အသက် ၈၅ နှစ်အရွယ်အဖွားအိုအတွက် စာနပ်ရိက္ခာ၊ ဝှီးချဲလ်နဲ့ အလှူငွေများ ကုသိုလ်ပြုခဲ့တဲ့ သရုပ်ဆောင်ထွန်းကိုကို

အသက် ၈၅ နှစ် အရွယ်အဖွားအို အတွက် စာနပ်ရိက္ခာ၊ ဝှီးချဲလ်နဲ့ အလှူငွေများ ကုသိုလ်ပြုခဲ့တဲ့ သရုပ်ဆောင်ထွန်းကိုကို

ပရိတ်သတ်ကြီးရေ ပရဟိတ အလုပ်တွေကို ကိုယ်ပိုင် လုပ်ငန်းလိုသဘော ထားပြီး အများ အတွက် ကူ ညီ ပေးနေတဲ့ သရုပ်ဆောင်ထွန်းကိုကို ကိုတော့ ပရဟိတမင်းသားလို့တောင် ခေါ်လို့ ရပါတယ်နော်။

ပရဟိတ အလုပ်တွေကို စိတ်ရော ကိုယ်ပါနှစ်ပြီး လုပ်ဆောင်နေတဲ့ထွန်းကိုကိုက အခုတစ်ခါ မှာတော့ တစ်ယောက်တည်း နေထိုင် နေတဲ့ အသက် ၈၅ နှစ်အရွယ် အဖွားအို အတွက် စားနပ်ရိက္ခာနဲ့ ဝှီးချဲလ်ကို ကုသိုလ်ပြု လှူဒါန်း ခဲ့တယ်လို့သိရပါတယ်။

အဆိုပါအဖွားအိုကတော့ခြေ ထောက်ဒဏ်ရာကြောင့် အိမ်အပြင်ကိုမထွက်နိုင်တာ (၂) နှစ်ကျော်လောက် ရှိပြီး တစ်ယောက် တည်းနေ ထိုင်တာ ဖြစ်တယ်လို့လည်း သိရပါတယ်။ လှူဒါန်းဖြစ်ပုံ ကိုလဲ ခုလို ပြောပြလာပါတယ်။

“ကျွန်တော်တို့ နာရေး ကူညီမှု အသင်း (ရန်ကုန်) Facebook page chet box ကနေ ပြီးတော့ ညီမလေးတစ် ယောက် က လာအကူညီတောင်းပါတယ်။ အမေကြီး လမ်းမလျှောက်နိုင်လို့ ဝှီးချဲလ် တစ်စီးလောက် လှူဒါန်း ပေးဖို့ အကူညီ တောင်းပါတယ်။

နာရေးကူ ညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူလမ်းညွှန်မှုဖြင့် စောင်၊ အနွေးထည်၊ အခြားအသုံး အဆောင် ပစ္စည်း များနဲ့ အလှူ ရှင်များ လှူ ဒါန်းထားသော ဝှီးချဲလ်တွေထဲကကောင်းတဲ့တစ်စီးကို သေချာဆေး ကြော သန့်စင်ပြီး အမေကြီး အတွက် ရုပ်ရှင် သရုပ် ဆောင်ထွန်းကိုကိုနှင့် ထွန်းကိုကို ကို ချစ်ကြသူများအဖွဲ့ အမေကြီး လိုအပ်တာ အသုံး ပြုရန် အလှူငွေ တစ်သိန်းကျပ်တိတိကို လှူဒါန်း ပေးခဲ့ပါတယ်”လို့ ထွန်းကိုကိုက သူရဲ့ဖေ့ဘွတ် စာမျက်နှာမှာ ရေး သားထားတာပါ။

ဆက်လက် ပြီးတော့ အဖွားရဲ့ ဘယ်ဘက် ခြေထောက် တစ်ဖက်က ဆိုင်ကယ် အတိုက်ခံ ရပြီး စတီးရိုးထည့် ထားရ တယ်လို့ ပြော ထားပါတယ်။ အိမ်အပြင်ကို မထွက်ရတာ နှစ်နှစ်ကျော် ကြာနေပြီ ဖြစ်ပြီး စတီးရိုးထည့်ထားတဲ့ ခြေထောက်ကအရမ်းနာနေ တာရယ် နည်းနည်းတိုနေတာကြောင့်လည်း လမ်းမလျှောက်နိုင်တာလို့ ပြော ထားပါတယ်။

အဖွား ကတော့ ရပ်ကွက်က ဆောက်ပေး ထားတဲ့ အိမ် သေးသေးလေးမှာ တစ်ယောက်တည်း နေရင်း အချိန် ကုန်ဆုံး စေခဲ့ပြီး ပတ် ဝန်းကျင် ကပဲ စားသောက်ဖို့ တာဝန်ယူ ပေးထားတယ်လို့ ထွန်းကို ကို က ရှင်းပြထားပါ သေးတယ် ။ ဒါ့အပြင် သူလှူထားတဲ့ ဝှီးချဲလ်ပေါ်ကို အဖွားအိုကို တင်ခေါ်ပြီး အနီးအနားပတ်ဝန်းကျင်ကိုလည်း လိုက်လံ ပြသပေးခဲ့ပါတယ်။ ပရိတ်သတ်ကြီး အတွက် ထွန်းကိုကိုရဲ့ အလှူကို သာဓုခေါ်ဆိုနိုင်ရန် ပြန်လည် ဝေမျှပေးလို​က်ပါတယ်။source : pyimyanmar

Add a Comment

Your email address will not be published. Required fields are marked *