လေဖြန်းသွားလို့ မုံရွာဆေးရုံမှာဆေးကုသမှုခံယူနေတဲ့ လူရွှင်တော် ဦးမိုးကျော်

လေဖြန်းသွားလို့ မုံရွာဆေးရုံမှာဆေးကုသမှုခံယူနေတဲ့ လူရွှင်တော် ဦးမိုးကျော်

ပရိတ်သတ်ကြီးရေ ဦးမိုးကျော် ကတော့ သဘင်လောကမှာ လူရွှင် တော် ဆိုနီ ၊ မိုးကျော် ဆိုတဲ့ အတွဲညီတဲ့ ဟာသညီနောင်အဖြစ် ပရိ သတ်တွေကြားမှာ ထင်ရှားခဲ့တဲ့လူရွှင်တော်တွေပဲ ဖြစ်ပါတယ်။ လူ ရွှင်တော် ဆိုနီကတော့ ကွယ်လွန်သွားတာ ကြာခဲ့ပါ ပြီ။

လူရွှင်တော် မိုးကျော်ကတော့ ကျန်းမာရေးအခြေအနေတွေကြောင့် အနုပညာ လှုပ်ရှားမှု သိပ်ပြီးတော့မရှိပေမယ့်လဲ ဟာသ အစီအစဉ်တွေမှာတော့ အကဲဖြတ် ဒိုင်လူကြီး အဖြစ်ပါဝင် လှုပ်ရှားနေတာကို တွေ့ရပါတယ်။

အခုတစ်ခါ ပရိတ်သတ်ကြီးကိုပြောပြ ချင် တာ ကတော့ လေဖြန်းသွားလို့ မုံရွာ ဆေးရုံမှာ ဆေးကုသမှု ခံယူ နေတဲ့ လူရွှင်တော် ဦးမိုးကျော် ဆိုတဲ့ စိတ်မကောင်းစရာ သတင်းလေးပဲ ဖြစ်ပါတယ်။

လူရွှင်တော်ကြီး ဦးမိုးကျော် ကတော့ ဒီနေ့ (ဒီဇင်ဘာလ ၂၄) ရက်မှာ ရုတ်တရက် လေဖြန်းချင် သလိုဖြစ်ခဲ့ရ တယ်လို့ သိရပါတယ်။ လက်ရှိ မှာတော့ လူရွှင်တော်ကြီး ဦးမိုးကျော်က မုံရွာ ဆေးရုံ မှာ ဆေး ကုသမှု ခံယူနေရတဲ့ အကြောင်း လူရွှင်တော် ကောင်းကျော်က ပရိသတ်တွေကို အသိပေးပြောပြ ခဲ့ပါတယ်။

လူရွှင်တော်ကြီး ဦးမိုးကျော် ဒီမနက် လေဖြန်း သလို ဖြစ်သွား ပါသဖြင့် မုံရွာမြို့ ဆေးရုံကြီးကို တင်လိုက်ရ ပါသည်။ ဒါပေမဲ့ သက် သာပါသည် ခင်ဗျာ။ ကျောက်ပန်းတောင်းက သူ့ရဲ့ သမီး လာ ခေါ်သွားပါပြီ” ဆိုပြီးတော့ ဒီဇင်ဘာလ (၂၄) ရက်နေ့ ညနေ (၄) နာရီကျော် က လူရွှင်တော် ကောင်းကျော် ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာ မှာ ရေးသားခဲ့ပါတယ်။

ဦးမိုးကျော်ရဲ့ ကျန်းမာရေး အခြေ အနေကို သိလိုက်ရတဲ့ ပရိသတ်တွေ၊ လူရွှင်တော်လောကသားတွေ ကလည်း စိတ်မကောင်းဖြစ်လို့နေကြပါတယ်။ ကျန်းမာရေး အမြန်ဆုံး ပြန်ကောင်းလာဖို့ အတွက်ကိုလည်း ပရိတ်သတ်ကြီး ကလည်း ဆုတောင်း ပေးကြ ပါဦးနော်။source : Duwun Cele Yatkwat

Add a Comment

Your email address will not be published. Required fields are marked *