နေမကောင်းလို့ ဆေးရုံတက်ဖို့ ကူညီပေးမယ့်သူရှိတာတောင် ဒီသရက်ကင်လေးရောင်းကုန်မှ အမေ့အတွက်အဆင်ပြေမှာဆိုပြီး ဆေးရုံမတက်ရဖို့မရမကပြောနေလာတဲ့ သားလိမ္မာလေး

ဒီနေ့ကလေးလေးတစ်ယောက် 84လမ်း41ဒေါင့်နားမှာ သရက်ကင်ဗန်းလေးကိုင်p တစ်ဖက်ကရင်ဘတ်လေးဖိလိုက် ဆိုင်ကယ်တွေကိုလိုက်တားလိုက်လုပ်နေတယ်

မျက်နှာလှမ်းကြည့်တော့ လဲ မျက်နှာကမကောင်းဘူး တစ်ယောက်မှလဲဆိုငိကယ်ကိုရပ်မပေးကြဘူး သူ့ကြည့်ပြီးသနားလာတာနဲ့ဆိုင်ကယ်ကိုသူ့ဘေးနားထိုးရပ်ပြီး ကလေး ဘာဖြစ်လို့လဲ ​နေမကောင်းဘူးလား မေးတော့ သူအသက်ရှုတွေကြပ်တယ်တဲ့ အသက်ရှုမဝဘူးတဲ့ မောနေရှာတယ် ချွေးတွေလဲပြန်လို့ သူ့ကိုလမ်းဘေးနေရိပ်တဲ့နေရာခနထိုင်ခိုင်းလိုက်ပြီး

ဘာလုပ်ပေးရမလဲမေးတော့ အာဖျန်းဆေး လိုချင်တယ်တဲ့ သူ့သုံးနေကျဟာလေးက အိမ်မှာမေ့ကျန်နေခဲ့တာတဲ့ သူ့ပိုက်ဆံလေးကြည့်တော့လဲအကြွေလေးတွေပဲရှိရှာတယ် ဗန်းထဲမှာလဲ သရက်ကင်တွေအများကြီးကျန်သေးတယ် ကျွန်တေိာလဲသနားပြီး ကလေးဆေးနာမည်သိလားလို့မေးတော့ သူသိတယ်တဲ့ အဲ့တာဆို လာဆိုငိကယ်ပေါ်တတ် သွားဝယ်မယ်ဆိုp

ဆေးဆိုင်မှာ သူ့အတွက်အာဖျန်းဆေး လိုက်ဝယ်ပေးလိုက်တယ် လက်ထဲလဲ6ထောင်ပဲပါခဲ့တာ ဆေးက4500 ပေးရလို့တော်သေးတယ် သူအဲ့ဆေးလေးသုံးလိုက်တော့ အရမ်းမသက်သာပေမယ့် ခုနကလောက်မဆိုးတော့ဘူး သူ့အကြောင်းနည်းနည်းမေးကြည့်တော့ သူ့အသက်က၁၂နှစိပဲရှိသေးတယ် 6တန်းတက်နေတာ အဖေမရှိတော့ဘူးတဲ့

အမေတော့ရှိတယ်တဲ့ အမတစ်ယောက်လဲရှိတယ်ပြောတယ် အမကလဲအိမ်ထောင်ကျသွားတော့ ကလေးနှစ်ယောက်နဲ့အဆင်မပြေဘူး သူ့အမေကလဲသူများတွေကိုလိုက်နှိပ်ပေးရတာတဲ့ မိသားစုက ​အဆင်မပြေဘူးတဲ့ ​နေနေတဲ့အိမ်ကလဲ ကျူး တဲ့ ပိုက်ဆံအကြွေးတွေရှိတယ်တဲ့ သရက်ကင်အကုန်ရောင်းကုန်မှ နေ့ပြန်တွေအမေကပေးနိုင်မှာတဲ့

ဘယ်ကလာတာလဲမေးတော့ တံခွန်တိုင်ဘက်ကနေလာရတာတဲ့ မနက်၇နာရီ၈နာရီဝန်းကျင်ကနေ တစ်နေကုန်ရောင်းရတာ တစ်ခါတစ်လေရောင်းမကုန်ရင် မိုးချုပ်တယ်ပြောတယ် ရောင်းမကောင်းတဲ့နေ့ဆိုအိမ်မပြန်ချင်ဘူးတဲ့ နေ့ပြန်တွေကညကျအကုနိလာတောင်းကြတာပြောတယ် သူဒီကိုအရင်ကတော့ ကားနဲ့လာတာ ခုကားမရှိတော့

