ယာဉ်ကြော ကြပ်တည်းမှု မှ ရှောင်ကွင်း နိုင်ဖို့ နေ့စဉ်အလုပ်ကို ရေကူးပြီး သွားတဲ့ သူ

ယာဉ်ကြော ကြပ်တည်းမှုမှ ရှောင်ကွင်း နိုင်ဖို့ နေ့စဉ် အလုပ်ကို ရေ ကူးပြီးသွားတဲ့ သူ

ပရိတ်သတ်ကြီးရေ အခုပြောပြ ပေးမှာ ကတော့ ယာဉ်ကြော ကြပ်တည်း မှုမှ ရှောင်ကွင်း နိုင်ဖို့ နေ့စဉ် အလုပ်ကို ရေ ကူးပြီး သွားတဲ့ သူ ဆိုတာပဲ ဖြစ်ပါတယ်။

ဂျာမနီ နိုင်ငံသား Benjamin David ဆိုသူ ကတော့ ယခင်က သူများတွေလို သာမန် ရုံးဆင်း ရုံးတတ် ပြုခဲ့ပေမယ့်၊ လွန်ခဲ့တဲ့ 2 နှစ်လောက် ကတည်းက ရုံးကို ဘယ်လို နည်းနဲ့ အလွယ် တကူနဲ့ ရောက်နိုင်မလဲ ဆိုတာကို ရှာဖွေတွေ့ရှိခဲ့ ပါတယ်။

အဲ့ဒါ ကတော့ သူနေတဲ့ နေရာနဲ့ မြစ်တစ်ခု ခြားတဲ့ အလုပ် ရှိရာကို ရေထဲကနေ ကူးပြီးတော့ဖြတ်သွားခြင်းပါဘဲ။ David ကနောက် ပိုင်းမှာတော့ သူရဲ့ လက်ပ်တော့နဲ့၊ ရုံးတက် ယူနီဖောင်းကို ရေမ၀င်နိုင်တဲ့ Waterproof bag စနစ် တကျ ထုတ်ပိုး ပြီးတော့ 2 ကီလို မီတာ (1.24 မိုင်) အကွာ အဝေးရှိ ခရီးကို နေ့စဉ် ရေကူးပြီး သွား ရောက်ခဲ့ပါတယ်။

သူက အသက် 40 နှစ် ရှိပြီ ဖြစ်ပြီးတော့၊ ဒီလို လုပ်ရခြင်းရဲ့ အဓိ က ရည်ရွယ်ချက် ကတော့ ယာဉ်ကြောကြပ်ပိတ်မှု မခံရ စေဖို့ ဖြစ်တယ်လို့ ပြောပါတယ်။တကယ်လည်း Davidဟာသာမန်လူတွေ နေ့စဉ်ကြုံတွေ့နေရတဲ့ ရထားပိတ်ခြင်း၊ ကားကြပ်ခြင်း၊ ယာဉ်သွားယာဉ်လာ ရှုပ်ထွေးခြင်း စတာတွေကို လုံးဝကို ရှောင်ကွင်း နိုင်ခဲ့တဲ့ အကျိုး ကျေးဇူးကို ရရှိ ခဲ့ပြီး၊ အလုပ်သွား အလုပ်ပြန် နောက်ကျခြင်းကိုလည်း ရှောင်လွှဲနိုင်ခဲ့ပါတယ်။

David နေထိုင်တဲ့ မြို့ဟာ ဂျာမနီနိုင်ငံက လူဦရေးအထူထပ်ဆုံးနဲ့၊ ယာဉ်ကြော ပိတ်ကြပ်မှု သိပ်သည်းမှုက အများဆုံး ဖြစ်တဲ့ မြူးနစ်မြို့ကြီး ဖြစ်ပြီး၊ သူရဲ့ အခက် အခဲကို ဖြေရှင်းတဲ့စနစ်ဟာ တစ်ခြားလူတွေ အတွက် ကတော့ အန္တရာယ် ကင်းတဲ့ ဖြေရှင်းမှု ဟုတ်ချင်မှ ဟုတ်မှာပါ ။ ဒါပေမယ့် သူ့အတွက် က တော့ သူဟာ ရေကို ကျွမ်းကျွမ်း ကျင်ကျင်ကူးခတ်နိုင်လို့ ဒီကိစ္စဟာသူ့အတွက် အခက် အခဲ မရှိပါဘူး။

လွန်ခဲ့တဲ့ 2 နှစ်က စခဲ့ပြီး ဒီအလေ့ အကျင့်က သူ့လို ရေကူးကျွမ်း ကျင်သူ တစ်ယောက်တောင်မှ ခပ်ဖြည်းဖြည်းနဲ့ စတင်ခဲ့ရတာ ဖြစ်ပါတယ်။ 2ကီလိုမီတာဆိုတဲ့ အကွာအဝေးဟာ လူတစ်ယောက် နေ့ စဉ် ရေကူးသွားလာဖို့ မဖြစ်နိုင်ပေမယ့်၊ အမြဲတမ်း အလေ့အ ကျင့်ဖြစ်နေတဲ့ သူ့အတွက် ကတော့ အလွန်ကို အဆင်ပြေတဲ့ သွားလာမှုတစ်ခု ဖြစ်လာ ပါတယ်။

David အသုံး ပြုတဲ့ Waterproof bag ဟာ နယူးဇီလန်နိုင်ငံထုတ် ဖြစ်ပြီး၊ ရေထဲမှာ စိတ်ချ လက်ချ နေလို့ ရပါတယ်။ ဒါ့အပြင် ရေကူး လို့ မောတဲ့ အခါမှာ ဒီ အိတ်ကို ရေဘောလုံး အဖြစ် အသုံးပြုနိုင်လို့ ရေနစ်မှာကိုလည်းမပူရတော့ ပါဘူးတဲ့ဗျာ ကောင်းလွန်းတဲ့ စိတ်ကူးလေးမို့ ပြန်လည် မျှဝေလိုက် ပါတယ်။

source : Real Thadin