မွေးနေ့တုန်းက ဝယ်ကန်တော့ ထားတဲ့ ရွှေပုတီးကြီးကို အမေဖြစ်သူက မချွတ်ပဲ အမြဲဆွဲထားတာကြောင့် ဝမ်းသာနေတဲ့ ရန်အောင်

မွေးနေ့တုန်းက ဝယ်ကန်တော့ ထားတဲ့ ရွှေပုတီးကြီးကို အမေဖြစ်သူက မချွတ်ပဲ အမြဲဆွဲထားတာကြောင့် ဝမ်းသာနေတဲ့ ရန်အောင်

ပရိတ်သတ်ကြီးရေ အကယ်ဒမီများရှင် မင်းသားကြီး ရန်အောင်က တော့ အနုပညာ အလုပ်တွေကို လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေ ကနေ ယ နေ့အထိ အချိန်အတော်ကြာ လုပ်ကိုင်နေခဲ့ပြီး အောင်မြင်မှု များစွာရရှိ ခဲ့တဲ့ သရုပ်ဆောင် တစ်ယောက် အဖြစ် ရပ်တည် နိုင်ခဲ့ပြီး ပရိ သတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာ ရယူထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။

ယနေ့အချိန်ထိ ရုပ်ရည်က ခန့်ချောကြီး ဖြစ်နေဆဲ ဖြစ်တဲ့ အကယ် ဒမီများရှင် ရန်အောင်ကတော့ မွေးသမိခင် ကျေးဇူးရှင် ကြီးကို ယ နေ့အချိန် အထိ လုပ်ကျွေးပြုစုနေတဲ့ သားလိမ္မာတစ်ယောက်ပဲဖြစ်ပါတယ်။ ရန်အောင်ကတော့ယခုမှာ မွေးနေ့တုန်းက ကန်တော့ထားတဲ့ ရွှေပုတီးကြီးကို အရမ်းကြိုက်လို့ ရေချိုးတဲ့ အချိန်က လွဲပြီးအမြဲဆွဲထားတဲ့ မေမေကိုကြည့်ကာ ဝမ်းသာပီတိဖြာနေခဲ့ပါတယ်။

ရန်အောင်က” မွေးနေ့တုံးက အမေ့အတွက် ကန်တော့ ထားတဲ့ ရွှေပုတီးကို ရတဲ့နေ့ ကတည်းက အရဟံ ဂုဏ်တော်ကို ချက်ခြင်း စိတ်ကြည့်ပြီး“အမေကြိုက်တယ် သား..”ဆိုပြီး ဆုတွေတောင်းပေးနေတာ “ဆိုပြီး မေမေရဲ့ ပုံရိပ်လေးနဲ့အတူ လူမှုကွန်ယက် စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။

ဆက်လက်ပြီး ရန်အောင်က ” အလေးကြီးဖြစ်နေမယ် ထင်တာတဲ့ခုတော့ ပုတီးလုံးအရွယ်နဲ့ အလေးချိန်ကအတော်ပဲဆိုပြီး လည်ပင်းမှာ စွဲလိုက်တာ ရေချိုးမှ ချွတ်တော့တယ် ကြည့်လိုက်ရင် ရွှေပုတီးလေး အမြဲစိတ်နေတာတွေ့ရလို့ ပြောမပြတတ်အောင် ကျေနပ်ပီတိဖြစ်ရပြန်တယ် ခုလည်း ဓါတ်ပုံ ရိုက်ဖို့ အိုက်တင် လုပ်နေ တာ သာကြည့်တော့ … ချစ်လိုက်တာ မေမေ မေမေ သက်တော် ရာကျော်ရှည်ပါစေ… ” ဆိုပြီး

လူမှုကွန်ယက် စာမျက်နှာ ထက်မှာ ရေးသားထားခဲ့တာကို ချစ်ပရိ သတ်တွေ အတွက် ရန်အောင်တို့ သားအမိ နှစ်ယောက်ရဲ့ ပျော်ရွှင် နေကြတဲ့ ချစ်စရာ ပုံရိပ်လေးတွေကို ပြန်လည် ဖော်ပြ ပေးလိုက်ပါတယ်။ Source : Yan Aung’s Facebook

Add a Comment

Your email address will not be published. Required fields are marked *