ဒေါ်လာ(3)သိန်းနီးပါး တန်ဖိုးရှိ ရောမခေတ်ရွှေဒင်္ဂါးတွေ တွေ့ရှိခဲ့တဲ့ အမျိုးသားနှစ်ယောက်

ဒေါ်လာ(3)သိန်းနီးပါး တန်ဖိုးရှိ ရောမခေတ်ရွှေဒင်္ဂါးတွေ တွေ့ရှိခဲ့တဲ့ အမျိုးသားနှစ်ယောက်

ပရိတ်သတ် ကြီးရေ အခု တစ်ခါ ပြောပြ ပေးမယ့် အကြောင်း ရာကတော့ ဒေါ်လာ(3)သိန်းနီးပါး တန်ဖိုးရှိ ရောမခေတ်ရွှေဒင်္ဂါးတွေ တွေ့ရှိခဲ့တဲ့ အမျိုးသားနှစ်ယောက် ဆိုတာပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း 2000 ကျော်က လည်ပတ် သုံးစွဲခဲ့တဲ့ ရောမခေတ် ရွှေဒင်္ဂါး အမြောက် အများကို တံငါသည် တစ်ဦးနဲ့ လယ်ပိုင် ရှင်တစ်ဦးတို့ ပူးပေါင်းပြီး တွေ့ရှိခဲ့ကြ တာပဲ ဖြစ်ပါတယ် ။ တန်ဖိုးအားဖြင့် ဆိုရင်တော့ အနည်းဆုံး အမေရိကန် ဒေါ်လာ 267000 ရှိမယ်လို့ ခန့်မှန်းထားကြောင်း Viral က ဖော်ပြထားပါတယ်။

ဒင်္ဂါးပြား တစ်ခုချင်း ဆီကိုရောင်းချမယ် ဆိုပါက အမေရိကန် ဒေါ် လာ 12000 တန်ကြေးရှိပြီး၊ တွေ့ရှိသူနှစ်ဦးအနက် တစ်ဦးရဲ့ အ မည်မှာ Mike Smale (35) နှစ် ဖြစ်ပါတယ်။ သူက ငါးဖမ်းသ မား တစ်ယောက်ဖြစ်ပြီး၊ သတ္တု ရှာဖွေရေး စက်နဲ့ သတ္တု ရှာရတာကိုလည်း စိတ်ပါ ၀င်စားသူ တစ်ယောက်ပါ။

Mike ကတော့သူ့အနေနဲ့ ဒီလောက် များပြားမယ့် ဒင်္ဂါးတွေ တွေ့လိမ့်မယ်လို့ ထင်မထားခဲ့ဘူးလို့ ပြောပါတယ်။ ရွှေဒင်္ဂါး နဲ့ ငွေဒင်္ဂါး ရောရာ မြောက်များစွာ တွေ့ရှိခဲ့တာဖြစ်ပြီး၊ လွန်ခဲ့တဲ့32 ဘီစီတုန်းကတည်း ရောမခေတ်မှာ သုံးစွဲခဲ့တဲ့ ငွေတွေဖြစ်ပါတယ်။ ဒင်္ဂါးပြားရေ 600 ကျော် တွေ့ရှိခဲ့တာလို့ သိရပါတယ်။

Mikeဟာ အင်္ဂလန်နိုင်ငံ Plymouth, Devon မှာ နေထိုင်တဲ့ ပြီး ကလေး တစ်ယောက် ဖခင်လဲ ဖြစ်ပါတယ် ။ ဒီတွေ့ရှိ ခဲ့တဲ့ ဒင်္ဂါးတွေကို ပြတိုက် တစ်ခု ဆီမှာ ရောင်းချမယ်လို့ ပြောပါတယ်။ အမြတ်ငွေကိုတော့ လယ်ပိုင်ရှင်နဲ့Mike နှစ်ဦး ခွဲဝေယူကြမှာပါ။

Mike က ဘယ်လောက် တန်တယ် ဆိုတာတော့ ပြောရတာခက်ပါတယ် လို့ဆိုပါတယ်။ သူက ” ဒီ ငွေဒင်္ဂါးတွေဟာ ဘယ်လောက်အ ထိ ရှားပါးသလဲ ဆိုတာပေါ်မူတည်ပြီး ဒါတွေက ဘယ်လောက် တန်ကြေးရှိတယ် မရှိဘူးဆိုတာကို ဆုံးဖြတ်ကြတာပါ … နောက် တွေ့ရှိ ခဲ့တဲ့ ပစ္စည်းတွေရဲ့ အခြေနေ …စတာတွေ အပေါ်မှာ တွက် ချက်ကြပါတယ် …ဒါပေမယ့် သေချာတာ ကတော့ ကျနော်နဲ့ အ တူတူ ရှိနေတဲ့လူနဲ့ ခွဲယူမှာပါ“လို့ ပြောခဲ့ပါတယ်။ ပရိတ်သတ်ကြီး အတွက် ကံ ကောင်းတဲ့ သူတို့ နှစ်ယောက်ရဲ့ အကြောင်းကို ပြန် လည် မျှဝေပေး လိုက် ပါတယ်။ source : Cele Daily Update News

Add a Comment

Your email address will not be published. Required fields are marked *