ဗီလိန် နေရာ က သရုပ်ဆောင် ခဲ့ရ ပေမယ့် SURPRISE လက် ဆောင်တွေ အများကြီး ရတဲ့ အထိ အားပေးခံ နေရတဲ့ အကြောင်း ပြောပြလာတဲ့ ထူးခန့်ကျော်

ဗီလိန် နေရာ က သရုပ်ဆောင် ခဲ့ရ ပေမယ့် SURPRISE လက် ဆောင်တွေ အများကြီး ရတဲ့ အထိ အားပေးခံ နေရတဲ့ အကြောင်း ပြောပြလာတဲ့ ထူးခန့်ကျော်

ပရိတ်သတ်ကြီးရေ ယခု လက်ရှိ MRTV-4 ရုပ်သံလိုင်းကနေ ညစဉ် (၇) နာရီတိုင်း ထုတ်လွှင့် ပြသနေတဲ့ “မမှီဝဲနဲ့ ကင်းအောင်နေ” ဆိုတဲ့ ဇာတ်လမ်းတွဲကို ပရိသတ်ကြီး အားပေးကြမယ်ထင်ပါတယ်။ “မမှီဝဲနဲ့ကင်းအောင်နေ”ဇာတ်လမ်းတွဲကတော့ပညာပေးဇာတ် လမ်း လေးတစ်ပုဒ်ဖြစ်ပြီး ဒါရိုက်တာ ဟိန်းစိုးနဲ့ တကွ ပါဝင်သရုပ်ဆောင်ကြတဲ့ သရုပ်ဆောင် တစ်ဦး တစ်ယောက်ချင်းစီတိုင်းရဲ့ ကြိုးစားမှုကြောင့် ပရိသတ် အကြိုက်တွေ့ကြတဲ့ ဇာတ်လမ်းတွဲအဖြစ် ကျော် ကြားနေတာပဲ ဖြစ်ပါတယ်။

အဲ့ဒီ ဇာတ်လမ်းတွဲထဲမှာ ဗီလိန်ကာရိုက်တာ ဖြစ်တဲ့ “ဗေဒါ”နေရာမှာသရုပ်ဆောင်ရတဲ့ သရုပ်ဆောင် ထူးခန့်ကျော်ကတော့ ပရိသတ် တွေရဲ့ အားပေးမှုကို တရှိန်ထိုး ရရှိပြီး ရေပန်းစား နေတာပဲ ဖြစ်ပါတယ်။

ထူးခန့်ကျော် ကတော့ ဟိုး အရင် ကတည်း က ဗွီဒီယို ဇာတ်ကားပေါင်းမြောက် များစွာ ကို ရိုက်ကူး ခဲ့ ပြီး ဆေးစက် ကျရာ အရုပ် ဖြစ်တယ် ဆိုရ လောက်အောင် သရုပ်ဆောင် ကောင်းလွန်း သူလဲ ဖြစ်ပါတယ်နော်။

“မမှီဝဲနဲ့ ကင်းအောင်နေ” ဇာတ်လမ်းတွဲထဲက ဗီလိန် ဗေဒါခေါ် ထူးခန့်ကျော် ကတော့ ချစ်ခင်စွာ အားပေးကြတဲ့ ပရိသတ်တွေကြောင့် နေ့စဉ်နေ့တိုင်းလိုလို Surprise လက်ဆောင် တွေကို ရရှိနေပြီး ဒီကနေ့ မှာလည်း အားကစားလုပ်တဲ့ စက်ပစ္စည်းတွေ လက်ဆောင်ရရှိခဲ့ကြောင်း အခုလိုပဲ ပြောပြ လာပါတယ်။

“ဝိုး. ဗေဒါကြီး အ တွက် က တော့ amazing ပါပဲ ဗျာ ဗေဒါကြီးကို ကျန်းမာရေး ကောင်းအောင် လို့ ဆို ပြီး surprise ပြု လုပ်ပေးတဲ့ အတွက် ကိုလဲ အထူးပင် ကျေးဇူး တင်ရှိ ပါတယ်နော် မည်သူမည်ဝါမှန်း မသိရပေမဲ့ ဒိထက် မက လှူနိုင်ပါစေ။

တစ်နေ့တစ်ခြား စီးပွား လာဘ်လာဘများ ဒီရေလား သကဲ့သို့ ကြီး ပွား တိုးတက်၍ ကပ်ကြီး သုံးပါး တို့ မှလည်း ကင်းဝေး ပါစေနော် ကျွန်တော်အားရင် ဘတ်ထဲက အသိအမှတ် ပြုပေးကြသော ကျေး ဇူးရှင် ပရိတ်သတ်အမျိုးတွေ အားလုံးကို အထူးအထူးပင် ကျေးဇူး တင်ရှိပါတယ်နော် အားလုံး ကျန်းမာလို့ ချမ်းသာကြပါစေ🙏🙏🙏🙏🙏” ဆိုပြီး ပြောလာ ပါတယ်။

ဗီလိန် နေရာ က သရုပ်ဆောင် ခဲ့ရ ပေမယ့်လည်း အမုန်းပွား မခံရ ဘဲနဲ့ ပရိတ်သတ်ကြီး ဆီကနေ SURPRISE လက်ဆောင် တွေ အများကြီး ရတဲ့ အထိ အားပေးခံ နေရတဲ့ အကြောင်း ပြောပြလာတဲ့ ထူးခန့်ကျော်ရဲ့ အကြောင်းလေးကို ပြန်လည် မျှဝေ လိုက်ရ ပါတယ်။

source : celeconnection