ကမ္ဘာပေါ်မှာအလုံးရေ ကန့်သတ်ချက်နဲ့သာရောင်းတဲ့ ဒေါ်လာထောင်ချီတန်ဖိုးရှိတဲ့ နာရီကြီးကို ဝယ်ပြီး ကိုယ့်ဘာကိုလက်ဆောင်ပေးခဲ့တဲ့ ထွန်းထွန်း

ကမ္ဘာပေါ်မှာ အလုံးရေ ကန့်သတ်ချက်နဲ့ ရောင်းတဲ့ ဒေါ်လာထောင်ချီတန်ဖိုးရှိ နာရီကြီးကို ဝယ်ပြီး ကိုယ့်ဘာကို လက်ဆောင်ပေးခဲ့တဲ့ ထွန်းထွန်း

ပရိတ်သတ်ကြီးရေ ထွန်းထွန်း ကတော့ အနုပညာ လောကကိုကျင် လည်ခဲ့တာက နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီပဲဖြစ်ပါတယ်။ အောင် မြင်မှုတွေ အများအပြား ကိုလည်း ရရှိထားသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ (၂၄) ရက်နေ့ ကတော့ ထွန်းထွန်း ရဲ့ အသက် (၃၇) နှစ်ပြည့်တဲ့ မွေးနေ့လေးပဲ ဖြစ် ပါတယ်။ ထွန်းထွန်း ကတော့ သူ့ရဲ့မွေးနေ့မှာ အလှူအတန်း တွေကို ပြုလုပ်ခဲ့ သလို သူကြိုက်တဲ့ပစ္စည်းလေးကိုလည်း ဝယ်ယူပြီး မွေးနေ့လက်ဆောင် အဖြစ် ကိုယ့်ကိုကိုယ် လက်ဆောင် ပေးခဲ့ ပါတယ်။

ဒါကတော့ ထွန်းထွန်း က တစ်ကမ္ဘာ လုံးမှာ အလုံး အရေ အတွက်အကန့်အသတ်နဲ့ သာရှိတဲ့ Sevenfriday အမှတ်တံဆိပ် နာရီကြီးကို ဝယ်ယူခဲ့တာဖြစ်ပြီး ထွန်းထွန်းက သူအချိန် အကြာကြီးလို ချင်ခဲ့တဲ့ နာရီလေးကို ဝယ်ယူနိုင်ခဲ့လို့ အရမ်းဝမ်းသာနေတာပဲ ဖြစ်ပါတယ်။ ထွန်းထွန်း ကတော့ အိမ်ထောင်မရှိတဲ့ လူပျိုကြီး ပီပီ သူကြိုက်တဲ့ပစ္စည်းလေးကို သူ့ဘာသာ ဝယ်ယူပြီး လက်ဆောင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးကလည်း အပူအပင် ကင်းတဲ့ လူပျိုကြီး ထွန်းထွန်းရဲ့ဘဝကြီးကို အားကျ နေကြမယ် ထင် ပါတယ် နော် ။ ပရိသတ်ကြီးအားလုံး ကိုလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင် ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက် ပါတယ်။Source : Htin Aung Tun’s Facebook

Add a Comment

Your email address will not be published. Required fields are marked *