အင်ဒိုနီးရှားမှ ၁၂ နှစ်အရွယ်ကလေး နဂါးစွန်နှင့်ငြိကာ အမြင့်ပေ ၃၀ ကျော်ထိ လွင့်ပါသွားခဲ့

အင်ဒိုနီးရှားမှ ၁၂ နှစ်အရွယ်ကလေး နဂါးစွန်နှင့်ငြိကာ အမြင့်ပေ ၃၀ ကျော်ထိ လွင့်ပါသွားခဲ့

ပရိတ်သတ်ကြီးရေ အခုတခါ ဖော်ပြပေးမယ့် အကြောင်းအရာ က တော့ အင်ဒိုနီးရှား မှ ၁၂ နှစ်အရွယ် ကလေး နဂါးစွန်နှင့် ငြိကာ အ မြင့်ပေ ၃၀ ကျော်ထိ လွင့်ပါ သွားခဲ့တယ် ဆိုတာပဲ ဖြစ်ပါတယ်။

ဖြစ်စဥ်ကတော့ အင်ဒိုနီးရှားနိုင်ငံ လမ်ပန်ပြည်နယ် ပရင်စီဝူ ဒေသမှာ အိုင်အာလို့ အမည် ဖော်ပြထားတဲ့ အသက်၁၂သား နှစ် အရွယ်ယောကျ်ားလေးက နဂါးရုပ်ပုံစံ ပြုလုပ် ထားတဲ့ အကြီးစားစွန်နဲ့ ငြိပါသွားခဲ့ပြီး မြေပြင် ကနေ အမြင့် ပေ ၃၀ ကျော်ထိ လွင့်ပါ သွားခဲ့ပါတယ်။

စွန်လွှတ် နေချိန်မှာ လူအများ ဝိုင်းကြည့် နေတဲ့ ကြား ကနေ စွန်ရဲ့အမြီးပိုင်းနဲ့ ငြိပါသွားခဲ့ပြီး ဝေဟင်အထက် ပေ ၃၀ ကျော်လောက်အထိ စွန်နဲ့ အတူ လွင့်ပါ သွားခဲ့ တာကြောင့် အထိတ်တလန့် ဖြစ်ခဲ့ကြရပါတယ်။

စွန်ကနေ အရှိန်နဲ့ ပြန်ပြီးတော့ ပြုတ်ကျ လာခဲ့ပြီး အသက်ကတော့မသေခဲ့ပါဘူး။ ကံကောင်းတယ်​ ပြောရ မှာပါ။ ဒါပေမယ့် အသက်မသေခဲ့ ပေမယ့်လည်း လက်နှစ်ဖက်စလုံးမှာ ကတော့ ခြောက်နေ ရာ အရိုး ကျိုးအက် သွားခဲ့ရတယ်လို့ ပရင်စီဝူ ကလေးသူငယ်ကာကွယ် ရေးအဖွဲ့ LPA က ဆိုပါတယ်။

အထက်တန်း ကျောင်းတစ်ခု အနီးက ကွင်းပြင် ကျယ်မှာ သူတို့ညီ အစ်ကိုတတွေ နဂါးပုံစံ စွန်ကို အတူလွှတ် ကစားနေချိန်မှာ မတော် တဆ ငြိပါသွားပြီး လေပေါ်ကိုမြောက်တက်သွားခဲ့တာလို့ အသက် ၂၈ နှစ်အရွယ် အကိုဖြစ် သူ အာဆေးက ပြောပြပါတယ်။

စွန်ရဲ့ အရွယ်အစားက ကလေးရဲ့ အရွယ်ထက် သုံးဆ လောက်ကို ပိုကြီး နေခဲ့ပြီး အိုင်အာ က စွန်ကြိုးကို မလွှတ်တမ်း ကိုင်ထား ချိန်မှာ လေပြင်းနဲ့ အတူ လွင့်ပါ သွားခဲ့တာလို့ သိရ ပါတယ်။

ဒေသခံ တွေက ပြုတ်ကျလာတဲ့ ကလေးကိုပွေ့ချီကာ ဆေးရုံပို့ပေး ခဲ့ကြပြီး ခွဲစိတ်ကုသမှု နှစ်ကြိမ် ပြုလုပ်ခဲ့ပြီးတဲ့နောက်မှာ ပြန်သက် သာလာခဲ့ပြီလို့ သိရပါတယ်။ source : popolay