၂၀၂၀ ကဘဝမှာ ဘယ်ဟာ အမှားလဲ ဘယ်ဟာအမှန်လဲ ဆိုတာကို သိသိရက်ကြီးနဲ့ မပြင်ဆင်နိုင် ခဲ့တဲ့ အချိန်တွေရှိခဲ့တယ် ဆိုတဲ့ သစဥ်မောင်

ဒီနှစ် ၂၀၂၀ ဘဝမှာ ဘယ်ဟာ အမှားလဲ ဘယ်ဟာအမှန်လဲ ဆိုတာကို သိသိရက်ကြီးနဲ့ မ ပြင်ဆင်နိုင် ခဲ့တဲ့ အချိန်တွေရှိခဲ့တယ် ဆိုတဲ့ သစဥ်မောင်

ပရိတ်သတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချောလေး သံစဉ်မောင်ကတော့ ဗီဒီယို ဇာတ်ကားများတွင် ပါဝင် သရုပ်ဆောင် ရာမှ တစ် ဆင့် ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှု တွေကို ရရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။

အစ်မဖြစ်သူဘေဘီမောင်နဲ့အတူ အနုပညာအလုပ်တွေကို အတူတူ လုပ်ကိုင်နေတာလည်းဖြစ်ပါတယ်။ သူမကတော့New Yearညလေးကိုချစ်ရတဲ့သူတွေနဲ့အတူ ပျော်ပျော်ပါးပါးဖြတ်သန်း ကုန်ဆုံးခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင်သူမရဲ့Facebook Story မှာလည်း ၂၀၂၀ ခုနှစ်အတွင်းနောင် တ အရဆုံး အကြောင်းအရာ တွေကို ရင်ဖွင့် ပြောပြ လာတာပဲ ဖြစ်ပါတယ်။

ဒီနှစ် ၂၀၂၀ဘဝမှာ ဘယ်ဟာ အမှားလဲ ဘယ်ဟာအမှန်လဲ ဆိုတာကို သိသိရက်ကြီးနဲ့ မပြင်ဆင်နိုင် ခဲ့တဲ့ အချိန်တွေ ရှိခဲ့တယ် ဘာကိုနောင်တ အရ ဆုံး လဲလို့ မေးလာ ခဲ့ရင်တော့ ကိုယ်ရဲ့ မိုက်မဲ မှုတွေ အမှားအယွင်းတွေကို နောင်တအရဆုံးပေါ့

ကိုယ့်ကိုချစ်တဲ့သူတွေ နာကျင်စေရတာကိုယ်ကို့ချစ်တဲ့သူ ကိုယ်ကချစ်တဲ့သူကိုယ်ကြောင့် မျက်ရည် ကျနေတာကို မြင်ရတာ ကိုယ်အ တွက်တကယ်ကို ပင်ပန်းခက်ခဲ့ ခဲ့တဲ့နှစ်ရယ်ပါ

စိတ်ညစ်စေခဲ့တဲ့ အရာတွေ ကိုယ့်ကို ရင့်ကျက် စေခဲ့ တာတွေ လူတချို့ရယ် အကြောင်းတွေ တချို့ တချို့သော ဒုက္ခဆင်းရဲတွေ ဒါတွေက လူတိုင်း ကြုံတွေ့ရတာ မှန်ပေ့မယ် ကိုယ့်အတွက်တော့ တ ပြိုင်နက် ထဲလို ဖြစ်လာ ခဲ့တယ် နှုတ်ဆက် ပါတယ် အကောင်းဆုံးတွေအကောင်းဆုံးတွေနဲ့ အကောင်းဆုံး တွေးရင်း ဖြတ်သန်း လာခဲ့တာဖြစ်တဲ့ အတွက် ဒီ၂၀၂၀ကတော့နာကျင်စေတဲ့နှစ်ဆိုရင်တောင်မှ ကိုယ့်ကိုရင့်ကျက်စေတဲ့ နှစ်ဆိုရင်လည်း မမှားပါဘူး

အများကြီး မပြောင်းလဲ နိုင်သေးရင်တောင် နဲနဲစီစပြီးပြောင်းလဲနေပါတယ် အခုလာမယ့် ၂၀၂၁မနှစ်က အမှားတွေကို အများကြီးပြင် ဆင် ထားတာ ဖြစ်တဲ့ အတွက် ဒီနှစ် မှာ အများကြီး ပိုကောင်း နေမယ်လို့ မျှော်လင့်ပါတယ်

အနည်းဆုံးတော့ ကိုယ့်ကို ချစ်တဲ့ သူတွေ ကိုယ့်က ချစ်တဲ့ သူတွေ ကိုယ်ကြောင့် မျက်ရည်ကျရ တာမျိုး ထပ်မရှိတော့ ဘူးပေါ့ ကိုယ်ဘဝ အတွက် ကိုယ်ကြိုးစား နေမယ် ကိုယ့်ကိုချစ်တဲ့သူတွေအများကြီးအတွက် ဒီထက်ပိုရင့်ကျက်ပြီးတော့လိမ္မာတဲ့ သံစဉ်မောင် ဖြစ်ဖို့အတွက် ကြိုးစားပါ့မယ်

ဒီအချိန်မှာ ချစ်ခြင်း မေတ္တာ ဆိုရင် ၅၂၈ က ပိုပြီး အေးမြ တယ်လို့ ကိုယ် ယူဆတယ် ၅၂၈ မေတ္တာ တွေနဲ့ လူတွေအများကြီးဆီက ပို လိုချင် ပါတယ် စစ်မှန်တဲ့ သူငယ်ချင်းတွေ စစ်မှန်တဲ့ညီအမတွေ စစ်မှန်တဲ့မိတ်ဆွေတွေ စစ်မှန်တဲ့ ဆွေမျိုး သားချင်းတွေ စစ်မှန်တဲ့ လူတွေပဲကိုယ့် ဘေးနားမှာရှိနေမယ်လို့ မျှော်လင့်ပါတယ် အတုအ ယောင်တွေ ကတော့၂၀၂၀ မှာ နှုတ်ဆက် ခဲ့ပြီဖြစ်လို့ပါ ရေးသား ထား တာကို ပရိတ်သတ်ကြီး အတွက် ပြန်လည် မျှဝေ ပေးလိုက်ရ ပါတယ်။ source : Than Sin Maung