ဝမ်းသာစရာပါ…လူသားတွေအတွက် ကိုဗစ် 19 ကာကွယ်ဆေးကို အိန္ဒိယမှာရှိတဲ့ Serum Institute of India က စတင်ထုတ်လုပ်တော့မည်

Oxford University က လူမှာစမ်းသပ်နေတဲ့ Covid-19 ကာကွယ်ဆေးကို အိန္ဒိယမှာရှိတဲ့ Serum Institute of India က စတင်ထုတ်လုပ်တော့မယ်လို့ ဆိုပါတယ်။

Serum Institute of India ဟာ ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေးအမြောက်အများထုတ်လုပ်သူ ဖြစ်ပါတယ်။အခု Oxford University ရဲ့ ကာကွယ်ဆေး ChAdOx1nCoV-19 ကို အရေအတွက် dose သန်း 60 အထိ ဒီနှစ်ထဲမှာ ထုတ်လုပ်ဖို့ လျာထားပါတယ်တဲ့။

Serum ရဲ့ အမှုဆောင်အရာရှိချုပ် Adar Poonawalla ရဲ့ အပြောအရ မျောက်မှာစမ်းသပ်တာအောင်မြင်တာနဲ့ သူတို့အခုလို ကြိုတင်ထုတ်လုပ်ဖို့ ပြင်ဆင်လိုက်တာလို့ဆိုပါတယ်။ Oxford မှာ တကယ့်ကိုတော်တဲ့ ပညာရှင်တွေရှိနေပြီး Serum အနေနဲ့ ယုံကြည်မှုအပြည့်ရှိလို့ အခုလို ကာကွယ်ဆေးကို လူမှာစမ်းနေတာကို မစောင့်တော့ပဲ ထုတ်လုပ်ဖို့ ပြင်ဆင်လိုက်တာ ဖြစ်တယ်လို့ဆိုပါတယ်။

ကျနော်မနေ့က တင်ပြခဲ့တဲ့ Oxford ရဲ့ ဆေးကို အမေရိကန်ပြည်ထောင်စု Montana ရှိ Rocky Mountain Lab တွင် မျောက်တွေမှာ စမ်းသပ်ခဲ့တဲ့ အကြောင်း Oxford University ကထုတ်ထားတဲ့ Covid-19 ကာကွယ်ဆေးဟာမျောက်မှာစမ်းကြည့်တာအခြေအနေကောင်းနေပါတယ်။

Rhesus macaques မျောက် 6 ကောင်ကို Oxford ကထုတ်ထားတဲ့ hAdOx1nCoV-19 ကာကွယ်ဆေးကိုပေးခဲ့ရာမှာ ရောဂါပိုးပမာဏများစွာနဲ့ထိတွေ့ပေးခဲ့ပေမယ့် ဒီမျောက်တွေက မဖြုံပါဘူးတဲ့ အဲ့ဒီကာကွယ်ဆေးထိုးထားတဲ့ မျောက် 6 ကောင်ဟာ Covid-19 ဖြစ်စေတဲ့ပိုးနဲ့ ထိတွေ့ပြီး 28 ရက် ကြာသည့်တိုင် ကိုရိုနာဗိုင်းရပ်စ်ပိုးစွဲကပ်ခြင်းမရှိတာကို တွေ့ရပါတယ်။

ဒီစမ်းသပ်မှုကို မတ်လအတွင်းမှာ Montana က Rocky Mountain Lab မှာ စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။ တရုတ်မှာလည်း ဒီမျောက်မျိုးနဲ့စမ်းဖူးပေမယ့် အခု Oxford ကဆေးနဲ့ တရုတ်ရဲ့ Sinovac ကဆေးက မတူပါဘူး။ အခု Oxford က ဆေးက ချင်ပန်ဇီဗိုင်းရပ်စ်ကနေအခြေခံထုတ်ထားတာဖြစ်ပါတယ်။

အခုလိုမျောက်တွေမှာ အခြေအနေကောင်းတာတွေ့ခြင်းဖြင့် လူတွေမှာ အခြေအနေကောင်းဖို့ ရာနှုန်းပြည့်အာမမခံနိုင်ပေမယ့် အခြေအနေကောင်းဖို့များတယ်လို့ ပြောလို့ရကြောင်းပါ။ အခုလူတွေမှာ စမ်းသပ်ကာစထိုးပေးနေပြီး စမ်းသပ်မှုက စက်တင်ဘာလမှာပြီးမှာဖြစ်ပါတယ်။ အဲ့ဒီလို စက်တင်ဘာလမှာ ပြီးလို့ အခြေအနေကောင်းခဲ့ရင်

လူတွေမှာ စက်တင်ဘာမှာ စထိုးပေးရင်တောင်မှ ဒါဟာအစောဆုံး ကာကွယ်ဆေးတွေ့ရှိမှုတစ်ခု ဖြစ်လာပါလိမ့်မယ်။ Richard Myo Thant 29-April-2020