ဆွမ်းစား ခက် နေတဲ့ ဆင်ခြေဖုံး ရပ်ကွက်ကဘုန်းကြီးကျောင်း တွေကို ဆွမ်းရိက္ခာများနဲ့ ဝတ္ထုငွေ ကပ်လှူ ခဲ့တဲ့ ခိုင်သင်းကြည်တို့ ဇနီးမောင်နှံ

ဆွမ်းစား ခက် နေတဲ့ ဆင်ခြေဖုံး ရပ်ကွက် က ဘုန်းကြီးကျောင်း တွေကိုဆွမ်း ရိက္ခာများနဲ့ ဝတ္ထုငွေ ကပ်လှူခဲ့တဲ့ ခိုင်သင်းကြည်တို့ ဇနီးမောင်နှံ

ပရိတ်သတ်ကြီးရေ မင်းသမီးချော ခိုင်သင်းကြည် က တော့ လွန်ခဲ့တဲ့ (၂၅) နှစ် ပတ်ဝန်းကျင် ကတည်းက ပြက္ခဒိန် ကြော်ငြာတွေမှာ နေရာ ယူထား နိုင်ခဲ့ပြီး ဒီနေ့ ဒီအချိန် ထိ အောင်မြင် နေဆဲ အနုပ ညာရှင် တစ်ယောက်ပဲ ဖြစ်ပြီး ပရိတ်သတ် အားပေး မှုကို အခိုင် အမာ ပါတယ်။

သရုပ်ဆောင်မှု ပီပြင်လွန်းတာ ကြောင့်လဲ အကယ်ဒမီ ဆုကြီး (၂) ဆုကို လက်ဝယ် ပိုင်ဆိုင် ထားတဲ့ ခိုင်သင်းကြည် ကတော့ သူမရဲ့ တစ်ဦးတည်းသော သမီးလေးဖြစ်တဲ့ စံထိပ်ထားဦး ကိုလည်း အနု ပညာ အမွေတွေကို လက်ဆင့် ကမ်းထား နိုင်သူ တစ်ယောက် ဖြစ်ပါတယ်။

ပရိသတ် တွေကလည်း ခိုင်သင်းကြည် ကိုချစ်သလို စံထိပ်ထားဦး ကိုလည်း ချစ်ခင်စွာနဲ့ အားပေးကြပါတယ်။ အလှူရေစက် လက်နဲ့မကွာ လှူဒါန်းနေတဲ့ ခိုင်သင်းကြည်က မနေ့ကဇန်နဝါရီလ (၂)  ရက်နေ့ မှာလည်းပဲ ဆင်ခြေဖုံး ရပ်ကွက်က ဘုန်းကြီး ကျောင်း တွေကို လိုက်လံ လှူဒါန်းခဲ့ကြောင်း အခုလိုပဲ ပြောပြ လာပါတယ်။

ခိုင်သင်းကြည် က“ဒီနေ့လက်ဆောင်ရတဲ့ ဆီဗူး, Vitamin C အချိုရည်ဗူး, ကော်ဖီထုပ်တွေကို ကိုယ်လည်းတခါမှကို မရောက်ဖူး သေးတဲ့ မြို့ပြင် နားက ဘုန်းဘုန်းကြီး ကျောင်းတွေကို လိုက် ရှာပြီး လှူဒါန်း ခဲ့ပါတယ်ရှင့် 🙏 အလှူငွေ ၅သောင်း စီကိုလည်း ကပ်လှူ ပူဇော် ခဲ့ပါတယ်🙏🙏🙏” ဆိုပြီး သူမရဲ့ အလှူလေးကို ပြောပြလာပါတယ်။

ခိုင်သင်းကြည် ကတော့ သူမရဲ့နှစ်သစ်ကို ကောင်းမှု ကုသိုလ် တွေကိုပြုလုပ်ရင်း ဖြတ်သန်းခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခိုင်သင်းကြည်တို့ မိသားစုရဲ့ကုသိုလ် လေးကို ဝမ်းမြောက်စွာ သာ ဓု ခေါ်ဆို ပေးကြ ပါဦးနော်။

Source: KHINE THIN KYI’s fb