အားကျစရာ အချစ်ရေးကို ချပြလာတဲ့ မင်းသမီးချောလေး မြိုင် (ခေါ်) မေမီကိုကို

အားကျစရာ အချစ်ရေးကို ချပြလာတဲ့ မင်းသမီးချောလေး မြိုင် (ခေါ်) မေမီကိုကို

မင်္ဂလာပါ ပရိသတ်ကြီးရေ အခု ဖော်ပြပေးမှာကတော့ MRTV-4 ရဲ့ မင်းသမီးချောလေး ပရိသတ်ရဲ့ အချစ်တော် ” မြိုင် (ခေါ်) မေမီကိုကိုရဲ့ အချစ်ရေးလေးအကြောင်းပဲ ဖြစ်ပါတယ်။ မင်းသမီးချောလေး မေမီ ကတော့ MRTV-4 ရဲ့ နာမည်ကြီး ဇာတ်လမ်းတွဲဖြစ်တဲ့ ”ပျားရည်အိုင် ”ဇာတ်လမ်းလေးမှာစတင် သရုပ်ဆောင် ခဲ့ပြီး ပီပြင်တဲ့ သရုပ်ဆောင်မှုများကြောင့် တစ်ကားထဲ နဲ့တင် ပရိ သတ်တွေရဲ့အချစ်ကို အပြည့်အဝ ရရှိခဲ့သူ တစ်ယောက်ပါ။

အဲ့ဒီ ဇာတ်လမ်းတွဲလေး ပြီးကတည်းက ” မြိုင် ”လို့ပဲ အမည်တွင်ခဲ့ပြီးယနေ့အချိန်ထိကို မြိုင်လို့ပဲသိကြပါသေးတယ်။ မေမီကတော့ သူ့ရဲ့အချစ်ရေးကို သူကိုယ်တိုင် ချပြလာခဲ့တာဖြစ်ပြီး သူ့ရဲ့ချစ်သူကတော့အမေရိကန်နိုင်ငံက မြန်မာဆရာဝန် ဒေါက်တာ ကျော်ဇော်ဟိန်းပါ ။ သူတို့ ချစ်သူနှစ်ဦးဟာ တွဲလာတာ ၁နှစ် မပြည့် သေးပါဘူး။ ဒါပေမယ့် မေမီရဲ့သူငယ်ချင်းတွေ အပါ အဝင် ပရိသတ်တွေကပါ အကျနေရတဲ့ အချစ်ရေးလေးပါ။

သူငယ်ချင်းဖြိုးရာဇာနိုင်ကလည်း ဟိတ် Congratulations သူငယ်ချင်းနဲ့ Drရေ ဆိုပြီးလည်း ဂုဏ်ပြုစကား ပြောလာပါသေးတယ်။ ဒေါက်တာ ကလည်း အေးဆေး တည် ငြိမ် ပြီးတော့ မေမီ ကို နားလည်မှု အပြည့် ပေးနိုင်ပြီး သူတို့ ချစ်သူ နှစ် ဦးဟာ တစ်ယောက်နဲ့တစ်ယောက် ယုံကြည် မှုနဲ့ သာယာ ပျော်ရွှင်တဲ့ အချစ်ရေး လေးကို တည်ဆောက် နေကြတာပါ။

ချစ် ပရိသတ်ကြီး ကလည်း မေမီကိုကိုနဲ့ ဒေါက်တာ တို့ကို ချစ်ခင်သဘောကျတယ်ဆိုရင် မှတ်ချက်လေးတွေ ရေးသားပေးခဲ့ကြပါဦးနော်။ ပရိသတ်ကြီးအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်မာချမ်းသာကြပြီး သာယာပျော်ရွှင်တဲ့ နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက် ပါတယ်။ Source:May Mi Ko Ko

Add a Comment

Your email address will not be published. Required fields are marked *