ကောင်မလေး တစ်ယောက်နဲ့ ကြည်နူး နေတဲ့ ပုံရိပ်လေး တွေကို ရုတ်တရက် ထုတ်ပြလာတဲ့ G Fatt

ကောင်မလေး တစ်ယောက်နဲ့ ကြည်နူး နေတဲ့ ပုံရိပ်လေး တွေကို ရုတ်တရက် ထုတ်ပြလာတဲ့ G Fatt

ပရိတ်သတ် ကြီးရေ အဆိုတော် G Fatt ကို တော့ 8 day 8 month 8 hour ဆိုတဲ့ သီချင်းကနေ ပရိသတ်တွေက စတင်သိရှိ လာခဲ့တာ ဖြစ်ပြီး အဲ့ဒီနောက် တေးစီးရီး အခွေ တွေမှာလည်း ပါဝင် သီဆိုလာရသူ တစ်ယောက်ပါ။ G Fatt ရဲ့ ပထမဆုံး တစ် ကိုယ်တော်အခွေအနေနဲ့‘’ဂျင်’’တေးစီးရီးကိုထွက်ရှိ ထားပါ တယ်။ ဒုတိယမြောက် တစ်ကိုယ်တော် အခွေ အနေနဲ့ ‘’ 120/B’’ အခွေ ကိုလည်း ထွက်ရှိထားပါတယ်။

G Fattကတော့ Shwe FM မှဆုချီးမြှင့်တဲ့ “Facebook Page ကနေ ပရိသတ်သီချင်းတောင်းဆိုမှု အများဆုံးအမျိုးသားတေးသံရှင်ဆု” ကိုလည်း “အကယ်၍ လက်ထပ်ခဲ့ကြရင်” ဆိုတဲ့ သီချင်းနဲ့ရရှိ ထားတဲ့သူဖြစ်ပါတယ်။ သူကတော့လက်ရှိမှာ လူငယ်အဆို တော်တွေကြားမှာ အောင်မြင်မှုများစွာ ရရှိနေတဲ့ အဆိုတော် တစ်ယောက် ဆိုရင်လည်း မမှားဘူး ထင်ပါတယ်နော်။

G fatt ကတော့လူငယ် တစ်ယောက် ပီပီ အရမ်းကို ကြိုးစားတာကြောင့် တေးသီချင်းလောကမှာ နေရာ တစ်နေရာ ကိုနေ ရပ်တည်နေပြီး အောင်မြင်မှု တွေကို ပိုင်ဆိုင် ထားတာ ဖြစ် ပါတယ်။ အခုဆိုရင်တော့ G Fattက ပရိသတ်တွေ အံ့အားသင့်သွားအောင်လို့ ကောင် မလေး တစ်ယောက်နဲ့ ကြည်နူး နေတဲ့ ပုံလေး တွေကို တင်ပေးလာတာ ဖြစ်ပါတယ်။

ပရိသတ်တွေကလည်း G Fatt နောက်ထပ် သီချင်း အသစ်လေးအတွက် MV ရိုက်နေတယ်လို့ ထင်ကြေး ပေးကြပြီး သူ့ အတွက်ပျော်ရွှင်နေကြတာဖြစ်ပါတယ်။ GFattတို့နှစ်ယောက်ရဲ့ ကြည်နူးနေတဲ့ ပုံရိပ်လေးတွေက ဘာအတွက် ဖြစ်မလဲ ဆိုတာကို ပရိသတ်ကြီးလည်း ခန့်မှန်းရင်း နောက်ထပ် သီချင်း အသစ် လေးကို စောင့် မျှော် လိုက်ရအောင်နော်။

source : Shwe Yaung myanmar