နိုင်ငံတော်က ပေးအပ်ချီးမြှင့်တဲ့ သီရိသုဓမ္မမဏိဇောတဓရ ဘွဲ့တံ ဆိပ်ကို ထပ်မံရရှိ ခဲ့တဲ့ အကယ်ဒမီ ခန့်စည်သူ

နိုင်ငံတော်က ပေးအပ်ချီးမြှင့်တဲ့ သီရိသုဓမ္မမဏိဇောတဓရ ဘွဲ့တံ ဆိပ်ကို ထပ်မံရရှိ ခဲ့တဲ့ အကယ်ဒမီ ခန့်စည်သူ

ပရိတ်သတ်ကြီးရေ မင်းသားချော ခန့်စည်သူ ကတော့ အနု ပညာလောကမှာ နှစ်ပေါင်းသုံးဆယ် နီးပါး ပရိသတ်ရဲ့အားပေးမှုတွေကို အခိုင်အမာ ရရှိထားသူ ဖြစ်ပါတယ်။

ခန့်စည်သူ ကတော့ ကျရာ ဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်နိုင်ပြီးတော့ “အများနှင့်မသက်ဆိုင်သူ”ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အ ကယ်ဒမီဆုကြီး တစ်ခုကို လက်ဝယ် ပိုင်ဆိုင်ထားပြီး အနုပညာမှာ ပါရမီ ထူးချွန်သလို အလှူအတန်းတွေ မှာလည်း ရက်ရောလွန်းတာကြောင့် ကောင်းသတင်းနဲ့ ကျော်စောသူတစ်ယောက် ဖြစ်ပါတယ်။

ခန့်စည်သူ ကတော့ ပရဟိတ လုပ်ငန်း တွေကို တစ်ယောက်ထဲ ပြု လုပ်သလို “မေတ္တာသင်္ဂဟ” ပရဟိတအဖွဲ့ ကို လည်း ဦးဆောင်ပြီး လူမှု အကျိုးပြုလုပ်ငန်းတွေကို လှုပ်ရှားဆောင်ရွက် နေသူတစ်ဦးပဲ ဖြစ်ပါတယ်။

ဒီကနေ့ ဇန်နဝါရီလ(၄)ရက်နေ့မှာတော့ ခန့်စည်သူကို ချစ်ခင်လေး စားကြတဲ့ပရိသတ်တွေကို ဝမ်းသာဂုဏ်ယူစေမယ့် သတင်းကောင်း တစ်ခုကတော့ အကယ်ဒမီ ခန့်စည်သူက နိုင်ငံတော်က ပေးအပ်ချီးမြှင့်တဲ့ သီရိသုဓမ္မမဏိဇောတဓရ ဘွဲ့ကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

သီရိသုဓမ္မမဏိဇောတဓရဘွဲ့ကတော့ သာသနာ့ကျက်သရေဆောင် ပတ္တမြားပမာနှိုင်းယှဉ်အပ်သူ အဆင့်အမြင့်ဆုံး အမျိုးသား ဥပါသိ ကာ (ဒုတိယအဆင့်) လို့မြန်မာလို အဓိပ္ပာယ်ရတာဖြစ်ပြီး ဒီကနှစ်မှာတော့ ခန့်စည်သူကို ပေးအပ်ချီးမြှင့်ခြင်းခံ ရတာပဲ ဖြစ်ပါတယ်။

ခန့်စည်သူ က သီဟ သုဓမ္မ မဏိဇောတဓရဘွဲ့ ကို ပေးအပ်ချီးမြှင့်ခြင်းခံ ထားရသူ ဖြစ်ပြီး ဒီနှစ် (၂၀၂၁)ခုနှစ် မှာတော့ သီရိ သုဓမ္မမဏိဇောတဓရဘွဲ့ကို ထပ်မံရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခန့်စည်သူရဲ့ ဝမ်းသာစရာ သတင်း အတွက် ဂုဏ်ယူနေကြမယ် ထင်ပါတယ်နော်။ Source: MRTV ‘s fb