မွန်ပြည်နယ်တွင် နေစရာမြေ မရှိသူများကို သူဌေးတစ်ဦးမှ ၎င်းပိုင် ဧက ၂၀၀ကျော် အကျယ်အဝန်းရှိ ရာဘာစိုက်ခင်းများတွင် ရွာ ၃ရွာတည်ပေးမည်

မွန်ပြည်နယ်တွင်နေစရာ မြေမရှိသူများကို သူဌေးတစ်ဦးမှ ၎င်းပိုင် ဧက ၂၀၀ ကျော် အကျယ်အဝန်းရှိ ရာဘာစိုက်ခင်းများတွင် ရွာ ၃ ရွာတည်ပေးမည်

မွန်ပြည်နယ်တွင် နေစရာမြေမရှိသူများကို သူဌေးတစ်ဦးမှ ၎င်းပိုင်ဧက ၂၀၀၀ ကျော် အကျယ်အဝန်းရှိ ရာဘာစိုက်ခင်းများတွင် ရွာ၃ ရွာတည်ပေးမည့် သူဌေးတစ်ဦးမှ ၎င်းပိုင် ရာဘာ စိုက်ခင်း ဧကနှစ်ရာကျော်ဖြင့် ရွာ ၃ရွာ တည် ပေးမည် ဖြစ်ကြောင်း သံဖြူဇရပ်မြို့ နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဉာဏ်ဟိန်းက ပြောပြ သည်။” သူက ရွာသုံးရွာ တည်ရမှာ။

နှစ်ရွာက ကျွန်တော့်မြို့နယ် ထဲမှာ ရှိတယ် ။ တစ်ရွာ ကတော့ တာမုဒုံမြို့နယ်ထဲမှာ သွားရှိတယ် ။ တာပစွန်ဆိုတဲ့ ရွာမှာ အဲဒါက ဧက ၁၆၈ဧကရှိတယ် ။ အဲဒါက ၁၆၈ဧက လုံးလုံးလုပ်လို့မရဘူး။ ဘေးခြံတွေက နည်းနည်းပါးပါး ရောင်းထားတယ်။

အနည်းဆုံးဧက ၁၅၀ ဧက အထက်မှာ ရှိတယ်။အိမ်ခြေ နှစ်ထောင် ဝင်မယ် ။ တစ်ဧကကိုအိမ်ခြံကွက် ၁၆ ကွက်ဝင်မယ် ။ နောက်တစ်ရွာက သံဖြူဇရပ်နဲ့ ဘုရားသုံးဆူ ကားလမ်းဘေးမှာ အဲဒီခြံကဧက ၈၀ ရှိတယ် ။ အဲဒါက ပုံစံ ၇ ထုတ်နေတယ်။ မြို့နယ် အုပ်ချုပ်ရေးမှူးက လုပ်ပေးတယ် ။

ပုံစံ ၇ ပြည်နယ် အစိုးရ အဖွဲ့ကို လှမ်းတောင်းထားပြီးပြီ။ ဘယ်အ ဆင့်ထိပြီးပြီလဲဆိုရင် ခရိုင်ကော်လိပ်တော် အရာရှိ စစ်ဆေးနေပြီ။နောက်တစ်ရွာက ကားလမ်းဘေးပဲ။ စက်ရုံအလုပ်ရုံတွေရောင်းရင် တောင်သိန်း ထောင်ချီ ရတာကို သူကရွာတည်မှာ။ ကျူးကျော်နေတဲ့ သူတွေအတွက်ကို ပေးမှာပေါ့ ။

ဝန်ထမ်းဆိုလည်း ၁၀ နှစ် နေထိုင်ရင် သူက ပေးမယ် ပြောတယ် ” ဟု ၎င်းက ပြောပြသည်။ သံဖြူဇရပ် မြို့နယ် ၏ အကျယ် အဝန်းသည် ၃၂၇ စတုရန်းမိုင်ရှိ၍ ကျေးရွာအုပ်စုပေါင်း ၂၁ ရွာပါဝင်ပြီး မြို့နယ်တစ်ခုလုံးတွင် လူဦးရေသည် ၁၇၀,၄၈၀ ယောက် ( ၂၀၁၄ ခုနှစ် သန်းခေါင် စာရင်းအရ ) ရှိကြောင်း သိရသည်။ အများစုမှာ မွန်တိုင်းရင်းသားများနေထိုင်ကြပြီး စိုက်ပျိုးရေးလုပ်ငန်း ၊ရော်ဘာစေးလုပ်ငန်း ၊ထင်းလုပ်ငန်း၊ ဆားချက်လုပ်ငန်း တို့ကို လုပ်ကိုင်ကြကြောင်း သိရသည်။ Crd ; D Wave

Tags: