ဒီနှစ်ထဲ ဘဏ်မှာ သိန်းပေါင်း(၁၅၀၀) ကျော်ထည့်နိုင်ခဲ့လို့ အရမ်းပျော်နေတဲ့ နေဒွေး

ဒီနှစ်ထဲ ဘဏ်မှာ သိန်းပေါင်း(၁၅၀၀) ကျော်ထည့်နိုင်ခဲ့လို့ အရမ်းပျော်နေတဲ့ နေဒွေး

ပရိတ်သတ်ကြီးရေ မင်းသား နေဒွေး ကတော့ ယောကျာ်း ပီးသတဲ့ဘော်ဒီကို ပိုင်ဆိုင်ထားတဲ့သူ တစ်ယောက်ဖြစ်ပြီး မိန်းကလေး ပရိ သတ် တွေရဲ့ အသည်းကျော် ဖြစ်ပြီး ဂျစ်တူး လို့လည်း ခေါ်ကြပါတယ်။ ဗီဒီယို ဇာတ်ကားတွေ များစွာ ကို ရိုက်ကူးခဲ့ပြီး ရေပန်းစားလူကြိုက်များခဲ့တဲ့ မင်းသားတစ်လက် ဖြစ်ရုံသာ မက ကျရာဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်နိုင်သူ တစ်ဦးပါ။

ပရဟိတ အလုပ်နဲ့ အလှူ အတန်း တွေကိုလည်း မကြာခန ပြုလုပ်လေ့ရှိတဲ့ မင်းသား နေဒွေး ကတော့ ဒီနေ့မှာ ”2020 နှစ်ကုန်ခါနီးပြီ ဒီနှစ် ဘာတွေ လုပ်ပြီးပြီလဲ ပြန်ဆန်းစစ် ကြည့်လိုက် တော့ မြေ ကွက်၂ကွက် ဝယ်နိုင် ခဲ့တယ် ကိုယ့်နာမည်နဲ့ လုပ်ထားတဲ့လုပ် ငန်းကလည်း အရမ်း အဆင် ပြေတယ် ။ တစ်လ ကို အနည်းဆုံး သိန်း ၅၀ မကဘူး ရခဲ့တယ်။ အရောင်း အဝယ် ကလည်း ထင်တာထက်အလုပ်ဖြစ်တယ်။

စားချင်တာတွေလည်း အကြိမ်ကြိမ် ရှယ်စားဖြစ်ခဲ့တယ်။ဝယ်ထားတဲ့မြေကွက်လေး ကလည်း ၅ဆလောက် မြတ်ခဲ့တာတွေ ရှိခဲ့တော့စီးနေတဲ့ကားစုတ်လေးကို ကောင်းတဲ့မြင့်တဲ့ အသစ်နဲ့လဲနိုင်ခဲ့တယ် လက်ရှိလုပ်နေတဲ့ လုပ်ငန်းကလဲပိုပြီး အဆင်ပြေလာတယ်။အလုပ်ကိုလည်းပိုမို ကောင်းမွန်အောင် လုပ်နိုင် ခဲ့တယ် ။ ဘဏ်မှာလည်း ငွေ သိန်း ၁၅၀၀ကျော် ထည့်နိုင်ခဲ့တယ် ။

ခုဆို ပိုင်ဆိုင်သမျှတွေကမိသားစုနဲ့အေးအေးဆေးဆေးနေလို့ ရပြီ ဒီနှစ်ထဲစပ်တူရှယ်ယာ လုပ်ထားတာကလည်း ပျမ်းမျှတစ်လ သိန်းဆယ်ကျော် မက ရအုံးမှာဆိုတော့ အေးဆေးဖြစ်နေပါပြီ ။နှစ်သစ်မှာ သွားချင်တဲ့ ခရီးတွေ ထွက်မယ် စားချင်တာတွေ စားမယ် … ဝယ်ချင်သမျှ အကုန် ဝယ်မယ် အမှန်တော့ ဖြစ်ချင်ခဲ့တာ ပြောနေတာပါ အထင်မကြီးနဲ့ စိတ်ကူးယဉ်တာ ( လက်တွေ့လဲဖြစ်နိုင်တယ်နော် )။

မိတ်ဆွ ကျတော့် အပေါ် သဘော ထားလေး စီစစ် လို့ ရအောင်လို့ပါ…..တကယ်ကတော့ စာဖတ်ရင်း ဝမ်းသာ အားကျ နေရင်တော့ သင်ဟာ ကျတော့် အပေါ် မုဒိတာစိတ်ရှိလို့ပါ စာဖတ်ရင်း တစုံတစ်ရာစိတ် ဖြစ်နေရင်တော့ သင်ဟာ ကျတော့် အပေါ် တစုံတစ်ရာမူမမှန်စိတ် ရှိလို့ပါ 🙄

စာဖတ်ရင်း ရီချင်နေရင်တော့သင်ဟာ ကျတော့်အကြောင်းကောင်းကောင်းသိသူပါ 😃ဖတ်နေရင်း ကိုယ်တိုင်ထပ်တူပျော်နေရင်တော့ သင်ဟာ စိတ်ကောင်းရှိသူပါ 😊😊😊 အသက်ရှည်ဆေးပါ”ဆိုပြီး သူ့ရဲ့ ပရိသတ် တွေ ကို စနောက် အရွှန်းဖောက် ခဲ့တာ ကို ပြန် လည် မျှဝေပေး လိုက်ရ ပါတယ်နော်။ ပရိသတ်ကြီး အားလုံး သာ ယာ ပျော်ရွှင် တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင် နိုင်ကြ ပါစေ လို့ ဆု တောင်းပေး လိုက်ရ ပါတယ်နော် ။ source : SanKyiPar