အိုလာရင် သားသမီးတွေ ပယ်တာခံရတာပါပဲဆိုတဲ့ အသက်၇၇နှစ်အရွယ် ဆိုက်ကားဆရာ အဘိုးအိုရဲ့ရင်နာစရာ အဖြစ်

အိုလာရင် သားသမီးတွေ ပယ်တာခံရတာပါပဲဆိုတဲ့ အသက်၇၇နှစ်အရွယ် ဆိုက်ကားဆရာ အဘိုးအိုရဲ့ရင်နာစရာ အဖြစ်

ပရိတ်သတ်ကြီးရေ အခုတစ်ခါ တင်ပြပေးချင်တာကတော့ အိုလာရင် သားသမီးတွေ ပယ်တာခံရတာပါပဲဆိုတဲ့အသက်၇၇နှစ်အရွယ် ဆိုက်ကားဆရာ အဘိုးအိုရဲ့ ရင်နာစရာအဖြစ်လေးပဲ ဖြစ်ပါတယ်။

အဖြစ်ပျက်လေးက စာရေးသူကကားပေါ်ကဆင်းဆင်းချင်ပဲ ဆိုက် ကားဆရာ တချို့ရောက်လာပြီး သန်မြန်တဲ့လူတွေမို့ အတင်တိုးဝှေ့ပြီး သူ့ထက်ငါဦးအောင် မေးကြပါတယ်။ အကိုဘယ်ကိုသွားမှာလဲဘယ်ပို့ပေးရမလဲပေါ့ ကျနော့်မှာကလဲ ပစ္စည်းက များများ စားစားသယ်စရာပါမလာတော့ ကျနော် ဆိုက်ကားမငှားတော့ပါဘူး။အကိုတို့လို့ ပြောလိုက်ပါတယ်။ ကိုကလဲ မြို့သား မဟုတ်တော့ တော်ယုံအထုပ်နဲ့ တော်ယုံ ခရီးဆို ကိုယ်တိုင် ထမ်းပြီး လမ်းလျောက် လေ့ရှိတယ်။ ဒါနဲ့ ဆိုက်ကားဆရာ တွေက လူစုခွဲပြီး နောက်ဆုတ် သွားမှ နောက် ကနေတဲ့ အဖိုးအို တယောက်ကို မြင်လိုက် ရတယ် ငါ့တူလေးဘယ်ကို သွားမှာလဲ ဦးလေးရဲ့ ဆိုက်ကားနဲ့ လိုက်ပို့ပေး ပါရ စေတဲ့မေးတဲ့ ပုံကလဲ တခြား ဆိုက်ကားဆရာတွေနဲ့ မတူ ပါဘူးဗျ တခြား ဆိုက်ကား ဆရာတွေ ကဆို ဆိုက်ကားခေါ်မလား ဘာညာ မေးတယ်အခု ဒီအဖိုးအို ကတော့ ဦးလေး ဆိုက်ကားနဲ့ လိုက်ပို့ ပါရစေတဲ့ ကျနော်လဲ ဘာမှ စဉ်းစား မနေတော့ပဲ ဟုတ်ကဲ့ လိုက်ပို့ပါ ဥိးလေးဆိုပြီးပြောလိုက်တယ်။

