အွန်လိုင်းပေါ်တွင် နှမသားချင်းမစာနာ မိန်းမပျိုလေးများအား ညစ်ညမ်းကားများ လိုက်ပြနေသူအား ဖမ်းဆီးအရေးယူ

မိန်းမပျိုတစ်ဦး၏ ဓါတ်ပုံအားအသုံးပြု၍ အွန်လိုင်းလူမှု့ကွန်ယက်ပေါ်သို့တင်ပြီးအရှက်နှင့်ဂုဏ်သိက္ခာကျ ဆင်းအောင်ညစ်ညမ်းစာသားများနှင့် VIDEO-CALL ခေါ်ပြီး မဖွယ်မရာများ ပြခဲ့သူ အရေးယူခံရ

ကျောက်တံခါး ဧပြီ(၂၈)ရက် ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ကျောက်တံခါးမြို့မရဲစခန်းအပိုင် ကွင်းမြောက်ရပ်ကွက်နေသူ မ—–သည်နေအိမ်၌၄င်း၏ Nge-Nge အမည်ရှိလူမှု့ကွန်ယက် FaceBook အား အသုံးပြုနေစဉ်Starlay White Starlayအမည်ရှိFaceBook Account မှလာအပ်သဖြင့်

မ———-မှလက်ခံခဲ့ပြီး Friend ဖြစ်သွားသည့် နောက်ပိုင်းတွင် အဆိုပါအကောင့်မှ မ——အားဂုဏ်သိက္ခာကျဆင်းစေမည့်စကားများပြောဆိုသဖြင့်မ——-မှ အဆိုပါအကောင့် အား blockခဲ့ပါသည် blockပြုလုပ်ပြီးနောက်ပိုင်းတွင် မ——မှ ၄င်း၏ NgeNge.အမည်ရှိ လူမူ့ကွန် ယက်စာမျက်နှာ FaceBook

တွင်အသုံးပြုထားသောPro file Picture အား Copyယူ၍ အမည်မသိလူတစ်ဦးမှFake Account ပြုလုပ်ကာ မ—–၏ရင်းနှီးသူများအား Messengerတွင် မ——အနေ ဖြင့် စကားလိုက်လံပြောဆိုနေကြောင်း ကြားသိရသဖြင့်မ——-မှတစ်အိမ်တည်းနေ ညီမဝမ်းကွဲတော်စပ်သူမ—-(၁၉)နှစ်အားအဆိုပါအမည်မသိ

FaceBookAccount ပိုင်ရှင်အားစုံစမ်းပေးရန် ပြောဆိုခဲ့ရာမ——မှ၎င်းအသုံးပြုနေသော MiyaFaceBook Account ဖြင့် Friend Add ပြုလုပ်ခဲ့ရာ အဆိုပါNgeNge အမည်ဖြင့် Face Book Accountအသုံးပြုနေသော အမည်မသိမှ Accept ပြုလုပ်ခဲ့ရာ

Friend ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင်း မ—–မှအဆိုပါသူ နှင့် Messenger မှ ဆက်လက်စကားပြောဆိုရာအဆိုပါ Fake Account အသုံးပြုသူမှ မ—–အနေနှင့် ယောက်ျားလေးများနှင့် အတူနေဘူးလား မောင်နှင့်နှမ မကြားဝန့်မနာသာ စားသားများအားပေးပို့ပြီး Sexy ကားတွေရှိတယ် ကြည့်မလား

မိန်းကလေးချင်းဘဲ သမီးကတော့ကြည့်တယ် စသဖြင့်မိန်းခလေးတစ်ယောက်၏ အရှက်နှင့်ဂုဏ်သိက္ခာအား ကျဆင်းအောင်ပြောဆိုလာသဖြင့် မ—–မှ VIDEOCall နှင့် စကားပြောခဲ့ရာ Fake Accountပိုင်ရှင်မှာ တင်မျိုးထွေး(ခ)ငယ်ငယ်(၂၅)နှစ်(ဘ)ဦးတင်ဝင်း ကွင်းမြောက်ရပ်ကွက် ဇရပ်ကုန်းပိုင်း ကျောက်တံခါးမြို့နေသူဖြင့်ကြောင်း

သိရှိခဲ့ရသဖြင့် မ—-မှ လူမူ့ကွန်ယက်စာမျက်နှာမှာ Fack Bookပေါ်ရှိ ၄င်းတင်ထားသော Profile Picture အားအသုံးပြု၍ Fack Account ဖွင့်လှစ်ကာ ၄င်းနှင့်ညီမဝမ်းကွဲတော်စပ်သူ တို့၏ အရှက်နှင့်ဂုဏ်သိက္ဓာထိခိုက်ကျဆင်းအောင်ပြုလုပ်သူ တင်မျိုးထွေး(ခ) ငယ်ငယ်အား ဧပြီလ (၂၈) ရက်နေ့ နံနက်၂ နာရီအချိန်တွင်

ဥပဒေအရ အရေးယူပေးပါရန်တိုင်တန်းလာသဖြင့် ကျောက်တံခါးမြို့မ ရဲစခန်းမှ (ပ)၁၅၅/၂၀၁၉ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)အရ အမူ့ဖွင့်အရေးယူထားပြီး အမူ့အား ဒုရဲအုပ်ဇော်မင်းဦးမှ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည် မျိုးနိုင်-ကျောက်တံခါး ZPLUS-သတင်းအေဂျင်စီ

Add a Comment

Your email address will not be published. Required fields are marked *