မိခင် မေတ္တာစိတ် နဲ့ နို့ချို တိုက်ကျွေး ခဲ့တဲ့ နွားမကြီး နဲ့ လူသားရဲ့မေတ္တာ

မိခင် မေတ္တာစိတ် နဲ့ နို့ချို တိုက်ကျွေး ခဲ့တဲ့ နွားမကြီး နဲ့ လူသားရဲ့မေတ္တာ

ပရိတတ်သတ်ကြီးရေ အခု တစ်ခါ ပြောပြပေးမှာကမိခင် မေတ္တာစိတ် နဲ့ နို့ချို တိုက်ကျွေး ခဲ့တဲ့ နွားမကြီး နဲ့ လူသားရဲ့မေတ္တာဇာတ် လမ်း တစ်ပုဒ်ပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းလေးက ဒီလိုပါ ရွာတစ်ရွာမှာ မိခင်ဖြစ် သူကသားလေးမွေးရင်း မီးတွင်းထဲမှာပဲ ဆုံးပါး သွားခဲ့ရှာပါတယ်။ လူမမယ် သားလေး မိတဆိုးလေးမို့ ဖခင်ဖြစ်သူက နို့ချိုတိုက်ကျွေးဖို့ အခက်ကြုံ လာပါတယ်။ အဲ့အချိန်မှာပဲ တိုက်ဆိုင်စွာ အိမ်မှာမွေးထားတဲ့ နွားမကြီးကလည်း နွားသားပေါက်လေး မွေးထားတာမို့ အရံသင့်ပဲ မိတ ဆိုးသားလေးအတွက် နို့ချိုတိုက်ကျွေးရမဲ့ပြဿနာ ပြေလည်သွားခဲ့ပါတယ်။ ။

မူကြို အရွယ်သားလေး ကျောင်းသွားရင် ညနေရောက်တိုင်း နွားမကြီးက ကျောင်းရှေ့ကို လာလာကြိုတဲ့အထိ နွားမကြီးနဲ့ သားလေး ရဲ့သံယောဇဉ် တွေက ကြီးလာခဲ့ပါတယ်။ဒီလိုနဲ့ တစ်ညနေကျောင်းဆင်းချိန်မှာတော့ နွားမကြီး ရောက်မလာခဲ့ပါဘူး။သံယောဇဉ် တွေအဆက် ပြတ်မယ့်နေ့ ကို ရောက်လာ ခဲ့ပြီလို့ ပြောရ မလား သားလေးခမျာ နွားမကြီးကို မျှော်ရင်းနဲ့ အိမ်ပြန်ရောက်ခဲ့ပြီ။

ရောက်ရောက်ခြင်းပဲ သားလေးက သူ့ အဖေကို မေးပါတော့တယ်။ နွားမကြီး ဘယ်ရောက်သွားလည်းအဖေ။ မျက်နှာမကောင်းဖြစ်နေရှာတဲ့ ဖခင်ကသားလေးရဲ့ နွားမကြီးကို ရောင်းလိုက်ရ ပြီသားရေ။ အိမ်က စည်းပွားရေးက မကောင်းတော့ လယ်တွေယာတွေစိုက်ပျိုးဖို့ မျိုးက ဝယ်ရဦးမယ်။ စားဝတ်နေရေးအတွက်အဖေ ဒီနွားမကြီးကို မရောင်းမဖြစ်တော့လို့ အဖေရောင်းလိုက်ရတာပါ သားရယ်တဲ့လေ။ခိုင်းနွားတွေရောင်းလိုက်ရင် အဖေ့လက်မောင်းတွေ ဖြုတ်သ လိုဖြစ်မှာမို့နောက်ဆုံးရွေးချယ်လိုက်ရခြင်းပါတဲ့။မိခင်တစ်ယောက်လိုတွယ်တာခဲ့တဲ့ သားလေး က ငိုကြွေးရုံမှတပါးအခြားမရှိ။ ဒီလိုနဲ့မစားမသောက်ပဲ အိပ်ယာထဲ လဲခဲ့ပြီပေါ့။

