စံထားအတုယူဖွယ်ရာ မျက်မမြင်အဖိုးအိုနဲ့ ဒုက္ခိတဇနီးသည်တို့ရဲ့ ချစ်ခြင်းမေတ္တာ

စံထားအတုယူဖွယ်ရာ မျက်မမြင်အဖိုးအိုနဲ့ ဒုက္ခိတဇနီးသည်တို့ရဲ့ ချစ်ခြင်းမေတ္တာ

ပရိတ်သတ်ကြီးရေ အခုတစ်ခါ ပြောပြ အပေးမှာ ကတော့ အရမ်းကိုအတုယူစရာ ကောင်းတဲ့ စံထားအတုယူဖွယ်ရာ မျက်မမြင်အဖိုးအိုနဲ့ ဒုက္ခိတဇနီးသည်တို့ရဲ့ချစ်ခြင်း မေတ္တာ အကြောင်းလေးပဲ ဖြစ်ပါတယ်။ မျက်စိမမြင်ရတဲ့ အဖိုးအို Cao Shucai (63) နှစ်ဟာ သူရဲ့ မသန်စွမ်းဇနီးသည်ကို ကျောကုန်းထက်မှာ သယ်ဆောင်သွားတာ 29 နှစ်ကျော် ကြာမြင့် ခဲ့ပြီ ဖြစ်ပါတယ်။

ဇနီးသည် Xu Houbi အသက် 59 နှစ်အရွယ် ကတော့ ယခင်က သန်စွမ်းခဲ့ ပေမယ့်၊ ကံဆိုးစွာနဲ့ ဒုက္ခိတ ဘ၀ကို ရောက်ခဲ့ရ ပါတယ်။ Xu ဟာ အရိုးပျော့ ရောဂါကြောင့် မသန်စွမ်း ဖြစ် သွားခဲ့ရတာပါ။ မျက်မမြင် ခင်ပွန်းသည် Caoက သူမ ကိုတော့ တစ်ခါ တလေ ခြင်း တောင်းထဲမှာ ထည့်သယ်လေ့ ရှိပြီး၊ တစ်ခါ တရံမှာတော့ ကျော်ကုန်းထက်မှာ ပိုးချီပြီး သွားလေ့ရှိပါတယ်။

မျက်မမြင် တစ်ယောက် အနေနဲ့ သူ့ ဘာသာသူ လမ်း လျှောက် ဖို့ ဘယ် လောက် တောင် ခက်ခဲ မလဲ ဆိုတာ တွေးသာ ကြည်ကြ ပါတော့။ အဲ့လိုခက်တဲ့ အနေ အထားမှာ Cao ရဲ့ အချစ်ဟာ အလွန် လေးစား စရာ ကောင်းပါတယ် ။ လမ်းညွှန်တာ ကတော့ Xu ဖြစ်ပြီး၊ Xu ကတော့ အခုအချိန်ထိ ကောင်းကောင်း မြင်နေရ ပါသေးတယ်။ သူတို့နှစ်ယောက်အတွက် နှစ်ယောက်ပေါင်းမှ တစ်ဘ၀ဆိုတဲ့ စကားလေး ပေါ်လာ သလားထင်ရ ပါတယ်။

Cao ဟာသူဇနီးကို ကျောကုန်း ထက်မှာ ချီပိုး သယ်ဆောင်ရတာကို ဘယ်တုန်း ကမှမငြိုငြင် ခဲ့ပါဘူး။ သူဟာ29နှစ်တာ ကာလအ တွင်းမှာ မျက်နှာ တစ်ချက်မပြတ်ပဲ ချစ်ရတဲ့ ဇနီးကို သယ်ပိုးနေမြဲပါဘဲ။ အဖိုးCao နဲ့ Xu တို့ရဲ့ချစ်ခြင်း မေတ္တာဟာ တရုတ်လူမျိုးတွေ အတွက် သာမက လူမှုကွန်ယက်တွေပေါ် အထိ စံပြ ဖြစ်နေပါတယ်။ သူတို့ဇနီးမောင်နှံဟာChongqingစီရင်စု Yong’an ရွာလေးမှာ နေထိုင်ကြပါတယ်။

သူတို့ နှစ်ယောက် အကြောင်းကို People’s Daily China သ တင်းဌာန ကပင် မှတ်တမ်းရုပ်ရှင်အဖြစ် ပြန်လည် ဖော်ပြရတဲ့အထိပါ။ ဒါ့အပြင် ကမ္ဘာကျော်ရုပ်သံဆွင်ဟွာသတင်းဌာနကလည်း ဂုဏ်ပြုခဲ့ပါသေးတယ်။ အခု အချိန်ထိ Cao နဲ့ Xu တို့ဟာ မခွဲမခွာနေ ထိုင်နေကြဆဲဖြစ်ပြီး၊ သူတို့မှာလည်းကိုယ်ပိုင် သီးခြားကမ္ဘာလေး ရှိ နေကြောင်း၊ ဒီအတွက် အထီးကျန် မှု ဆိုတာ မရှိပါဘူးလို့လည်းဆိုပါတယ်။ ပရိတ်သတ်ကြီးအတွက် စံထားအတုယူ ဖွယ်ရာ မျက်မမြင် အဖိုးအိုနဲ့ ဒုက္ခိတဇနီးသည်တို့ရဲ့ ချစ်ခြင်းမေတ္တာတရား အကြောင်းကို ဖော်ပြ ပေးလိုက်ရ ပါတယ်။ source: cele daily

Add a Comment

Your email address will not be published. Required fields are marked *