ကျေးဇူးရှင်မေမေ့အတွက် မွေးနေ့လက်ဆောင်ထပ်ပေးမယ့် တစ်ထပ်တိုက်အိမ်လှလှလေးကို အစွမ်းကုန် ပြင်ဆင်နေတဲ့ နေဒွေး

ကျေးဇူးရှင် မေမေ့အတွက် မွေးနေ့လက်ဆောင် ထပ်ပေးမယ့် တစ်ထပ်တိုက် အိမ်လှလှလေးကို အစွမ်းကုန် ပြင်ဆင်နေတဲ့ နေဒွေး

သရုပ်ဆောင် နေဒွေးကတော့ ကျရာဇာတ်ရုပ်ကို ပီပြင်အောင် သရုဆောင်ပြီး ဗီဒီယို ဇာတ်ကား တွေ မှာ ပါဝင် သရုပ် ဆောင်ရင်း အမြို့မြို့ အနယ်နယ်က ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိခဲ့သူတစ်ယောက် ဖြစ်ပါတယ်။

သရုပ်ဆောင် တစ်ယောက်လည်း ဖြစ် သလို လူငယ် တစ်ယောက်လည်း ဖြစ်တဲ့ နေဒွေးကတော့ သူ့မိဘ စီးပွားရေး လုပ်ငန်း ဖြစ်တဲ့ ဆန်စက်လုပ်ငန်းကို ဦးစီးလုပ်ကိုင်နေပြီး လုပ်ငန်းကလည်း နေဒွေးရဲ့လက်ထက်ရောက်မှာတေ့ာ ပိုပြီးအောင်မြင်လာပြီး လုပ်ငန်းတွေ တိုးချဲ့လာနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

အိမ်ထောင် မရှိသေးတဲ့ နေဒွေးကတော့ သူရှာဖွေလို့ရသမျှ ပစ္စည်း ဥစ္စာတွေကို ကျေးဇူးရှင် မေမေလိုအပ်တာတွေ ဖြည့်ဆည်းပေးသ လို အလှူအတန်း ကုသိုလ်ဒါနတွေပြုလုပ်ရင်း အကျိုးရှိရှိ အသုံးချသူပဲ ဖြစ်ပါတယ်။ တည်တည် ငြိမ်ငြိမ် ရှိနေတဲ့ သူတစ်ယောက်လို့ဆိုရင်လည်း မမှားနိုင်ပါဘူး။

နေဒွေး ကတော့ မကြာခင် ဇန်နဝါရီလ အတွင်းမှာ ကျရောက်မယ့် မေမေ့ရဲ့မွေးနေ့အတွက် အမှတ်တရ မွေးနေ့လက်ဆောင်တွေပေးဖို့ အလုပ်တွေ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ နေဒွေးက ပြီးခဲ့တဲ့ရက် ပိုင်းကပဲ သူ့ရဲ့မိခင် အတွက် သိန်းလေးရာကျော် တန်ဖိုးရှိတဲ့ ကားအသစ်ကြီးကို မွေးနေ့ အကြို လက်ဆောင် ပေးခဲ့သလို မြောက်ဒဂုံမြို့နယ် မှာလည်း တစ်ထပ် တိုက်အိမ်လေး ဆောက်ပြီး မေမေ့ အ တွက် မွေးနေ့လက်ဆောင် ပေးဖို့ အစွမ်းကုန် ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။

နေဒွေး ကတော့ လူပျို လူလွတ် ဘဝမှာတင် မေမေ့အတွက် တိုက်တစ်လုံး၊ ကားတစ်စီးနဲ့ ကျေးဇူး ဆပ်နေသလို မိခင်ကြီး စိတ်အေး ချမ်းသာစွာနေထိုင်နိုင်ဖို့ အလုပ်တွေကြိုးစားနေတာပဲ ဖြစ်ပါတယ်။ မိဘကိုသိတတ်တဲ့ နေဒွေးတစ်ယောက် ဒီထက်မက အောင်မြင်တိုး တက်ကြီးပွားပါစေလို့ ဆုတောင်ပေးလိုက် ပါတယ်။ Source: Nay Dway’s fb