ဒီလိုနဲ့ ၂ရက်လောက်နေတာ့ အိမ်ရှေ့က နွားအော်သံ ကြားရတော့ ဖခင်ဖြစ်သူက အိမ်တံခါးကို ဖွင့်ကြည့်ချိန်မှာ မျှော်လင့် မထားတဲ့မြင်ကွင်း။သားဖြစ်သူကို အိပ်ယာက နှိုးလို့ သားလေးထကြည့်စမ်းပါဦးကွာ။အိမ်ရှေ့ကို သားဖြစ်သူမြင်လိုက်ရတဲ့မြင်ကွင်း ပျော်ရွှင်မ ဆုံးဖြစ်ရပြီပေါ့။ ရောင်းလိုက်တဲ့ နွားမကြီးကအိမ်ရှေ့မှာ ဝယ်သွား သူကိုယ်တိုင် လက်ကဆွဲလို့ ရောက်နေပါတယ်။

ဝယ်သွားသူက” ဒီနွားမကြီး အိမ်ရောက်တဲ့ နေ့ ကတည်းက ဘာမှ လည်းကျွေး မရဘူးဗျာ မျက်ရည်တွေပဲ ကျနေတာ အစာလည်း မစားဘူး၊ အော်နေတာညတိုင်းပဲ၊ ဒါနဲ့အကြောင်းရင်းကို သိရအောင် ဒီပြန်ခေါ်လာတာပဲ “လို့ပြောတော့ ဖခင်ဖြစ်သူကလည်း နွားမကြီးနဲ့သားလေးရဲ့ အကြောင်းစုံကို ရှင်းပြ လိုက်တော့ ဇာတ်ရည်လည် သွားပါတော့တယ်။ ဝယ်သွားသူကလည်း “ ကျုပ် ဒီနွားမကြီးနဲ့ဒီကလေးရဲ့ သံယောဇဉ်ကို မဖြတ်တော့ ပါဘူးဗျာ။ ငွေကိုလည်း ပြန်မပေးပါနဲ့တော့။

မအေ မရှိတော့တဲ့သားလေးအတွက် မိခင်မေတ္တာစိတ်နဲ့ နို့ချိုတိုက်ကျွေးခဲ့တဲ့ ဒီနွားမကြီးနဲ့ကလေး ဘဝရေစက် ရှိသရွေ့နေထိုင်ပါစေတော့ဗျာ “ဆိုပြီး ထားခဲ့ပါတော့တယ်။တိရစ္ဆာန်ပင်ဖြစ်လင့်ကစား မျိုးမတူ ဘဝခြားပေမဲ့ သံယောဇဉ် နှောင်ဖွဲ့မှု တွေနဲ့ မေတ္တာတရားထားတတ်မှုတွေ ဟာ ကျွန်တော်တို့ လူသား အချို့ထက် ပိုလို့နေပါတယ်။

တိရစ္ဆာန် ဖြစ်ပေမယ့်လည်း မျိုးမတူတဲ့လူသား အပေါ် ထားတဲ့ သံ ယောဇဉ်နှောင်ဖွဲ့မှုတွေနဲ့ မေတ္တာတရာကြီးမားတဲ့ နွားမကြီးလို ကျွန် တော်တို့ လူသားတွေကလည်း ကျင်လည်ရတဲ့လူ့ဘဝ ခဏလေးမှာ တစ်ဦး အပေါ် တစ်ဦး အပြန် အလှန် နားလည်မှု တွေ စာနာ မှု့တွေ မေတ္တာ တရားတွေနဲ့ လွှမ်းခြုံလိုက်ရင် လူ့အသိုက် အဝန်းတစ်ခုကို တည်ဆောက်နိုင်ပါရင် ဒီကမ္ဘာလောကကြီး သာယာအေးချမ်းသွားမယ်လို့ မြင်ယောင်ရင်း Credit_ Original uploader.