ကျူးမြေလေးမှာ နေထိုင်တဲ့ အဖွားအိုအား တဲသစ်ကလေး ဆောက်ပေးခဲ့တဲ့ခင်ဝင့်ဝါ

ကျူးမြေလေးမှာနေထိုင်တဲ့အဖွားအိုအား တဲသစ်ကလေးဆောက်ပေးခဲ့တဲ့ခင်ဝင့်ဝါ

ခင်ဝင့်ဝါ ကတော့ သရုပ်ဆောင် တစ်ယောက် ဖြစ်သလို အလှမယ်တစ်ယောက်လည်း ဖြစ်ပါတယ် ။ သူမက ၂၀၁၃ ခုနှစ် က မြန်မာ နိုင်ငံ ကိုယ်စားပြု Miss Supranational Myanmar တစ်ယောက်ဖြစ်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိ ခဲ့တဲ့ အလှမယ်တစ်ယောက်ပါ။

သရုပ်ဆောင် အလုပ်နဲ့ ပတ်သက် ပြီး ပညာပေးတဲ့ ဇာတ်လမ်းမျိုးတွေဆိုရင်လည်း အကောင်းဆုံး ကြိုးစား လုပ်ဆောင်သွားမယ်လို့ ပြော ပါတယ်။

အခုချိန် မှာတော့ တီဗီ ကြော်ငြာ တွေ၊ ရုပ်ရှင် ဇာတ်ကားကြီးတွေကို ဆက်တိုက် ရိုက်ကူး နေရတဲ့ မင်းသမီး ချောလေး ဖြစ်လို့နေပါပြီ။

အခု ပြောပြ ပေးမှာ ကတော့ ပရိတ်သတ်ရဲ့ အချစ်တော် ရုပ်ရှင်သ ရုပ် ဆောင် မော်ဒယ် မင်းသမီးချောလေး ခင်ဝင့်ဝါ က လမ်းဘေးကျူးလေးမှာ နေထိုင် ရတဲ့ အသက် ၈၂ နှစ် အရွယ် အဖွားအိုတစ်ယောက်ရဲ့ တဲလေးအား အသစ်တစ်လုံး ပြန်လည် ဆောက်ပေးခဲ့တဲ့အကြောင်းပါ။

ခေးလေးလှူခဲ့တဲ့ အဖွားအို ရဲ့ငယ်ဘဝ ဖြစ်စဉ်က အသက် ၄နှစ် အ ရွယ်မှာ မိခင်ကတော့ ဆုံးပါးသွားပြီး ၆ နှစ် အရွယ်မှာ ဖခင် က ပါထပ်ဆုံးပါး သွားတယ်လို့ သိရပါတယ်။ အသက်အရွယ်ရ လာတော့အိမ်ထောင် ကျတယ်။

အိမ်ထောင်သက်၁၇နှစ် မှာပဲ အမျိုးသားက ဘုန်းကြီး ဝတ်သွားပြီးသားသမီး ကျောထောက် နောက်ခံက မရှိ။ ဆွေမျိုးသားခြင်းလဲမရှိတဲ့ အဖွားရဲ့ တဲအိုလေးကို အသစ် ပြန်လည် ဆောက်ပေးခဲ့ပါပြီ။

အဲ့ဒီတဲသစ် ကလေးအား သုဝဏ္ဏသာမ (လက်ပံတန်း) မှ ကူညီပြီးဆောက်လုပ်ပေးခဲ့ ပါတယ်ဆိုပြီး ခင်ဝင့်ဝါကသူရဲ့ facebook acc ဖော်ပြထားပါတယ်။

ပရိတ်သတ်ကြီး အတွက် ခင့်ဝင့်ဝါ ရဲ့ အလှူလေးကို သာဓု ခေါ်နိုင်စေရန် ပြန်လည် မျှဝေ ပေးလိုက်ရ ပါတယ်။ Source : Khin Wint Wah FB’ acc