ပလာတာတစ်ချက် မြန်မာငွေ ၁၅ သိန်းပေးစားခဲ့ရတဲ့ စင်ကာပူက အဖြစ်ပျက်

ပလာတာတစ်ချက် မြန်မာငွေ ၁၅ သိန်းပေးစားခဲ့ရတဲ့ စင်ကာပူက အဖြစ်ပျက်

မင်္ဂလာပါ စာဖတ်သူတို့ ခင်ဗျာ…ပလတာ တချက်ကို မြန်မာငွေ ၁၅ သိန်းခန့် ပေးပြီး စားရတယ် ဆိုရင် အံ့သြနေမလားပဲနော်…အမှန်တကယ်ပဲ ပလာတာတစ်ချက်ကို ၁၅ သိန်း ပေးပြီး စားခဲ့ရသူရှိပါတယ် သူကတော့ စင်ကာပူက အသက် 22 အရွယ်ရှိ Tay Chun Hsien ဆိုတဲ့ လူငယ်လေးပဲ ဖြစ်ပါတယ်

ပလာတာ ၁၅ သိန်းပေးပြီး စားရတဲ့ဇာတ်လမ်းက ဒီလိုပါ…Tay Chun Hsin ဟာ ကိုဗစ်ရောဂါနှင့် ပတ်သက်ပြီး အိမ်မှာ quarantine အမိန့်နဲ့ နေနေရတာဖြစ်ပါတယ်…သူဟာ quarantine အချိန်ပြည့်ဖို့ မိနစ် ၃၀ အလိုမှာ mask တပ်ပြီး အိမ်ကနေ မီတာ 550 အကွာမှာရှိတဲ့ ဆိုင်မှာ

ပလာတာ သွားစားခဲ့ပါတယ်…ကံဆိုးစွာနဲ့ သူစားနေချိန်မှာပဲ စင်ကာပူ အစိုးရက အိမ်မှာ ရှိမရှိ video call ခေါ်ခဲ့ပါတယ်…သူဟာ အဲ့အချိန်မှာ ပလာတာ စားလက်စတန်းလန်းကြီးပါ… Tay Chun Hsien ဟာ video call ခေါ်ပြီဆိုတာနဲ့ အိမ်ကိုအမြန်ပြန်ပြေးခဲ့ပါတယ် …ဒါပေမယ့် မလွှတ်ခဲ့ပါဘူး…

စင်ကာပူအစိုးရက သူဟာ quarantine ကာလာမှာ အိမ်မှာရှိမနေလို့ $1500 ဒဏ်ငွေရိုက်လိုက်ပါတယ် … ဒါ့ကြောင့် သူစားခဲ့ရတဲ့ ပလာတာတချက်ဟာ $1500 တန် ပလာတာလို့ ဆိုရမလိုပါပဲနော်…ဒီအဖြစ်ပျက်လေးမှာ သူတို့နိုင်ငံရဲ့ တရားဥပဒေ စိုးမိုးမှု့ကတော့ လေးစား အားကျဖွယ်ပါပဲနော်…

ref:Richard Myo Thant/29-April-2020/ Edit Writer By Myanmar Update News