ရင်ခုန်စရာကောင်းတဲ့ ပုံရိပ်တွေကြောင့် ပရိသတ်တွေကို အသည်း ယားစေခဲ့တဲ့ ကောင်းမြတ်စံနဲ့ နန်းဆုရတီစိုး တို့ရဲ့ ခရစ္စမတ်ည သီ ချင်း MV မှမြင်ကွင်း

ရင်ခုန်စရာကောင်းတဲ့ ပုံရိပ်တွေကြောင့် ပရိသတ်တွေကို အသည်း ယားစေခဲ့တဲ့ ကောင်းမြတ်စံနဲ့ နန်းဆုရတီစိုး တို့ရဲ့ ခရစ္စမတ်ည သီ ချင်း MV မှမြင်ကွင်း

နန်းဆုရတီစိုး ကတော့ သရုပ်ဆောင် ပိုင်းမှာရော သီချင်းဆိုတဲ့နေ ရာမှာပါ ထူးချွန်ပြီး အနုပညာ လောကရဲ့ ပရိသတ်တေ အချစ်ဆုံး မင်းသမီး၊ အဆိုတော် တစ်ယောက်လည်း ဖြစ်ပါတယ်။ အခုဆိုရင် အသက် သုံးဆယ်ကျော် အရွယ်ကို ရောက်ရှိနေပြီ ဆိုပေမယ့် နန်းဆုရတီစိုး ကတော့ အိမ်ထောင်ရေးကို မစဉ်းစားသေးပဲ အနုပညာအလုပ် တွေကိုသာ အားသွန် ခွန်စိုက်နဲ့ လုပ်ကိုင် နေတာလဲ ဖြစ်ပါတယ်။

ပရိသတ်တွေ ကလည်း ဆယ်စုနှစ် ကျော်တိုင် လျော့ မသွားတဲ့ အ ချစ်တွေနဲ့ နန်းစုကို အားပေးခဲ့ကြတာ ဒီနေ့ ဒီအချိန် အထိပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ အတွက် ဒီတစ်ခါမှာတော့ မရိုးနိုင်တဲ့ ခံစားမှု ရသတွေကို ချပြပေးလေ့ ရှိတဲ့ နန်းဆုရတီစိုးက မကြာခင်ရက်ပိုင်းအတွင်းမှာ သူမရဲ့ သီချင်းသစ် တစ်ပုဒ်ကို တင်ဆက် ပေးတော့မှာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ နန်းဆုရတီစိုးက သူမရဲ့ခရစ္စမတ်ညသီချင်း MV ရိုက်ကွင်းပေါ်က ပုံရိလေးတွေကို ချပြရင်း “နန်းဆုရဲ့ ခရစ္စမတ်ညသီချင်း MV ထဲက ပုံလေးတွေပါ။ ကောင်းမြတ်စံနဲ့အတူ တွဲဖက်သရုပ်ဆောင် ထားပါတယ်။ မကြာခင် ထွက်ရှိလာတော့မှာပါနော်။ ဒါ ကြောင့် နန်း ဆု ရဲ့ official page လေး ကို seefirst like & follow လုပ်ပြီး စောင့်ကြည့် အားပေးကြ ဦးနော်🥰 coming soon on my official facebook page & YouTube channel” ဆိုပြီး သတင်းကောင်းလေး ပါးလာပါတယ်။

ကောင်းမြတ်စံနဲ့ နန်းဆုရတီစိုး တို့ကတော့ ကိုရီးယားဒရမ်မာကားထဲက မင်းသားနဲ့ မင်းသမီးလေးလို လိုက်ဖက်ညီလွန်းနေပြီး ဓာတ် ပုံလေးတွေ တောင် ဒီလောက် ကြည့်ကောင်း နေရင် MV မှာရော ဘယ်လိုမျိုး သရုပ်ဆောင်ထားကြလဲ ဆိုတာကတော့ စိတ် ဝင်စားစရာ ပါပဲနော်။ Source: Nansu Yati Soe ‘s fb