တခြား ဆိုက်ကားဆရာတွေ ကတောင် နောက်ကနေ တီးတိုးဝေဖန်သံကို ကြားလိုက်မိပါတယ်။ ဒီကောင် အရူး စိတ်မမှန်ဘူး ဆိုပဲ အဲ့လိုနဲ့ ကျနော်တို့ ဆိုက်ကားနဲ့ ထွက်လာ ကြရင်း ကျနော်က နဲနဲ စပ်စုကြည့်တယ် ဦးလေး ဦးလေးမှာ သားသမီး မရှိဘူးလားမေးတော့ ရှိတာပေါ့ငါ့တူရယ် အကြီးကောင်ကရဲထဲမှာ ဒုရဲအုပ် အလတ်မ ကကျောင်းအုပ်ဆရာမအငယ်ဆုံးသားလေးကတော့မှန်လုံကားမောင်းတယ်။ ဦးလေးနဲ့ရောအတူမနေကြတာလား ဆိုတော့ မဟုတ်ပါဘူးသူတို့ အိမ်ထောင်တွေနဲ့ပါ သူတို့ကတာဝန်ကျရာနယ်တွေမှာပါ တဲ့ဒါဆို ဦးလေးတို့က အဖိုး အဖွား၂ ယောက်ထဲပဲ နေရတာပေါ့ နော် ဆိုတော့မဟုတ်ပါဘူး ဦးလေးတယောက်ထဲနေတာပါဦးလေးရဲ့မိန်း မကဆုံးသွားပြီကွယ်။ ဘာလို့ သားသမီး တွေနဲ့ လိုက် မနေတာလဲ ဦးလေးလို့ ကျနော်က ထပ်မေးလိုက် ပါတယ် ။ နေချင် တာပေါ့ ငါ့တူရယ် နေလဲ နေပြီး ပါပြီ မိဘတွေ အိုလာရင် သားသမီး တွေကပယ် ထားကြတာ တစ်ကယ်တော့ မိဘ ဆိုတာ အိုပယ် တွေပါ တဲ့ကျနော်အရမ်းစိတ်မကောင်း ဖြစ်သွားတယ် ရင်ထဲမှာ ဆို့တက်လာလို့ဘာမှ ဆက်မမေးနိုင်တော့ပါဘူး ကျနော်သွားမဲ့လမ်းဆုံးရောက်တော့မှ မနဲကို အသံ ထွက်ပြီး မေးလိုက် ရတယ် ဦးလေးရေ ဘယ် လောက်ကျလဲဗျ ဆိုတော့ ၅၀၀ ပါငါ့တူတဲ့ ကျနော်ကအိပ်ထဲကနေ ၁၀၀၀၀ တန်၂ရွက်ကို ထုပ်ပေး လိုက်တယ် မယုံနိုင် သလို အံ့သြတဲ့အကြည့်တွေနဲ့ ကျနော်ကို ပြန်ပြောတယ် ၅၀၀ ပဲကျတာလေ ငါ့တူတဲ့ ဟုတ်ပါတယ်။

ကျန်တဲ့ပိုက်ဆံကို ဦးလေးကို ကျနော်က ကန်တော့ တာပါ ဆိုတော့တုင်တုန် ယင်ယင် လက်တွေနဲ့ လှမ်းယူ လိုက်ပါတယ်။ ဆုတွေ လဲမဆုံးနိုင်အောင် ပေးနေပါတော့တယ်နောက်ထပ် ၅လလောက် ရှိလို့ကျနော်က အဲ့ဒီဆိုက်ကားဂိတ်ကို ပြန်ရောက်တော့ ဒီဂိတ်က ဆိုက် ကားဆရာ ဦးလေးကြီးရောလို့အနားက ကွမ်းယာဆိုင်ကိုမေးကြည့်တော့အခုဆောင်း အဝင်လွန်ခဲ့တဲ့ တလ ကပဲ သူ့ရဲ့ တဲအိမ်လေးထဲမှာ တယောက်ထဲဆုံးသွားပြီး ၃ရက်လောက် နေမှ ရပ်ကွက် က သိတယ်တဲ့ဗျာ။ နောင်ဘဝတွေမှာ အခုလို အဖြစ်မျိုးနဲ့ မကြုံရ ပါစေနဲ့ဦးလေးရယ်လို့ ဆုတောင်းပေးရုံက လွဲပြီး ကျနော် ဘာများတတ် နိုင်တော့မှာလဲဗျာ ဘယ်သူမှအပြစ်မတင်လိုပါ ဘဝကံကြွေးကို ခုရွယ်ထိပေးဆပ် နေရတဲ့အသက်(၇၇)နှစ်အရွယ် ရှိပြီ ဖြစ်တဲ့ အဖိုးအိုတယောက်ရဲ့ ဝမ်းစာရေးကို ပင်ပန်းကြီး စွာ လုပ်ကိုင် နေရတာတွေ့လို့တတ်နိုင် သလောက်လေး အကူညီပေးခဲ့မိ ပါတယ် သံဝေဂ ရစရာပါ မိဘတယောက်က သားသမီး များစွာကို ပြုစု လုပ်ကြွေးနိုင်ပေမဲ့ သားသမီးတစုက အတုံ့အလှည့် မပြန်နိုင်ကြတာက အင်မ တန်ကိုဝမ်းနည်းစရာတခုပါ သူ့ကံနဲ့ သူတော့ မှန်ပါတယ် တန်ဖိုးအ လွန်ကြီးမားတဲ့ မိဘနှစ်ပါးကိုတော့ မသေခင် တတ်နိုင် သလောက် ကိုယ် အငါတ် ခံပြီးပြုစု လုပ်ကြွေးကာ မိဘကျေးဇူးတရားတွေကိုဆပ်ပေးကြပါလို့လူငယ် များစွာကိုတိုက်တွန်းလိုက်ပါရစေခင်ဗျာ။Credit tartay