“ရှေးဟောင်း ရွှေထည် ပစ္စည်း တွေ့ရှိသူ များအား ကြိုတင် ဆု ကြေးငွေ (၅၁)သိန်း ချီးမြှင့်ခဲ့ပြီး ဆက်လက်၍ ထိုက်တန်စွာ ဆုကြေးချီးမြှင့်နိုင်ရန် စီစဉ်နေ”

“ရှေးဟောင်းရွှေထည် ပစ္စည်းတွေ့ရှိသူများအား ကြိုတင်ဆုကြေးငွေ (၅၁)သိန်း ချီးမြှင့်ခဲ့ပြီး ဆက်လက်၍ ထိုက်တန်စွာ ဆုကြေးချီးမြှင့်နိုင်ရန် စီစဉ်နေ”

စစ်ကိုင်းတိုင်း ဒေသကြီး၊ မြောင်မြို့နယ်၊ ကျောင်းဖြူ ကျေးရွာနေ ဦးကျော်မိုး သည် ဒီဇင်ဘာ (၉) ရက်တွင် ကျောင်းဖြူကျေးရွာ၏ အနောက်ဘက် ပေ (၁၀၀၀)ခန့်အကွာရှိ ချောင်းအတွင်း ရေခပ်ရန်သွားရောက်စဉ် ချောင်းရေ တိုက်စား၍ ကမ်းပါးပြိုကျ ထားသည့်နေရာတွင် ရှေးဟောင်း ပစ္စည်းဟု ယူဆ ရသည့် အလေးချိန် တစ်ကျပ်သားခန့်ရှိ ရွှေထည်ပစ္စည်းတစ်ခုကို တွေ့ရှိရသဖြင့်

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မင်းဝေတစ်ရွာတည်းနေသူ များ ဖြစ်သည့် ဦးချစ်စန်းဦး၊ ဦးလှမင်းဦးတို့အား ပြောပြကာ ကျေးရွာသား အချို့နှင့်အတူ အဆိုပါနေရာသို့ ထပ်မံသွားရောက်၍ ရှာဖွေခဲ့ရာတွင် ချောင်းကမ်းစပ်ရှိရေထဲမှ အလေးချိန် ငါးမူးသားကျော်ခန့်ရှိ ရွှေထည်ပစ္စည်း (၃)ခု ထပ်မံတွေ့ရှိခဲ့ပါသည်။

အဆိုပါ တွေ့ရှိမှုနှင့် စပ်လျဉ်း၍ ရှေးဟောင်း ရွှေထည် ပစ္စည်းများ တွေ့ရှိရာ နေရာသို့ ဒီဇင်ဘာ (၁၂) ရက်တွင် မြောင်မြို့နယ် စီမံခန့် ခွဲမှု ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရှေးဟောင်း သုတေသန နှင့် အမျိုးသား ပြတိုက် ဦးစီးဌာန၊ စစ်ကိုင်း ဌာနခွဲမှ အရာထမ်း၊ အမှု ထမ်းများ ပါဝင်သည့်အဖွဲ့ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး၊ ကျေး ရွာ အုပ်ချုပ်ရေးမှူးနှင့် ဒေသခံ အချို့အား တွေ့ဆုံ၍

ရှေးဟောင်း ပစ္စည်း များအား တရား မဝင် ရောင်းချ ခြင်း မပြုဘဲ နိုင်ငံတော်သို့ အပ်နှံပါက ထိုက်တန်စွာ ဆုချီးမြှင့်ကြောင်းနှင့်မိမိတို့ဒေသ၏ ယဉ်ကျေးမှု အမွေ အနှစ် များကို ထိန်းသိမ်းရန် လိုအပ် ကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။

စစ်ကိုင်းတိုင်း ဒေသကြီး၊ မြောင် မြို့နယ်၊ ကျောင်းဖြူ ကျေးရွာမှ ရှေးဟောင်းရွှေထည်ပစ္စည်းတွေ့ရှိသူ ဒေသခံများအတွက် စစ်ကိုင်း တိုင်း ဒေသကြီး အစိုးရ အဖွဲ့၊ ဝန်ကြီးချုပ်က ကြိုတင် ဆုကြေးငွေ ကျပ် (၅၁)သိန်း ချီးမြှင့် ပေးအပ် ခဲ့ပြီး ဆက်လက်၍ ထိုက်တန်စွာ ဆုချီးမြှင့်နိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထို့နောက် ဒေသခံ များက တွေ့ရှိ ခဲ့သည့် ရှေး ဟောင်း ရွှေ ထည်ပစ္စည်းများ အပါအဝင် ရွှေထည် ပစ္စည်း (၆)ခုနှင့် ကြေးဟင်္သာအ လေးတစ်ခုတို့ကို မြို့နယ် စီမံ ခန့်ခွဲမှု ကော်မတီသို့ အပ်နှံ ခဲ့သည်။မြို့နယ် စီ မံ ခန့် ခွဲ မှု ကော် မတီ တာဝန်ရှိသူများက အဆိုပါ ရှေး ဟောင်းရွှေထည် ပစ္စည်းများကို

ဒီဇင်ဘာ (၁၄) ရက်တွင် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန် ကြီးချုပ်ထံ ပေးပို့ အပ်နှံခဲ့ရာ ဝန်ကြီးချုပ်က ပစ္စည်း တွေ့ရှိသူ ဒေ သခံများအတွက် ကြိုတင်ဆုကြေးငွေ ကျပ်(၅၁)သိန်း ချီးမြှင့်ပေးခဲ့ပြီး ဝန်ကြီးချုပ်မှ တစ်ဆင့် အဆိုပါပစ္စည်းများကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့ ပေးပို့သွား မည်ဖြစ်သည်။

ထို့နောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနရှိ ပညာရှင် အဖွဲ့က ပစ္စည်း အမျိုးစားနှင့် ခေတ် ကာလ သတ်မှတ်ချက်တို့ကို စစ်ဆေးပေးမည်ဖြစ်သည်။ ဆက်လက်ပြီး သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဌာနသို့ ပေးပို့၍ အရည်အသွေးနှင့် အလေးချိန်တို့ကို စစ်ဆေးမည် ဖြစ်ကာ မူလရွှေထည် တန်ဖိုး အပြင် ခေတ်ကာလ တန်ဖိုးနှင့် အနုစိတ် လက်ရာတို့ကို ဖြည့်စွက် ပေါင်းထည့် ၍ ထိုက်တန်စွာ ဆု ချီးမြှင့် နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ source: MRTV

Tags: