ပစ္စည်းတိုလီမုတ်စ တွေနဲ့ ကိုယ်ပိုင် ကားတစ်စီးကို (၃)လ အတွင်း တည်ဆောက်ခဲ့တဲ့ အမျိုးသား

ပစ္စည်းတိုလီမုတ်စ တွေနဲ့ ကိုယ်ပိုင် ကားတစ်စီးကို (၃)လ အတွင်း တည်ဆောက်ခဲ့တဲ့ အမျိုးသား

ပရိတ်သတ်ကြီးရေ ကား မောင်းရ တာက အင်မတန် လွယ် ကူ ရိုးရှင်းသလောက် ကားတစ်စီးကို ကိုယ်ကိုယ်တိုင် တည်ဆောက်ဖို့ ဆိုတာ က သာမန်လူတစ်ယောက် အတွက် အဲဒီလောက် မလွယ်ကူပါဘူး။

ကားတစ်စီးတည်ဆောက်ဖို့ နေနေသာသာ ကိုယ်မောင်းနေတဲ့ ကားပျက်ရင်တောင်မှ ဝပ်ရှော့ကိုတန်းပို့ရတာ ထုံးစံပါပဲ။ ဒါပေမယ့် အ ခုပြောပြချင်တဲ့အမျိုးသားတစ်ယောက်ကတော့သူ့ရဲ့ကိုယ်ပိုင်ကား တစ်စီးကို သူကိုယ်တိုင်သူ့လက်သူ့ခြေနဲ့ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုမျိုး ကိုယ်ပိုင်ကား တစ်စီးကို တည်ဆောက်ဖို့ အတွက် အဆိုပါအမျိုးသားဟာအချိန်၃လသာယူခဲ့ကြောင်း Storypick သတင်းဌာနမှ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါ အမျိုးသား ကတော့ အိန္ဒိယ နိုင်ငံ၊ Kereala ပြည်နယ် ရှိ Rakesh Babu လို့ အမည်ရတဲ့ အမျိုးသား တစ်ယောက်ပဲ ဖြစ်ပါတယ်။ဒီလို မျိုး ကိုယ် ပိုင် ကား တစ် စီး တည်ဆောက် ခဲ့လို့ Rakesh ကို ပညာရှင် တစ်ဦးလို့ မထင် လိုက်ပါနဲ့။ Rakesh ဟာသာမန်လူတစ်ဦးပါပဲ။ ဒီလိုမျိုးကားကိုတည်ဆောက်ဖို့ အတွက် Rakesh ဟာ သူ့အဖေရဲ့ ဝပ်ရှော့ရှိ တိုလီမုတ်စ ပစ္စည်းတွေကိုသာ အသုံးပြုပြီး တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

သူ တည်ဆောက်တဲ့ ကား​ကတော့ အဝါရောင် Volkswagen Beetle ကား အသေးစား လေးပဲ ဖြစ်ပါတယ်။ ကားရဲ့ ဘော်ဒီကိုတော့ အသုံး မပြု တော့တဲ့ ကား တစ်စီးစီ ကနေ ယူသုံး ခဲ့တာ ဖြစ်ပြီး ကားရဲ့ အင်ဂျင် ကို တော့ Suzuki Samurai ဆိုင်ကယ်ရဲ့ အင်ဂျင်ကိုအသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ကားတာယာ တွေနဲ့ မီးလုံးတွေ ကိုတော့ သုံးဘီးဆိုင်ကယ် အပျက်တစ်စီးစီကနေ ယူသုံးခဲ့တာဖြစ်ပြီး ကားရဲ့ bumperကိုတော့ မော်တော်ဆိုင်ကယ် အစုတ်တစ်စီးရဲ့ ဖရိန်နဲ့ တည်ဆောက် ခဲ့တာ ဖြစ်ပါတယ်။

အရှင်းဆုံးပြောရရင်တော့ ကားရဲ့အင်ဂျင်ကလွဲပြီး ကျန်တဲ့ အစိတ် အပိုင်းတွေကိုကားဟောင်းတွေ၊ ဆိုင်ကယ် အပျက်တွေနဲ့ သူ့အဖေရဲ့ကားဝပ်ရှော့က တိုလီမုတ်စတွေနဲ့သာ၃လအတွင်း တည်ဆောက်ခဲ့တာ ဖြစ် ပါတယ်။“ကား ကတော့ Volkswagen Beetle အဝါရောင် ကားလေးနဲ့ တူအောင် တည်ဆောက်ခဲ့ တာပါ။ သာမန်ကားတွေထက်တော့ တော်တော်လေး သေးပါတယ်။ ဒါပေမယ့် အ ထဲမှာ လူနှစ်ယောက်ကောင်းကောင်းထိုင်လို့ ရပါတယ်။

၁ နာရီကို ကီလို ၄၀လောက်အထိ မောင်းနိုင်ပြီး ဓာတ်ဆီ ၄ ဂါလန်ထည့် လို့ ရပါ တယ်တဲ့။ သူကကျွန်တော် ကတော့ ဒီ ကားလေးကို တည် ဆောက်ရတာ တော်တော်လေးကို ပျော်ပါတယ်။ ကျွန်တော်ဒီ ကားလေး မောင်း သွားရင် လူတွေက တော်တော်လေး ကြည့်ပြီး ကျွန်တော့်ရဲ့ ကား တည်ဆောက် ထားတဲ့ လက်ရာ လေးကို လည်း ချီးကျူး ကြ ပါတယ်”လို့ Rakesh က LinkedIn သတင်း ဌာနကို ပြောကြားခဲ့ပါတယ်။ source: shwemoon