ဆိုင်ကယ်တက္ကစီ နဲ့လာရတာတဲ့ တက္ကစီ ခနဲ့ကျ ​ရောငိးရတာအမြတ်သိပ်မကျနိဘူးတဲ့ ရောဂါဖြစ်တော့ မရောင်းရဘူး ဝယ်မစားကျဘူးတဲ့ ဒါကုန်အောင်ရောင်းမှဖြစ်မှာစိုp ထသွားဖို့လုပ်နေတော့ မင်းမသွားနဲ့အိမ်ပြန်လိုက်ပို့မယ်ပြောတော့ သူငြင်းတယ် ဒါကုန်မှရမှာတဲ့ သူဇွတ်သွားဖို့လုပ်တယ် မျက်နှာလဲသိပ်မကောင်းတဲ့ ကိုယ်ပူစမ်းကြည့်တော့

ကိုယ်တွေပူနေတယ် မင်းနေမကောင်းဘူးလားမေးတော့ သူမနေ့ကမိုးတွေမိတာ သိပ်နေမကောင်းဘူးတဲ့ မင်းအမောဖောက်တာ ဆေးခန်းမပြဘူးလား မေးတော့ သူကုတင်၅၀၀ ကလေးဆေးရုံကိုနှစိခါတတ်ဘူးတယ် ပိုက်ဆံမတတ်နိုင်လို့ သူဆေးရုံမသွားနိုင်တော့ဘူးတဲ့ အိမ်ကလဲအကြွေးတွေနဲ့မို့ ဆေးရုံတတ်ဖို့အဆင်မပြေဘူးလေတဲ့

ဒီအာဖျန်း ဆေးလေးနဲ့ပဲအဆင်ပြေပါတယ်တဲ့ ဒီဆေးကတစ်ဘူးဘယ်လောက်ခံလဲမေးတော့ တစ်ပတ်ပဲခံတယ်ပြောတယ် တစ်ပတ်တစ်ခါဝယ်ရတယ်တဲ့ အဲ့တာဆိုငါမင်းကို တစ်ပတ်တစ်ခါဝယ်ပေးမယ် ကူညီမယ် ကျောင်းဖွင့်ရင်လဲ ကျောင်းစာရေးကိရိယာမှန်သမျှ အကုန်ဝယ်ပေးမယ် လို့ ပြောလိုက်တယ် ဘာမှတော့သူပြန်မပြောဘူး သူပြန်တော့မယ်တဲ့

ဒါကုန်အောင်ရောင်းမှဖြစ်မှာ အမေ့ကို ပိုက်ဆံ ​ပေးရမှာဆိုပြီးဇွတိသွားမယ် လုပ်နေတော့ ခနလေး ငါသိတဲ့ ပရဟိတ ဆရာဝန်အမဆီကိုဖုနိးဆက်ပြီး အကူအညီတောင်းကြည့်ဦးမယ်ပြောပြီး အမဆီကိုဖုန်းဆက်p အကျိုးအကြောင်းပြောပြတော့ အမချကိချင်းလာကူညီပေးတယ် ကလေးကအားနည်းနေတာ ဆေးရုံသွားမှဖြစ်မယ်ဆိုပြီး

အိုးဝေနဲ့ ကုတင်၅၀၀ကိုသွားပြီး ပြတော့ ကလေးကဒီနေ့မှမသက်သာရင် မနက်ဖြန်ဆေးရုံတင်ရမယ်ပြောတယ် သူဆေးရုံမတတ်ချင်ဘူးတဲ့ သူဆေးရုံတတ်ရင် အမေ့ကိုပိုက်ဆံမပေးနိုင် ရင် နေ့ပြန်သမားတွေက လာကြမှာတဲ့ သူဆေးရုံမတတ်ချင်ဘူးဇွတ်ပြောနေရှာတာ လောလောဆယိတော့ဆေးရုံက ​သောက်ဆေးတွေနဲ့

အသက်ရှုကိရိယာ​လေးပေးလိုက်တယ် အဲ့အမကဆေးဖိုးတွေရောအကုန်ရှင်းပေးတယ် ကလေးကိုလဲ သရက်ကင်တွေသွားမရောင်းနဲ့တော့သူဝယ်မယ်ဆိုp ကလေးကို ပိုက်ဆံပေးရှာတယ် ကျွန်တေိာတို့ကိုလဲ ကလေးကို အိမ်ထိရောက်အောင်သေချာလိုက်ပို့ပေးပါတဲ့ သူညနေပိုင်းကျူတီရှိလို့ ခွဲခန်းဝင်ရမှာမို့ မအားတော့လို့ပါတဲ့ လိုအပ်တာရှိရင်

