ချစ်သူသက်တမ်း (၁၁) နှစ်ကျော်ပြီ ဖြစ်တဲ့ လွှမ်းပိုင်နဲ့ Bobby Soxer
|ချစ်သူသက်တမ်း (၁၁) နှစ်ကျော်ပြီ ဖြစ်တဲ့ လွှမ်းပိုင်နဲ့ Bobby Soxer
ပရိတ်သတ်ကြီးရေ လူငယ်ကြိုက် တေးသံရှင် နှစ်ယောက် ဖြစ်တဲ့ လွှမ်းပိုင်နဲ့ Bobby Soxer တို့ ကတော့ မ အောင် မြင် ခင်က တည်းက တယောက်ကို တယောက် ချစ်ခင် ကြင်နာ နားလည် မှုတေနဲ့ လက်တွဲ လာခဲ့တာက အခု ဆိုရင် ချစ်သူ သက်တမ်း (၁၁) နှစ်ကျော် ရှိနေပြီ ဖြစ်ပါတယ်နော်။
ပရိသတ် တွေကတော့ လွှမ်းပိုင်နဲ့ Bobby Soxer ကို အမြန်ဆုံး လက်ထပ်ဖို့ မျှော်လင့် နေကြပေမယ့် Bobby Soxer က တော့ သူမအသက် သုံးဆယ်ရောက်မှ လက်ထပ်မယ်လို့ တရားဝင်ထုတ်ပြောထားတာ ဖြစ်ပါတယ်။
လွှမ်းပိုင်နဲ့ Bobby Soxer ကတော့ ချစ်သူ သက်တမ်းတွေကကြာလာခဲ့ပြီဆိုပေမယ့် တစ်ယောက်နဲ့တစ်ယောက် မလျော့သွားတဲ့ အချစ်တွေနဲ့ တိုးတိုးပြီး ချစ်လာတာကို ပရိသတ်ကြီး သတိထားမိမယ် ထင်ပါတယ်။
ဒီကနေ့ မှာလည်း Bobby Soxer ကတော့သူမကို ဓာတ်ပုံလှ လှလေးတွေ အမြဲတမ်း ရိုက်ကူး ပေးတဲ့ လွှမ်းပိုင်ကို “ဓါတ်ပုံလှလှလေးတွေနောက်မှာ အရမ်းတော်တဲ့ ဓါတ်ပုံ ဆရာ ရှိပါတယ် 😛” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အချွဲပိုလာခဲ့တာကို တွေ့ရပါတယ်။
Bobby Soxer ကတော့ ချစ်သူ လွှမ်းပိုင်ရဲ့ စိတ် ရှည် ရှည်နဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ချပြရင်း ချစ်သူကို အမွှန်းတင်လာခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း လွှမ်းပိုင်လို ဓာတ်ပုံရိုက်တော်ပြီး စိတ်ရှည်တဲ့ ချစ်သူ တစ်ယောက် ရရှိထားတဲ့ Bobby Soxer ကို အားကျ နေကြမယ် ထင် ပါတယ်နော် ။
source :cele weekly
photo – credit original uploader