ရဲမဖမ်းနိုင်သော သူခိုးအား ပိုင်ရှင်၏တူမမှ ဖေ့ဘွတ်အကျိုးကျေးဇူးဖြင့် ဖမ်းပြလိုက်တဲ့ လက်ပံတန်းက ဖောက်ထွင်းမှု့

ဗွီဒီယို Call မကိုင်တတ်သောသူခိုးအား ပုဒ်မ ၁၄၄ ကာလတွင်ပိုင်ရှင်မှ ဖော်ထုတ်လိုက်သော ဖောက်ထွင်းခိုးမှုကြီး

လက်ပံတန်း ဧပြီ ၂၉- ဖြစ်စဉ်မှာပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် မအူကုန်းရပ်ကွက် ဘောလုံးကွင်း ၄ လမ်းနေ ဦးဖိုးရှမ်း+ဒေါ်မြင့်မြင်ကြည် နေအိမ်ကို ၂၇.၄.၂၀၂၀ ည (၂)နာရီခန့်အချိန်တွင် အိမ်အတွင်းရှိ ဘီရိုအတွင်း၌ သိမ်း ဆ ည်းထားသော ရွှေလက်ဝတ် လက်စား (နဝရတ်လက်စွပ်နှင့် ဆွဲကြိုး) များနှင့်

အခြားသော စိန်လက်စွပ်တို့အပါအဝင် ငွေ သား( ) ခန့်အပြင် အိမ်ရှင်ဒေါ်မြင့်မြင်ကြည် ၏ဖုန်း နှင့် သူ၏သားမက်ဖုန်းတို့ကိုပါ ခိုးယူသွားခဲ့ပါသည်။ ထိုကိစ္စနှင့်ပတ်သတ်ပြီး လက် ပံတန်းရဲစခန်းမှအပိုင်နယ်ထိန်းနှင့်အဖွဲ့ရောက်ရှိလာပြီး ထိုအိမ်တွင် မည်သို့အခိုးခံရသည်ကို ရဲလုပ်ထုံးလုပ်နည်းများအရ လုပ်ဆောင်စစ်ဆေးပြီး

ထိုအခင်းဖြစ်ရာ ရပ်ကွက်အတွင်း၌ နေထိုင်သော ခိုးမှုဖြင့်အချုပ်ကျခံခဲ့ဖူးသော (……..)အား ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်ပြီး ထိုမသင်္ကာသူ(….)အား ပြန်လွှတ်ပေးလိုက်ပါသည်။ ထိုကိစ္စနှင့်ပတ်သတ်ပြီး အိမ်ရှင်မိသားစုမှ မကျေနပ်၍ ရဲအားထိထိရောက်ရောက် စစ်ဆေးပေးရန်ပြောသောအခါရဲဖြစ်သူမှ”အခုကိစ္စတွင်

မိမိတို့ရဲများအနေ ဖြင့်မသင်္ကာသူတရားခံကို ရိုက်နှက်မေးလို့မရကြောင်းနှင့် ယခုလိုခိုးမှုများသည်လည်း ၁၀၀မှ ၇၀ လောက်က မပေါ်ပေါက်ကြောင်း”ကိုအားရှိစရာပြောပြပါသည်။ ထိုသို့ဖြစ်ပွားပြီးနောက် ၂၇.၄.၂၀၂၀ နေ့ညတွင် အခိုးခံလိုက်ရသောမမြင့်မြင့်ကြည်ဖုန်းရှိ facebook account မှ သူမ၏တူမဖြစ်သူ၏

Facebook messenger သို့ hiဟူသော message ရောက် လာပြီး ၂၈.၄.၂၀၂၀ နေ့တွင် မမြင့်မြင့်ကြည်၏တူမမှ ပြန် လည်စာပို့၍ သူခိုးဖြစ်သူအား facebook messengerမှ video callခေါ် ကြည့်လိုက်သောအခါ အစမှာ သူခိုးဖြစ်သူမှာမကိုင်တတ်သဖြင့် မကိုင်ပဲနေပြီး “”ဘယ်လိုကိုင်ရမလဲ””ဟု စာပြန်ပို့ပါသည် –

ထိုအခါ မမြင့်မြင့်ကြည်၏ တူမဖြစ်သူမှ “အဲ့ဒီ့မှာပေါ်နေသော အစိမ်းခလုတ်လေးကို နှိပ်လိုက်ဟုပြောပြီး ဒုတိယအကြိမ်video call ခေါကြည့် လိုက်သောအခါ သူခိုး၏ မျက် နှာပေါ်လာရာ (ပုံပါအတိုင်း) screenshotရိုက် မှတ်သားထားပြီးနောက် လက်ပံတန်းရဲ စခန်းသို့ သွားရောက်ပြီး သူခိုးဖြစ်သူ၏ပုံကိုပြရာမှ

ယခုသူ ခိုးအား ဖမ်းဆီးဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်- သန်းမြတ်စိုး(လက်ပံတန်းသား)လေးစားစွဖြင့် ခရက်ဒစ်ပေးပါတယ်