ဖုန်းဆက်လိုက်ပါဆိုပြီး အမက သေချာမှာp ပြန်သွားတယ် ကျွန်တော်တို့သူ့ကိုအိမ်ထိလိုကိပို့တော့ သူအိမ်လေးကရေတွင်လေးဘေး မှာ ဆောက်ထားတာ နေဖြစ်ရုံလေးပါ သူ့အမနဲ့တွေ့တော့ သူ့အမကို အကျိုးအကြောင်းပြောပြp တကယ်လို့ မနက်ဖြန်မသက်သာရင်ဆေးရုံတငိရမယ်လို့ ဆရာဝန်ကပြောတယ် အမတို့ဆက်သွယ်ရမယ့်ဖုန်းရှိလားမေးတော့

သူတို့မှာဖုန်းမရှိဘူးတဲ့ အဲ့တာဆိုကျွန်တော့်ဖုန်းနံပါတ်ပေးခဲ့မယ် မနက်ဖြန်သက်သာသာ၊ မသက်သာသာ ဖုန်းဆက်ပေးပါလို့ ဆေးရုံတင်ရတယ်ဆိုလဲ ငွေရေးကြေးရေးမပူပါနဲ့ ပရဟိတ သမားတွေနဲ့ဆက်သွယ်p အကူအညီတောင်းကြည့်ပေးပါ့မယ် ကျွန်တေိာတို့လဲတတ်နိုင်သလောက်ကူညီပေးပါ့မယ်လို့ပြောခဲ့တယ် ကလေးအကြောင်းသူ့အမကိုမေးတော့

ကလေးကရောဂါအခံရှိတယ်တဲ့ အမောခနခနဖောက်တတ်တာတဲ့ အရင်ကတော့ ဆေးရုံခနခနတတိရတယ် ခုမပြေလည်လို့ဆေးရုံမတတ်နိုင်ဘူးတဲ့ အာဖျန်းဆေးတောင် ရပ်ကွက်ထဲက သူ့ကိုသနားလို့ဆိုပြီး ဝယ်ဝယ်ပေးနေကျတာ ကလေးက အာဖျန်းဆေး ဖျန်ူးလိုက်ရင်တော့ သက်သာသွားတယ်တဲ့ အမြဲဆောင်ထားရတာ ဆရာဝန်တွေကလဲဆောင်ခိုင်းထာတာတဲ့

ဒီနေ့သူမေ့သွားလို့ စိတ်ပူနေတာတဲ့ ကျွန်တေိာတို့ကိုလဲ ကျေးဇူးတင်ကြောင်း အထပ်ထပ်အခါခါပြောရှာတယ် အန်တီရှိလား မေးတော့ အမေကသွားနှိပ်တာ ပြနိမလာသေးဘူးတဲ့ အိမ်က ကျူးလားမေးတော့ ဟုတ်တယ်တဲ့ အစိုးရကဖျကိဆိုဖျကိရမှာတဲ့ ကျွန်တော်တို့လဲ တစ်ခုခုလိုတာရှိရင်ဆက်သွယ်ဖို့ ဖုန်းနံပါတ်လေးပေးခဲ့လိုက်တယ်

မနက်ဖြန်လဲ ကလေးကမသက်သာရင် ဆေးရုံတတ်ခိုင်းဖို့် ပြောခဲ့လိုက်တယ် အတတ်နိုင်ဆုံးကူညီပါ့မယ်လို့ ပြောခဲ့တယ် သူတို့ကတော့မနက်ဖြန်သေချာပေါက် ဆက်မယ်ပြောတာပဲ သူ့စက်ဘီးလေးလဲ ပြင်ချငိတယ် ကျောင်းသွားရင်စီးဖို့်တဲ့ ကျောင်းဖွင့်ခါနီးအကုန်လာလုပ်ပေးမယ်လို့ သူ့ကိုပြောခဲ့တယ် ကလေးခဗျာ တစ်နေကုန်ဈေးရောင်းနေတော့

သူမှာကလေးသဘာဝ ဆော့ချင်ရှာမှာလေ သူ့မှာအချိန်မရရှာဘူး မနက်လဲထရတာတဲ့ ကလေးနဲ့တောင်မလိုက်ဘူး လောကဓံခံရရှာတာ တကယ်သနားဖို့ကောင်းတယ်ဗျ ဝဋ်ရှိရင်ဒီဘဝနဲ့ပဲကြေပါစေ မင်း လဲ နေအမြန်ကောင်းပါစေ မိဘကို လုပ်ကျွေးနေတဲ့မင်းက တစ်နေ့မှာ သူတော်ကောင်းနဲ့တွေ့မှာပါ ဆုမွန်ကောင်းတောင်းပေးပါတယ်

ဒီနေ့တစ်နေကုန်အစစအရာရာလိုက်ကူညီပေးတဲ့ ဆရာဝန်မလေး Daw Thar TharLay ကို ​ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ အမဒီထက်မကလဲကူညီနိုင်ပါစေ။ဒီထက်မကလဲလှူနိုင်ပါစေဗျာ မှတ်ချက် ပုံကိုခွင့်တောင်းပြီးမှတင်တာပါ Crd