ဝယ်လာတဲ့ဗီရိုထဲမှာစိန်နဲ့ရတနာပစ္စည်းတွေတွေ့ခဲ့ပေမယ့် ပိုင်ရှင်ထံပြန်ပေးခဲ့တဲ့အဘိုးအို

ဝယ်လာတဲ့ဗီရိုထဲမှာစိန်နဲ့ရတနာပစ္စည်းတွေတွေ့ခဲ့ပေမယ့် ပိုင်ရှင်ထံပြန်ပေးခဲ့တဲ့အဘိုးအို

ပရိတ်သတ်ကြီးရေ အခု တင်ပြ ပေးမယ့် အကြောင်းရာ ကတော့ ဝယ်လာတဲ့ ဗီရိုထဲမှာ စိန်နဲ့ ရတနာ ပစ္စည်းတွေ တွေ့ခဲ့ ပေမယ့် ပိုင် ရှင်ထံပြန်ပေးခဲ့တဲ့ အဘိုးအိုရဲ့ အကြောင်းလေးပဲဖြစ်ပါတယ်။ သူကတော့ အမေရိကန် နိုင်ငံက (67)နှစ် အရွယ်ရှိတဲ့

Emil Knodell ဆိုသူ အဘိုးအိုပဲ ဖြစ် ပါတယ်။ အဘိုးအိုက တော့အသက်ကြီးမှ ထီ ထ ပေါက်သလိုမျိုး ကံကောင်းခဲ့ ပေမယ့်လည်း အဲဒီ ကံဇာတာကို ဖြောင့်မတ်တဲ့သမာဓိ၊ ကြင်နာမှုနဲ့ လဲခဲ့သူဖြစ်ပြီး နောက်လူတွေ အတွက် လေးစား အတုယူစရာ အဘိုး တစ်ဦးဖြစ်ခဲ့ပါတယ်။

ဖြစ်ပုံက ဒီလိုပါ အဘိုးအိုက တက်ဇက် ပြည်နယ်၊ ဘယ်ဗီလီရှိ လှ ပတဲ့ ရှေးဟောင်း ဗီရိုတစ်ခု အရောင်း တင်ထား တာကို တွေ့ခဲ့ပြီး လိုချင်လို့ ကန်ဒေါ်လာ(100)နဲ့ဝယ်ယူခဲ့ပါတယ်။ Knodellဟာ ဗီရိုကိုဝယ်ယူပြီးတော့သူ့ရဲ့ သူငယ်ချင်းနဲ့အတူ ဗီရိုကိုကားနဲ့ သယ်ခဲ့ပါတယ်။ ကားနဲ့သယ်လာတဲ့ အချိန်မှာ ဗီရိုထဲကနေ အရာဝတ္တုတစ်ခုနဲ့တစ်ခု ထိခိုက်တဲ့ အသံတွေကို ကြားခဲ့ရပြီး မဝယ်ခင် ဗီရိုရဲ့အံဆွဲတွေကို စစ်ခဲ့ရာမှာလည်း ဘာမှ မတွေ့ခဲ့ရလို့ သူတို့တွေဟာ စိတ်ရှုပ်ထွေးခဲ့ရ ပါတယ်။

အိမ်ကိုပြန်ရောက်တဲ့ အခါမှာတော့ Knodellဟာ ဗီရိုကို ရှာဖွေစစ်ဆေးကြည့်ရာမှာတော့ အောက်ဆုံးအံဆွဲထဲမှာ လျှို့ဝှက်အကန့်ကိုတွေ့ခဲ့ရ ပါတယ်။ အဲဒီအကန့်ထဲမှာ စိန်တွေ၊ ရတနာပစ္စည်းမျိုးစုံ၊ ငွေသားတွေ၊ ပြည်တွင်းစစ်နဲ့ ပတ်သက်တဲ့ အမှတ်တရ ပစ္စည်းတွေကို တွေ့ခဲ့ရ ပါတယ်။

ဒါပေမယ့် Knodell ဟာ ရတနာပစ္စည်းများကို ပိုင်ဆိုင်မှု ထက် လျှို့ဝှက်ချက် နောက်ကွယ်က အကြောင်းအရင်းကို သိချင်ခဲ့သလို သူ့ရဲ့ ရိုးသား သမာဓိ ရှိမှုကိုလည်း ငွေကြေး ဥစ္စာနဲ့ မလဲနိုင်သူတစ်ဦး ဖြစ် ပါတယ် ။ ဒါကြောင့် သူဟာပစ္စည်း ဥစ္စာတွေ ရှာတွေ့တဲ့အ ကြောင်းကို ပိုင်ရှင်ထံကို ပြောခဲ့ပြီး ပစ္စည်း တွေကိုလည်း ပြန်အပ် ခဲ့ပါတယ်။

ပိုင်ရှင်ကလည်း သူအနေနဲ့ အဖိုးတန် ပစ္စည်းတွေရှိမယ်လို့ စဉ်းစားခဲ့ခြင်း မရှိကြောင်းနဲ့ ဗီရိုမှာ သူ့ဘိုးဘွား လက်ထက် ထဲက ပိုင်ဆိုင်တဲ့ဗီရိုပါလို့ ပြောခဲ့ပါတယ်။ ပိုင်ရှင်အနေနဲ့ ဘိုးဘွားပိုင် ပစ္စည်းတွေပြန်ရလို့ ဝမ်းသာနေမှာဖြစ်သလို တည်ကြည် ဖြောင့်မတ်တဲ့ အဘိုးကို ကျေးဇူးတင်မဆုံးဖြစ် နေမှာ ဖြစ်ပါတယ်။ ပရိတ်သတ်ကြီး ဆိုရင်ရောဒီလို အဖြစ်ပျက်မျိုး ကြုံခဲ့ ရင်ရော ဘယ်လိုလုပ်မှာပါလဲ။ ဒါမျိုးဆိုတာကလူတိုင်းမလုပ်နိုင်တဲ့အရာပါ။ အဘိုးအိုရဲ့ လေးစားဖွယ်ကောင်းတဲ့ စိတ်ဓာတ်ကို ပရိတ်သတ်အတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်။ source : cele daily