ဒီခေတ်ကြီးထဲမှာ မရှိသလောက် ရှားတဲ့ ပဲခူးမြို့က ရေခဲတိုက်အလုပ်သမား

ဒီခေတ်ကြီးထဲမှာ မရှိသလောက် ရှားတဲ့ ပဲခူးမြို့က ရေခဲတိုက်ကအလုပ်သမား

ပရိတ်သတ်ကြီးရေ အခုတစ်ခါ ပြောပြပေးမှာကတော့ ဒီခေတ်ကြီးထဲမှာ မရှိသလောက်ရှားတဲ့ ပဲခူးမြို့ကရေခဲတိုက်က အလုပ်သမားရဲ့ လေးစားဖွယ် စိတ်ထားလေး အကြောင်းပဲ ဖြစ်ပါတယ်။

ဖြစ်စဥ်ကတော့ ပဲခူး ပြည်သူ့ဆေးရုံကြီးမှာ ဆေး ကုသမှု ခံယူရင်းပျံလွန်တော်မူ သွားသော ဥူးဇင်း တစ်ပါးအား ပဲခူး ဆေးရုံကြီးရေ ခဲတိုက်သို့ ပို့ဆောင်ရာတွင် ရေခဲတိုက်တာဝန်ခံ ဗိုက်ကလေးမှ ဥူးဇင်း သင်္ဃန်းထဲတွင် ပါလာသော ပစ္စည်းများဖြစ်သည့်

(၁) ရွှေဆွဲကြိုးလောကတ်သီးပါ (၁)ကျပ်သားခန့်တစ်ကုံး(ခန့်မှန်းအလေးချိန်)
(၂) လက်စွပ် (၂) ကွင်း (အလေးချိန်မသိ)
(၃) နားကပ် (၁) ရံ (အလေးချိန်မသိ)
(၄) ငွေသား (၁) သိန်း (၅) သောင်း (၇၀) ကျပ်
(၅) ယ္ခုလထီလက်မှတ် (၁)အုပ် တို့အား ရှာဖွေ တွေ့ရှိခဲ့သည်။

ရေခဲတိုက်တာဝန်ခံ ဗိုက်ကလေးက တာဝန်သိတတ်စွာဖြင့် သေဆုံးသူ ဥူးဇင်း၏သား/သ္မီးများဖြစ်သည့် မြေတိုင်း(၁၇)တွင် နေထိုင်သည့် ကိုကြည် + ဒေါ်ရင်ရွှေတို့၏ လက်ဝယ်သို့ ဖြူစင်၊ မြင့်မြတ် သော စိတ်ထားဖြင့် ပြန်လည် ပေးအပ်ခဲ့ ပါသည်။

ဆွေမျိုးများ မရောက်ခင် တွေ့ရှိ ထားသော ပစ္စည်းများကို တာဝန်သိတတ်စွာဖြင့် ပြန်လည်ပေးအပ်ခဲ့သည့် ရေခဲတိုက် အလုပ်သမား ဗိုက်ကလေး၏ အကျင့်စာရိတ္တအား လေးစား ဂုဏ်ယူစွာဖြင့် ပုံနှင့်တစ်ကွတင်ပြပေးခြင်းဖြစ် ပါသည်ခင်ဗျာ။ လေးစားစရာစိတ်ထားလေးကို ပရိတ်သတ် အတွက် မျှဝေပေးလိုက်ပါတယ်။

San Lwin Oo

Add a Comment

Your email address will not be published. Required fields are marked *