ဆင်းရဲပေမဲ့ သားလေးမျက်နှာ မငယ်အောင် ကိုယ်တိုင် လက်လုပ်လွယ်အိတ်လေးနဲ့ ကျောင်းတက်စေခဲ့တဲ့ ဖခင်

ဆင်းရဲပေမဲ့ သားလေး မျက်နှာ မငယ်အောင် ကိုယ်တိုင် လက်လုပ် လွယ်အိတ်လေးနဲ့ ကျောင်းတက်စေခဲ့တဲ့ ဖခင်

ကမ္ဘောဒီးယား နိုင်ငံရဲ့ ကျောင်းသုံး ပစ္စည်းတွေက သာမန် လူတန်း စားတွေ အတွက် ဈေးကြီး နေတာမို့ အသုံးငွေ လျော့ချနိုင်ဖို့ ဆင်း ရဲ နွမ်းပါး တဲ့ လယ်သမား ဖခင် တစ်ဦးက သား ဖြစ် သူ အ တွက် handmade ကျောပိုး အိတ်လေး ပြုလုပ်ပေးခဲ့ပါတယ်။

အတန်းပိုင် ဆရာမ ဖြစ်တဲ့ Sophous Suon က အပြာရောင်ဇာတိအိတ်ကို လွယ်ထားတဲ့ အသက် ၅နှစ်အရွယ် Keng အမည်ရှိတဲ့ အဆိုပါ လယ်သမား ရဲ့ သားလေးကို သတိ ထားမိ သွားခဲ့ပါတယ်။အဆိုပါ ကျောပိုးအိတ်လေးက ကြွတ်ကြွတ်ကြိုးနဲ့ကျစ်ထားတာပါ။ အနက်ရောင် ကြိုးတွေကို နောက်ကျောမှာ ချိတ် ထား ပြီး အိတ်ရဲ့ရှေ့ဖက်က ဖွင့်ပိတ် လုပ်နိုင်အောင်လည်း တပ်ဆင်ထားပါသေးတယ်။

Suonက ကျောပိုးအိတ်ရဲ့နောက်ကွယ်က တီထွင်သူကို လေးစားမိခဲ့ကာ အဲ့ဒီ အိတ်ကို ဓာတ်ပုံ ရိုက်ပြီး social မှာ “ လူတွေက ဒီကျောပိုးအိတ်ကို သဘောကျကြတယ် ၊ အဖေ့ရဲ့ချစ်ခြင်းမေတ္တာဘဲ ၊ ငါ ဒီအိတ်ကို ကြိုက်တယ်” လို့ ဝေမျှ ပေးခဲ့ ပါတယ်တဲ့ဗျာ။

သူမက ကျောပိုးအိတ်တစ်လုံးက သူတို့ဆီမှာ ဒေါ်လာ ၇ ( ၉,၀၀၀ ကျော်) အထိရှိပြီး ၎င်းက လူအများစုအတွက် မဆိုစလောက်လေး ဆိုပေမဲ့ Kengနဲ့ သူ့တို့မိသားစုကဲ့သို့သော သာမန်လူတွေအတွက်ကတော့ ၎င်းက အစားအစာ နဲ့ အခြားပစ္စည်းများကို ရှင်သန်ရန်အ တွက်ဘဲ ငွေဖြုန်းလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။

ဓာတ်ပုံပျံ့နှံ့သွားခဲ့ပြီး မကြာတော့ Suonက ကလေးကို ထောက် ပံ့ပေးမယ့်သူစိမ်းတွေထံမှ မက်ဆေ့ချ်များစွာလက်ခံရရှိခဲ့ပါတယ်။Suon က “နိုင်ငံခြားသား အချို့က သူ့ကို အိတ်ပို့ပေးဖို့ တောင်းဆိုခဲ့ကြတယ်၊ ကျောင်းအုပ်ကလည်း သူတို့ပို့ပေးလို့ရမယ့် လိပ်စာကို ပြန်ပို့ပေးလိုက်ပြီ”လို့ မျှဝေပေးခဲ့ပါသေးတယ်။ ကျောပိုးအိတ်ကို ကြည့် ရင်တော့ လယ်သမား ရဲ့ သားလေး အပေါ် ထားတဲ့ ချစ်ခြင်းမေတ္တာက ကြီးမားလွန်းတာကို ခံစားမိကြ မှာပါ။

source : You Know What