အိန္ဒိယရဲ့ ဝင်ခွင့်ဘအခက်ဆုံး ဆေးတက္ကသိုလ်ကို အောင်မြင် ခဲ့တဲ့ အမှိုက်ကောက်သူရဲ့ သား

အိန္ဒိယရဲ့ ဝင်ခွင့်ဘအခက်ဆုံး ဆေးတက္ကသိုလ်ကို အောင်မြင် ခဲ့တဲ့ အမှိုက်ကောက်သူရဲ့ သား

ပရတ်သတ်ကြီးရေ အခုတစ်ခါ ပြောပြ ပေးမှာ ကတော့ အိန္ဒိယ ရဲ့ ဝင်ခွင့် အခက်ခဲဆုံး ဆေး တက္ကသိုလ် ကို အောင်မြင် ခဲ့တဲ့ အမှိုက်ကောက်သူရဲ့ သားဆိုတဲ့ သတင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ််။

ဆေး ကျောင်း ဝင် ခွင့် AIIMS (All India Institutes of Medical Sciences) စာမေးပွဲ ကတော့ အိန္ဒိယ နိုင်ငံ မှာက အခက်ဆုံးစာမေးပွဲတစ်ခု ဖြစ်ပါတယ်။ ကျောင်းသားပေါင်း သိန်းနဲ့ချီပြီး ဝင်ဖြေ ကြတဲ့ အထဲမှာ စာမေးပွဲ အောင်တဲ့သူ ဦးရေဟာ (၁) ရာခိုင်နှုန်း တောင်မှ မပြည့်ပါဘူး။ ဒီလောက် ခက်ခဲတဲ့ စာမေးပွဲမှာ အက်ရှာရမ် ရှို့ဟာရီ ကတော့ အောင်မြင် ခဲ့ပြီး အခုဆိုရင် အက်ရှာရမ်ဟာ AIIMS ကို ဂျိုပူးမြို့ဆေးတက္ကသိုလ်မှာ တက်ရောက်ခွင့် ရနေပြီ ဖြစ်ပါတယ်။

စာအရမ်းကြိုးစားလို့ ဆေးကျောင်းဝင်ခွင့်ရတာဟာ မထူးဆန်းပေမယ့် အက်ရှာရမ်မှာနောက်ထပ် ထူးခြားချက်တစ်ခုက ရှိနေပါသေးတယ်။ အက်ရှာရမ်က မက်ဒ်ယာပရာဒက်ရ်ှခရိုင်ဒီဝါမြို့က တဲပုတ်တစ်ခုမှာ နေထိုင်တဲ့ အမှိုက်ကောက်သမား တစ်ဦးရဲ့ သားပဲဖြစ်ပါတယ်။ နေရတဲ့အိမ်ကတဲပုတ်သာသာဖြစ်လို့ လျှပ်စစ်မီးတောင် လုံလုံ လောက်လောက် မသုံးရတဲ့ အခြေအနေမျိုးမှာ အက်ရှာရမ်ဟာ ကြီးပြင်းခဲ့တာပါ။

The Logical Indianကိုအက်ရှာရမ်ကအခုလို ပြောပြခဲ့ပါတယ်။“ကျွန်တော် ငယ်ငယ်တုန်းကအဖေက ရူပီး ၂၀၊၃၀ လောက်ပဲရှာနိုင်တာ။ရွာမှာရှိတာက ဒေါက်တာရမ်းကုတစ်ယောက်ရှိတယ်။ ရွာသားတွေက တစ်ခုခုဆို သူ့ဆီပဲ သွားကြတာဆိုတော့ လက်ဖျားငွေသီးတာပေါ့။ အဆင်ပြေလိုက်တာဆိုတာ။ ကျွန်တော်လည်း သူ့ကြည့်ပြီးတော့ ဆရာဝန်လုပ်ဖို့ စိတ်ကူးရသွားတာပဲ။ ကျွန်တော်က ဘဝကို အဆင်ပြေပြေ နေချင်တာဗျ။”

အက်ရှာရမ်ဟာ (၁၀)တန်း စာမေးပွဲ ပြီးတဲ့နောက်မှာ ဒက်ခ်နရှာနာဖောင်ဒေးရှင်းဝင်ခွင့် စာမေးပွဲကို အောင်မြင်ခဲ့ပါတယ်။ ဒက်ခ်ရှနာဖောင်ဒေးရှင်းဟာ NGOအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဆင်းရဲနွမ်းပါးတဲ့ ကျောင်းသားကျောင်းသူ တွေကို ပညာရေးကူညီထောက်ပံ့ပေးတဲ့ အဖွဲ့လည်းဖြစ်ပါတယ် ။ အက်ရှာရမ်ဟာပုံမှန်ကျောင်းတက်နေရတဲ့အပြင် ဒက်ခ်ရှနာရဲ့ အတန်း တွေ ကိုလည်း တက်ခဲ့ရပါတယ်။အက်ရှာရမ်ကတော့“အောင်မြင်မှုရဖို့ဆိုတာလွယ်လွယ်ကူကူတော့ ဘယ်ဟုတ်ပါ့မလဲ။

ကျွန်တော် တစ်နေ့လုံးစာဖတ်ရတယ်။တစ်နေ့ကို (၂)နာရီ (၃)နာရီလောက်ပဲ အိပ်ရတာ။ စာမေးပွဲမတိုင်ခင်တော့ တစ်လလောက်ကြိုပြီး စာတွေကိုအကုန် ပြန်နွှေးရတယ်။ လူတိုင်းလည်းအဲ့ဒီအချိန်မှာအိပ်ပြန်ပြီးတော့ စာကျက် ကြရတာပဲ။ ကျွန်တော်ကတော့ အိမ်မှာ လျှပ်စစ်မီးမရလို့ ရေနံဆီမီးအိမ်ကိုထွန်း ဒါမှ မဟုတ်ရင်လည်း သူ ငယ် ချင်းအိမ်ကို သွားပြီးတော့ စာဖတ်ရတယ်။” လို့သူကြိုးစားခဲ့ရပုံကိုပြောပြခဲ့ပါတယ်။ အခုအခါမှာတော့ အက်ရှာရမ်ရဲ့ ကြိုးစားခဲ့ရသမျှတွေဟာ အရာထင်လာခဲ့ပါပြီ။

ဆေးကျောင်းဝင်ခွင့် အောင်တဲ့နေ့မှာတော့ အက်ရှာရမ်ရဲ့ ဖခင်ကြီးဟာ ဝမ်းသာ လွန်းလို့ တစ်ည လုံး ကို မအိပ်နိုင် ရှာဘူး လို့ သိရပါတယ်။ မိဘတွေက ဆင်းရဲ ချို့တဲ့ ပေမယ့် ပညာ လိုလားပြီး ကိုယ်ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဆေးတက္ကသိုလ်ကိုတက်နိုင်ဖို့ အားသွန်ခွန် စိုက် ကြိုးစားခဲ့တဲ့ အက်ရှာရမ်ကတော့ လူငယ်တွေ အတု ယူထိုက်တဲ့ စံပြလူငယ်လေး တစ်ဦးပဲ ဖြစ် တာမို့ ပြန်လည် မျှဝေ ပါတယ်။ source :Cele Daily Update News