(၄၇) နှစ်ပြည့် မွေးနေ့ အနေနဲ့ အိမ်ခြေပေါင်း (၄၇၀) ကို ဆန် ဆီ ဆားနဲ့ ပြက္ခဒိန်များ လှူဒါန်းခဲ့တဲ့ ဒိန်းဒေါင်

(၄၇) နှစ်ပြည့် မွေးနေ့ အနေနဲ့ အိမ်ခြေပေါင်း (၄၇၀) ကို ဆန် ဆီ ဆားနဲ့ ပြက္ခဒိန်များ လှူဒါန်းခဲ့တဲ့ ဒိန်းဒေါင်

ပရိတ်သတ်ကြီးရေ ဒီနေ့ ဒီဇင်ဘာလ (၂၉) ရက် နေ့ ကတော့ ဒိန်းဒေါင်ရဲ့ အသက် (၄၇) နှစ် ပြည့် မွေးနေ့ ရက်မြတ် လေးပဲ ဖြစ်ပါတယ်နော်။ အနုပညာလောကထဲမှာ ပရိတ်သတ် အတွက်နှစ်ပေါင်းများစွာ ပရိတ်သတ်တွေအတွက် ဟဒယဆေးတိုက်ကျွေးခဲ့သူ ဘဝ အမောတွေကို ပြေပျောက်စေတဲ့ အနုပညာရှင် တစ်ယောက်ပါ။

ဒိန်းဒေါင် ကတော့ ချွန်တွန်း ပရဟိတ အမည် နဲ့ ပရဟိတ လုပ်ငန်းတွေကို လုပ်ဆောင်နေပြီး ဒီကနေ့ သူ့ရဲ့ မွေးနေ့ မှာလည်း အလှူအ တန်းတွေ ပြုလုပ်ခဲ့ပါတယ်။ (၄၇) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အနေနဲ့အိမ်ခြေ (၄၇၀) အတွက် ဆန် ဆီ ဆား နဲ့ပြက္ခဒိန်လေးတွေကို လှူဒါန်းခဲ့ပါတယ် ။

သာကေတမှာရှိတဲ့ နွမ်းပါး ပြည်သူ တွေ အတွက် အိမ်ခြေ (၂၀၀) စာ လှူဒါန်း ခဲ့တယ် လို့လည်း သိရပါတယ် ။ ဒိန်းဒေါင်က မွေးနေ့အလှူလေးကို ပရိသတ် တွေလည်း ထပ်တူ သာဓု ခေါ်ဆို နိုင်ဖို့ အ တွက် လူမှုကွန်ရက်စာမျက်နှာထက်ကနေ Liveလွှင့်ပြီး ပရိသတ်တွေကို မျှဝေပေးခဲ့တာပါ။

မိသားစုများပြီး တကယ်ကိုမရှိနွမ်းပါးကြတဲ့ ရပ်ကွက်လေးတွေကိုသေချာရှာဖွေပြီး လှူဒါန်းခဲ့တာပဲဖြစ်ပါတယ် ။ သွားရောက်လှူဒါန်းတဲ့ရပ်ကွက်က ပရိသတ်တွေကလည်း ကိုဒိန်းဒေါင်အတွက် မွေးနေ့ ဆုမွန်ကောင်းတွေ အများကြီးပေးခဲ့ကြပါတယ် ။

ပျော်ရွှင်စရာမွေးနေ့လေးပါ ကိုဒိန်းဒေါင်ရေ ဒီကနေ့မွေးနေ့လေးက စပြီး နောင် နှစ်ပေါင်းများစွာအထိ ချစ်တဲ့ ပရိသတ်တွေရဲ့အားပေး မှုနဲ့အတူ ပရဟိတအလုပ်တွေ အများကြီး လုပ်ဆောင် သွားနိုင် ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက် ပါတယ်နော် ။ Source : Dain Daung’s Facebook