အီကွေဒေါတွင် သေဆုံးသွားတဲ့အလောင်းတွေကို ရင်ခွဲရုံမှာထားဖို့ နေရာမရှိတော့လို့ ရေချိုးခန်းထဲတွင် ထပ်ထားရ နှင့် တခြားစိတ်ဝင်စားဖွယ်သတင်းများ

အီကွေဒေါတွင် သေဆုံးသွားတဲ့အလောင်းတွေကို ရင်ခွဲရုံမှာထားဖို့ နေရာမရှိတော့လို့ ရေချိုးခန်းထဲတွင် ထပ်ထားရ နှင့် တခြားစိတ်ဝင်စားဖွယ်သတင်းများ

အီကွေဒေါတွင် သေဆုံးသွားတဲ့အလောင်းတွေကို ရင်ခွဲရုံမှာထားဖို့ နေရာမရှိတော့လို့ ရေချိုးခန်းထဲတွင် ထပ်ထားရ

အီကွေဒေါရှိ Guayaquil မြို့ဟာ Covid-19 ထိန်းချုပ်မှုမှာ အခြေအနေမကောင်းသေးပါဘူး။ အခုအချိန်မှာ အီကွေဒေါမှာ လူ 23000 လောက်ရောဂါကူးစက်ခံထားရပြီး 600 လောက်သေဆုံးခဲ့တယ်လို့ အစိုးရတရားဝင် စာရင်းအရဆိုပါတယ်။

ဆေးရုံတစ်ရုံမှာတော့ အလောင်းတွေဟာ ရင်ခွဲရုံမှာ ထားဖို့နေရာမရှိတာကြောင့် ရေချိုးခန်းထဲမှာ ထပ်ထားရတယ်လို့ဆိုပါတယ်။ အီကွေဒေါကို လက်တင်အမေရိကရဲ့ဝူဟန်လို့ နာမည်ပေးထားကြပါတယ်။ အဓိကပြဿနာက နာရေးကူညီမှုအသင်းတွေက မနိုင်နင်းတာဖြစ်ပါတယ်။

အင်္ဂလန်တွင် အမွှာညီမနှစ်ဦး ကိုဗစ်ကြောင့် ရက်ခြားကွယ်လွန်

အင်္ဂလန်နိုင်ငံ Southampton ရှိ အမွှာညီအမဖြစ်သူ Emma နဲ့ Katy Davis တို့ဟာ Covid-19 ရောဂါနဲ့ 3 ရက်ခြားပြီး ကွယ်လွန်သွားပါတယ်။ အသက် 37 နှစ်ရှိ အမွှာညီအမနှစ်ယောက်ဟာ သူနာပြုတွေဖြစ်ပြီး လူ့လောကကိုအတူလာပြီး အတူပြန်ထွက်မယ်လို့ ပြောလေ့ရှိကြတာ ဖြစ်ပါတယ်။

South Wales မှာလည်း ညီအကိုဖြစ်သူ Ghulam Abbas 59 နှစ်နဲ့ Raza Abbas 54 နှစ်တို့ဟာ နာရီအနည်းငယ်ခြားပြီး ဆေးရုံမှာ ဘေးကပ်လျှက် Covid-19 နဲ့သေဆုံးသွားပါတယ်။ သူတို့ရဲ့အဖေဟာ လွန်ခဲ့တဲ့ 3 ပတ်ကမှ သေဆုံးခဲ့တာဖြစ်ပါတယ်။

တောင်အာဖရိကတွင် lockdown ကာလတွင် ရဲကိုကူညီဖို့ စစ်သား 73000 လောက်ကို စေလွှတ်ဖို့ သမ္မတ အတည်ပြု

တောင်အာဖရိကဟာ lockdown ကာလမှာ ရဲကိုကူညီဖို့ စစ်သား 73000 လောက်ကို စေလွှတ်ဖို့ သမ္မတက အတည်ပြုလိုက်ပါတယ်။ တောင်အာဖရိကမှာ လူတွေဟာ အစားအစာအတွက်ဆိုင်တွေကို ချိုးဖျက်ဝင်ခြင်း၊ လုယက်ခြင်းတွေရှိနေပါတယ်။

အစိုးရကအစားအသောက်ဝေပေးတာရှိနေပေမယ့် ငတ်မွတ်နေတဲ့လူတွေဟာ ရဲက အစားအသောက်မဝေသေးပဲ ​ကြန့်ကြာနေမှုကြောင့် ရဲနဲ့အဓိကရုဏ်း ဖြစ်ပွားမှုတွေရှိနေပါတယ်။ရဲကို ခဲတွေနဲ့ပစ်ပေါက်တာ လမ်းပိတ်ပြီး ကားတာယာမီးရှို့တာတွေရှိနေတာမို့ ရဲကမျက်ရည်ယိုဗုံးတွေ ရာဘာကျည်ဆန်နဲ့ ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။

အာဖရိကနိုင်ငံတွေဟာ Test စစ်နှုန်းနည်းနေတာတောင်မှ ရောဂါပိုးရှိသူ 2 ဆလောက်တိုးပြီးတွေ့နေရပါတယ်။အာဖရိကနိုင်ငံတွေမှာ လူတွေဟာဆင်းရဲကျပ်တည်းမှုနဲ့အတူ စည်းကမ်းမလိုက်နာမှုတွေကြောင့် ရောဂါကူးစက်မှု တိုးပွားလာတာဖြစ်ပါတယ်။

လေးစားစွာဖြင့် Richard Myo Thant အား ခရက်ဒစ်ပေးပါတယ်ခင်ဗျာ