမ ကတော့ အားလပ်ချိန် လေးမှာလည်း အမှတ် တရ ပုံရိပ်လေးတွေနဲ့ ဗီဒီယိုဖိုင်လေးတွေကို လူမှုကွန်ယက် စာမျက်နှာပေါ်မှာ တင်ပေးလေ့ ရှိပါတယ်။ ဇန်နဝါရီလ(၁)ရက်နေ့မှာတော့ ပိုပိုက” လက် က နည်းနည်းနာတုန်းပါပဲ ဆေးလိမ်း ဆေးဖြန်းနေပါတယ် ဂရုစိုက်ပေးကြတဲ့ အကိုတွေအမတွေ သူငယ်ချင်း မိတ်ဆွေ တွေ မိသားစုတွေ ပရိတ်သတ်တွေ အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

နွေးထွေးမှုကို ခံစားရ ပါတယ်ရှင့်”လို့ ဆိုပြီးတော့ သူမရဲ့ လက်ထိ ခိုက် ဒဏ်ရာ ဖြစ်နေ ချိန်မှာ ဂရုစိုက်မှု တွေကြောင့် နွေးထွေး ရတဲ့ခံစားမှုလေး တွေကို ရရှိခဲ့ရတဲ့ အကြောင်းလေးကို လူမှု ကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလာခဲ့ တာကို ပရိသတ်တွေအတွက် ပြန် လည်ပြီး မျှဝေပေးလိုက် တာဖြစ်ပါတ​ယ်။ Source : ဝတ်ရည်မိုး