နှစ်ပေါင်း ၆၀ ကျော် ရေမချိုးတဲ့ အညစ်ပတ်ဆုံး လူပျိုကြီး

နှစ်ပေါင်း ၆၀ ကျော် ရေမချိုးတဲ့ အညစ်ပတ်ဆုံး လူပျိုကြီး

ပရိတ်သတ်ကြီးရေ အခု တစ်ခါ တင်ပြ ပေးမှာ ကတော့ နှစ်ပေါင်း ၆၀ ကျော် ရေမချိုးတဲ့ အညစ်ပတ်ဆုံး လူပျိုကြီး ဆိုတာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ အကြောင်းကတော့ လွန်ခဲ့တဲ့ ၂နှစ်လောက် ကတည်း က လိုင်းပေါ်မှာ ပြန့်နှံ့နေတာ ဖြစ်တဲ့ အတွက် သိတဲ့ သူ တွေလည်း သိကြမှာပါ။

သူကတော့ အီရန်လူမျိုး အသက်၈၂နှစ်အရွယ်အဘိုးအို Amoo Hadji ဖြစ်ပါတယ်ဗျာ။ အီရန်နိုင်ငံတောင်ပိုင်းကDejgah ဆိုတဲ့ရွာငယ်လေးမှာ နေထိုင်တဲ့သူဖြစ်ပါတယ်။ သူကတော့ ရေမချိုးတဲ့နေရာမှာနှစ်ပေါင်း၃၈နှစ် ရေမချိုးတဲ့အိန္ဒိယလူမျိုး Kailash Singh ကို ကျော် ဖြတ်ပြီး ခန္ဓာကိုယ် အညစ်ပတ်ဆုံး လူသားအ ဖြစ် စံချိန်တင်ထားသူဖြစ်ပါတယ်။

ဒီလိုရေမချိုးရတာကလည်း ရည်ရွယ်ချက်တစ်ခုခုကြောင့် မဟုတ်ပဲ သူ့အကြောင်းနဲ့ သူပဲဖြစ်ပါတယ်။ သူရဲ့ခန္ဓာကိုယ်က ရေနဲ့ ဓာတ်မတည့်သူလို့ ခံယူထားသူဖြစ်ပြီး ရေနဲ့ သန့်ရှင်း လိုက်တာနဲ့ ရောဂါတွေ ဝင်လာတယ်လို့ သူကဆိုပါတယ် ။ ဒါကတော့သူရဲ့ နှစ်ပေါင်း ၆၀ ကျော် ရေမချိုးတဲ့ အကြောင်းရင်းပဲဖြစ်ပါတယ်။ သူ့ရဲ့အသားအရောင်ဟာ မြေကြီးရောင်နဲ့ထပ်တူဖြစ်နေတာကို မြင်တွေ့ရမှာပါ။ တကယ်လို့ သူသာ ငြိမ်ငြိမ်လေးထိုင်နေ ရပ်နေမယ်ဆိုရင် အားလုံးက ကျောက်ရုပ်တစ်ရုပ်လို့ပဲ ထင်မိကြမှာပါ။

သူကတော့တစ်ကိုယ်တည်းနေတဲ့ လူပျိုကြီးလည်း ဖြစ်ပါတယ်။သူဟာ ရေချိုးခြင်းကို မုန်း ပါတယ် ။ ဒါအပြင့် လတ်ဆတ်တဲ့ အစား အစာတွေ ကိုလည်း မုန်းပါတယ်။ သူရဲ့ အကြိုက်ဆုံး အစားအစာတွေက အပုတ်အသိုး အဆွေးအမြေ့တွေ ဖြစ်ပါတယ်။ ရေကို မုန်းတဲ့သူဟာ ကျန်းမာရေး အတွက်ရေ ငါးလီတာကို နေ့စဉ်သောက်ပါတယ်။ ဒီလိုသောက်တဲ့ နေရာမှာလည်း ညစ်ပတ်နေတဲ့သူရဲ့သံခွက်ကြီးတစ်ခွက်နဲ့ သောက်လေ့ ရှိတာပါ။

သူကဆေးတံ သောက်ရတာကိုလည်း အလွန်ကြိုက်ပါတယ်။ ဒီလိုသောက်တဲ့ နေရာမှာ ဆေးရွက်ကြီးကိုထည့်​ မသောက်ပဲ တိရစ္ဆာန်တွေရဲ့ မစင်တွေကိုထည့်ပြီး သောက်တတ် ပါတယ်။ သူဆံပင်တွေရှည်လာရင်လည်း ညှပ်မပစ်ပါဘူး ၊ ဆံပင်ကို မီးနဲ့ရှို့ပြီး ငြိမ်းသတ်လေ့ ရှိပါတယ်။ သူ့မှာစစ်ဦးထုပ် အဟောင်းကြီးတစ်လုံးရှိပြီးတော့ ဆောင်းရာသီမှာ ဆောင်းလေ့ရှိပါတယ်။

သူ့မှာအိမ်မရှိပါဘူး။ ကမ္ဘာကြီးကသူ့အိမ်လို့ခံယူထားသူပါ။ သူဟာ အများအားဖြင့်တော့ သုသာန်ကမြေကျင်းတွေ ထဲမှာ နေတတ်လေ့ရှိပြီး တခါတရံမှာတော့ ရွာသားတွေက သူ့အတွက်အုတ်နဲ့ဆောက်ပေးထားတဲ့ အိမ်ထဲမှာအိပ်တတ်လေ့ ရှိပါတယ် ။ ဒါပေမယ့် ဒါဟာ တခါတရံပါ။ သူဟာဒီလို ထူးဆန်းတဲ့ဘဝပုံစံမှာ နေတတ်သူဖြစ်ပါတယ်။ ရွာသားတွေရဲ့အပြောအရတော့ သူရဲ့အသက်၂၀ ဝန်းကျင်မှာ စိတ်ထိခိုက်စရာ ကြီးကြီးမားမားကြုံခဲ့ရပြီး အဲဒီအချိန်က စလို့ သူ့ရဲ့ခံယူချက်တွေ အမြင်တွေပြောင်းလဲသွားတာ လို့သိရပါတယ်။

သူ့အယူအဆနဲ့ သူကတော့ မှန်တယ်လို့ ထင်ရမှာပါ ။ နေချင်သလိုနေပေမယ့် အသက် ၈၀ကျော် ဝန်းကျင်မှာ ကျန်းကျန်းမာမာ ရှိနေတုန်းပါ။ သူ့မှာ ဘာမှဆုံးရှုံးစရာမရှိတဲ့အတွက် သူဟာ အပျော်ဆုံးလူသားလို့ခံယူထားသူဖြစ်ပါတယ်။ သူဟာဘာကိုမှဂရုမစိုက်တတ်သလို ဘာကိုမှလည်း မကြောက် တတ်ပဲ အမြဲ ပျော်ပျော်ရွှင်ရွင်နေနေလေ့ရှိတဲ့ ရှာမှရှား လူသားတစ်ဦး ဖြစ်ပါတယ် ဆိုတာကို ပရိတ်သတ်ကြီး အတွက်ပြန်လည် မျှဝေ လိုက်ရပါတယ်နော်။

source : TOM MEDIA