သိန်း ၃၀ကိုမမက်ပဲ သန်လျင် သဘာဝ တရားရိပ်သာ ဆရာတော်ကြီးရဲ့ ဘေးမဲ့မြေမှာ လွှတ်ပေးခဲ့တဲ့ နွားပိုင်ရှင်

သိန်း ၃၀ကို မမက်ပဲ သန်လျင် သဘာဝ တရားရိပ်သာ ဆရာတော်ကြီးရဲ့ ဘေးမဲ့မြေမှာ လွှတ်ပေးခဲ့တဲ့ နွားပိုင်ရှင်

ပရိတ်သတ်ကြီးရေ အခု တစ်ခါ ပြောပြ ပေးမှာက သိန်း ၃၀ ကို မမက်ပဲ သန်လျင် သဘာဝတရား ရိပ်သာ ဆရာတော်ကြီးရဲ့ ဘေးမဲ့မြေမှာ လွှတ်ပေး ခဲ့တဲ့ နွားပိုင်ရှင် ဆိုတာလေးပဲ ဖြစ်ပါတယ်။

နွားပိုင်ရှင် ကတော့သူရဲ့ နွား ၂ ကောင်ကို သိန်း ၃၀ ပေး ဝယ်တာတောင် မရောင်းဘဲ ၁၃ ရက် နေ့က လှည်းကူး သစ်နီပင် စေတနာရွာတွင် ရှိသော သန်လျင် သဘာဝ တရား ရိပ်သာ ဆရာတော်ကြီး ရဲ့ ဘေးမဲ့ မြေတွင် အရှင် ပညာသီရိ ဦးဆောင်ပြီး ကယ်တင်ထားသော မုဒိတာ ပုံရိပ် တရားရိပ်သာ ဘေးမဲ့ ဂေဟာသို့လာရောက်ပြီး နွားနှစ်ကောင်အား ဘေးမဲ့ပေးသွားတဲ့ နွားပိုင်ရှင်များဖြစ်ပါတယ်။

နွားပိုင်ကတော့ အသုံးမပြုတော့တဲ့ သူတို့ကလေး တွေကို များပြားလှတဲ့ အသာပြာငွေကိုတောင် မမက်မောဘဲ အကြင်နာ တရားထားကာစာနာထားသော သခင်များနှင့်တွေ့ဆုံရတာ နွားလေးနှစ်ကောင်ရဲ့ ကုသိုလ်ကံပါဘဲ။

ဘေးမဲ့ပွဲနေ့ ကျရင်လဲသူ့နွားလေး တွေပါ ဘေးမဲ့ပွဲမှာ ထည့်ပေးဖို့။သူတို့လဲ လာကြည့် ပါရစေလို့ ပြောသွား ရှာတယ်။ မွန်မြတ် လှတဲ့စိတ်ထား ပိုင်ရှင်များ ဤ ကောင်းကျိုး အား ဘဝပေါင်း များစွာ ခံ စားရ ပါစေ။ ဤကံကောင်းလှသော နွားလေးနှစ်ကောင်လဲ ဘေးမဲ့တောမှာ သက်တမ်းစေ့ အေးချမ်း ပါစေ။ နွားပိုင်ရှင်၏ မြတ်သောစေတနာကို သာဓုခေါ်ထိုက်ပါပေတယ် ပရိတ်သတ် ကြီးကိုလဲ သာ​ဓုခေါ်နိုင် စေရန် မျှဝေပေးလိုက်ပါ​တယ်။ ခရက်ဒစ်