သူ့တို့ကို ခြေထောက်နဲ့ ကန်တဲ့ ကားပိုင်ရှင်ကို Suprise လုပ်ပေးလိုက်တဲ့ ခွေးလေးတွေ

သူ့တို့ကို ခြေထောက်နဲ့ ကန်တဲ့ ကားပိုင်ရှင်ကို Suprise လုပ်ပေးလိုက်တဲ့ ခွေးလေးတွေ

ပရိတ်သတ်ကြီးရေ အခုတစ်ခါ တင်ပြ ပေးချင်တာ ကတော့ သူ့တို့ကို ခြေထောက်နဲ့ကန်တဲ့ ကားပိုင်ရှင်ကို Suprise လုပ်ပေးလိုက်တဲ့ခွေးလေးတွေ ဆိုတဲ့ အကြောင်းပါ။ ခွေးဆိုတဲ့သတ္တဝါမျိုးက သူတို့ကို ရန်မမူရင် သူတို့ ဘက်ကလည်း ရန်ပြပြီး မမူတတ်တဲ့သူမျိုးဖြစ်ပြီး များသောအားဖြင့် သူတို့ပါသာ သူတို့ အေးအေးဆေးဆေးနေတတ်ကြတဲ့ သူတွေ ဖြစ်ပါတယ်။

အခု ဖြစ်တဲ့ အဖြစ်အပျက်လေး ကတော့ တရုတ်နိုင်ငံ ချုံကင်းမြို့ ရဲ့ ကားပါကင်ထိုးတဲ့ နေရာမှာ ဖြစ်ပွားခဲ့တဲ့ အဖြစ် အပျက်လေးပဲ ဖြစ်ပြီး ကားပိုင်ရှင်က ကားပါကင် နေရာမှာ ကား ထားစရာ နေရာ အများကြီး ရှိပေ မဲ့လဲ ကား ပိုင်ရှင် ကတော့ ခွေးတွေ အိပ်ပျော်နေတဲ့နေရာကို သွားပြီး ကားကို ပါကင်ထိုးခဲ့ပါတယ်။

ခွေးတွေ အိပ်နေတဲ့ နေရာမှာ ကားပါကင် ထိုးခဲ့တဲ့ အပြင် သူတို့ကိုလည်း ကားပိုင်ရှင်က ခြေထောက်နဲ့ ကန်ခဲ့ ပါသေးတယ်။ ဒီလိုမျိုးအပြုအမူ တွေကြောင့် ခွေးတွေ ကလည်း လက်စားချေဖို့ အတွက်အစီအစဉ် ထားထားပုံရပါတယ်။ ကားပိုင်ရှင်က သူလိုချင်တဲ့ ကားပါကင် နေ ရာ ရသွားတဲ့ အခါ ကားကို စိတ်ချလက်ချ ထားသွားခဲ့ ပါတယ်။

အဲ့ဒီ အချိန်မှာ ခွေးတွေ ကတော့ သူ့ရဲ့ ကားကို မှတ်ထာကြပြီး သူတို့ရဲ့ အပေါင်း အပါတွေကို ခေါ်လာကာ ကားကို စတင် တိုက်ခိုက်ကြပါတော့တယ်။ သွားနဲ့ကိုက်လို့ရတဲ့ကားရဲ့ အောက်ခြေကနေရာတွေ၊ အရှေ့မှန်မှာ တပ်ဆင် ထားတဲ့ Wiper တွေကို ကိုက်ဖြတ် ပြီး လက်သည်းတွေ နဲ့ပါ ကုတ်ခြစ် ခဲ့ပါတယ်။

ဒီအဖြစ်အပျက်ကို မြင်တဲ့ အနီးအနားက လူတွေက မှတ်တမ်းတင် ဗီဒီယို တွေ ရိုက်ခဲ့ ကြပြီး အဆိုပါ ခွေးအုပ်စု ကတော့ သာမန် လို မဟုတ်ဘဲ တစ်ခုခုကို ရန်လိုနေတဲ့ ပုံစံ ဖြစ်နေတာကြောင့် သွားပြီးလည်း မမောင်းထုတ် ရဲဘူးလို့ ဆိုပါတယ်။ ဒီခွေးတွေဟာတကယ့်ကို ယဉ်ပါး ပြီး သူတို့ ပြုလုပ် နေတာ ကားပိုင်ရှင် အတွက် ဘယ် လောက် ပျက်စီး ဆုံးရှုံးမှု ရှိနေသလဲ ဆိုတာက အစ သိကြ သလိုပါပဲ။

အဲ့ဒီလူနဲ့ ပတ်သ​တ် ပြီးတော့လည်း တကယ့်ကို အာရုံ စိုက်ထားပုံရပါတယ်။ ပုံတွေကို ကြည့်ခြင်းဖြင့် သူတို့အုပ်စုမှာကားကို ဖျက်ဆီး တဲ့သူက ဖျက်ဆီးပြီး တစ်ယောက်ယောက် ရောက်လာမှာကိုလည်း စောင့်ကြည့်တဲ့ သူက စောင့်ကြည့်နေပါတယ်။ ကားပိုင်ရှင် ပြန်လာတဲ့အခါမှာတော့ လုံးဝကို မယုံကြည်နိုင် လောက်အောင် ဖြစ်သွားခဲ့ပါတယ်။ ခွေးတွေ ကတော့ သူ့တို့ကို ခြေထောက်နဲ့ ကန်ခဲ့တဲ့ ကားပိုင်ရှင် ကို တော့ လုံးဝကို Suprise လုပ်ပေး လိုက်တာပါ။

source: dailicy news

Tags:

Add a Comment

Your email address will not be published. Required fields are marked *