“ပိုက်ဆံတွေ အများကြီးလှူလို့ အံ့ဩနေတဲ့ အမေအိုကြီးကိုကြည့်ပြီး ဝမ်းသာပီတိဖြစ်ခဲ့တဲ့ ဒိန်းဒေါင်

ပိုက်ဆံတွေ အများကြီးလှူလို့ အံ့ဩနေတဲ့ အမေအိုကြီးကိုကြည့်ပြီး ဝမ်းသာပီတိ ဖြစ်ခဲ့တဲ့ ဒိန်းဒေါင်

ပရိသတ်ကြီးရေ လူရွှင်တော်၊သရုပ်ဆောင်ဒိန်းဒေါင် ကတော့ စိတ် သဘောထား ပြည့်ဝပြီး လူတိုင်း အပေါ် စေတနာထား ကူညီတတ်တဲ့ လူစားမျိုး ဖြစ်တယ် ဆိုတာ ပရိတ်သတ်ကြီး အသိပါနော်။

ဒိန်းဒေါင်ကတော့ အနုပညာ လောကထဲမှာ ကျင်လည်နေခဲ့ တာက တော့ နှစ်ပေါင်းများစွာ ကြာမြင့် ခဲ့ပြီလဲဖြစ်ပါတယ်။ ဒိန်းဒေါင် က တော့ ရုပ်ရှင် ဗွီဒီယို ဇာတ်ကားတွေ အများအပြား မှာလည်း ပါဝင်သရုပ်ဆောင် ခဲ့ပြီး ချွန်တွန်း ဆိုတဲ့ ဇာတ်လမ်းတွဲ က တော့ ပရိတ်သတ်တွေ ကြားမှာတော့ အတော်ကို အောင်မြင်ခဲ့ ပြီးပရိတ်သတ်အားပေးမှုကို တခဲနက် ရရှိခဲ့ ပါတယ်။

ဒိန်းဒေါင်က လူရွှင်တော်အသင်း (ရန်ကုန်)မှာလည်း ဥက္ကဌ အဖြစ် ဆောင်ရွက် နေပြီး အနုပညာ အလုပ်တွေ ကို ဖြည်း ဖြည်း မှန် မှန်လုပ်ဆောင် နေဆဲ ဖြစ် သလို ချွန်တွန်း ပရဟိတအဖွဲ့ ကို လည်း ဖွဲ့ စည်း ထားတာ ဖြစ်ပါတယ်။ ဒိန်းဒေါင်တို့ ပရဟိတအဖွဲ့က အခုလိုခက်ခဲနေတဲ့ ကာလမှာ အခက်အခဲ ဖြစ်နေတဲ့ သူတွေ ကို တတ်နိုင်သလောက် ကူညီပေး နေတာ ဖြစ်ပါတယ်နော်။

အလှူအတန်းတွေကို မကြာခဏလုပ်လေ့ရှိပြီး ခက်ခဲနေတဲ့ သူတွေကို ကူညီပေးနေတဲ့ ဒိန်းဒေါင်က အခုတစ်ခါမှတော့ အသက် (၉၀) ကျော်ရှိ နေပြီ ဖြစ်တဲ့ အမေ အိုကြီးကို ပိုက်ဆံငါးသောင်း ပေးလှူခဲ့တဲ့ပုံရိပ်လေးကို ပရိသတ်ကြီးအတွက် ပြန်လည် မျှဝေ ပေးလိုက်ပါတယ်။ source : Dane Daung