ဆီးချို ဆိုတာ ဂရုစိုက်စရာ မလိုတဲ့ နည်း

ဘယ်လောက်ထိအောင် ဆီးချို တက်နေလဲ

ပရိတ်သတ်ကြီးရေ အခုတစ်ခါပြောပြပေးမှာကတော့ ဆီးချိုရော ဂါနဲ့ ပတ်သတ်တဲ့ နည်းလေး အကြောင်းပါ။ ဆီးချိုရောဂါဟာလူတိုင်းသတိထား ကွာကွယ်ကြ ရမယ့် ရောဂါလဲ ဖြစ်ပါတယ်။ အခု ခေတ်မှာ လူတော်တော်များများက ဆီးချိုရောဂါကိုခံစားရ​နေရ ပါတယ်။

ပရိတ်သတ်ကြီးရေ တောင်သုံးလုံးအဘိုးသံကို ကြားဖူးလား။ ဆေးဝိဇ္ဇာ လို့နံမည်ကြီးတယ်။ သူကျွန်တော် ဦးလေးကို ဆီးချို ကု ပေးတဲ့ ဆေးနည်း ရှိတယ်။

ကျွန်တော်ဦးလေး ကတော့ တကယ်ကို သက်သာ ပျောက်ကင်း ခဲ့ပါတယ်။ နည်း လေးကတော့ အလွယ်လေးပါ။ ဒါပေမယ့် လူတွေက အလွယ်ရတော့ တန်ဖိုးမထားကြပါဘူး။ နည်းလေးမှာ ပါဝင်တဲ့အရာတွေ ကတော့

မာလကာရွက် (၅)ရွက်
ကြက်သွန်ဖြူ (၁)ဥ
ကြက်သွန်နီ(၁) ဥ
သံပုရာ (၁)စိတ်
ဆားအနည်းငယ် တို့ပဲ ဖြစ်ပါတယ်။

အဲ့ဒီ အမယ် တွေဟာ မြင်နေ တွေ့ နေရ တာ များလို့ သာ အထင်သိပ်တန်ဖိုးမသိ အလေး မထား ကြတာ ။ တစ်မယ်ခြင်းရဲ အကျိုး အာနိ သင် ဂုဏ်စွမ်းအားတွေက အများကြီးပဲ။ မာလကာရွက်မှာတင်စွမ်း အင်တွေက အများကြီး၊ ကြက် သွန်ဖြူ/နီ၊ သံပုရာ ၊ဆားအကုန်လုံးအစွမ်းကြီးလှတယ်။

အဲ့ဒါတွေကို ရေမတ်ခွက်တစ်လုံး (၃)ခွက်တစ်ခွက် ပြုတ်ပြီးနေ့စဉ်သောက်ခိုင်းတာပါပဲ။ အရသာ ကတော့ ဖန်၊ သက်၊ ခါး၊ ချဉ် အဝါရောင် အရည်ပါ။ ဆေးပတ်လည်ပြီဆိုတာနဲ့ ဆီးချိုအတက် အကျ ကိုချိန်ကြည့် အံ့သြဖွယ် သက်သာ ပျောက်ကင်းတာကို တွေ့ရလိမ့်မယ်။ အကုန် လွယ်လွယ်ကူကူပဲ။

နောက် ထပ် နည်းလေး တစ်နည်း က တော့ နက္ခတ္တရောင်ခြည်မှာ ဖော်ပြ ထားတာလေးပါ။ ဆီးချို အခြေ အနေ မဆိုးသေးသောဝေဒနာရှင်အတွက်(၁) မာလကာရွက်(၁၄/၁၅)ရွက်(၂) ကြက်သွန် ဖြူ (၁)လုံး ထို နှစ်မျိုးကို ကြေညက် စီးပိုင် နေ အောင် ထောင်းရ မည်ဟု ဆို ပါသည်။ပြီးလျှင် ပျားရည် စစ်စစ်သင့်ရုံထည့်ပြီး သမအောင် ရောမွေပြီးရေအေးနှင့် မျှောချလိုက်ရန်ဖြစ် သည်။

ဆီးချိုရောဂါ တအားတက်၍ (၄၀၀/၄၈၀) ရှိနေ မည် ဆိုလျှင်(၁) မာလကာရွက် လက်တစ်ဆုပ်ခန့် (၂) ကြက်သွန်ဖြူ (၃/၄)လုံး(၃) ပျားရည် နည်းနည်း ပိုထည့်ပြီး အထက်ပါနည်းအတိုင်းလုပ်ဆောင်ပြီး နှစ်ကြိမ် သုံးကြိမ်ခွဲ၍ မှီဝဲ ပေးပါဟု ဆိုထားပါသည်။

ဆီးချိုဝေဒနာ ဆိုးရွားလှသော သူတို့ အတွက် ဒုတိယနည်းအတိုင်း မပျက်မကွက် (၁)လခန့် မှီဝဲသွားပါက ဆီးချို ရောဂါက သက်သာပျောက်ကင်းသွားမည် ဖြစ်သည်ဆိုပါသည်။လူချင်းတူသော်လည်း ကံခြင်းမတူကြပါ။ထို့အတူရောဂါချင်းတူပါသော်လည်း သွေးသား သဘာဝ ကွဲပြားကြပြန် ၍ ပျောက်ကင်းကြပုံမတူကြပါ။

ရှေ့ပညာကြီးသူ တို့က ညွှန်ပြ ပေးခဲ့သော အဖိုးအခ နည်းပါးပြီးလွယ် ကူစွာ ရရှိနိုင်သော အမယ််များဖြင့် ခံစားနေကြရသော ဆီးချို ရော ဂါကို စွဲမြဲသော စိတ်ဖြင့်စမ်းသပ်ကုသနိုင်ပါ ရန် တင်ပြရေး သားမိ ပါသည်။ ပရိတတ်သတ်ကြီးအတွက် ဗဟုသုတအနေနဲ့ ပြန်လည်မျှ ဝေ လိုက်ပါတယ်။ ရောဂါ သက်သာ ပျောက်ကင်းပါကလည်း ပြန် လည်ဝေငှပေးပါလို့ တောင်းဆိုပါရစေ source: apannpyay