အဆစ်မြစ် နာကျင် ကိုက်ခဲ့တာတွေကို ယူပစ်သလို ပျောက်ကင်းစေမဲ့ ခရမ်းသီးပြုတ်ရည်

အဆစ်မြစ် နာကျင် ကိုက်ခဲ့တာတွေကို ယူပစ်သလို ပျောက်ကင်းစေမဲ့ ခရမ်းသီးပြုတ်ရည်

အသက် အရွယ် ရလာ တာနဲ့ အမျှ အမျိုးသမီးပဲ ဖြစ်ဖြစ် အမျိုး သားပဲဖြစ်ဖြစ် အရိုးအဆစ် တွေ အားပျော့လာပြီး ဒူးနာ လာသလို အဆစ်အမြစ် တွေ နာကျင် ကိုက်ခဲ တတ်ပါတယ်။ အသက်အရွယ် ကြီးရင့်သူတွေ အရွယ်က စကားပြောလာတော့ ဒူးနာ လို့ မတ်တပ်ကြာကြာ မရပ်နိုင်တာ မထိုင်နိုင်တာကို တွေ့ဖူး မြင်ဖူးကြမယ်ထင်ပါတယ်။ ကိုယ်တိုင် ခံစားဖူးသူတွေလည်း စာဖတ်သူ တွေထဲမှာ ရှိကြတာပါ။

ယခုပြောပြပေးမယ့် နည်းလမ်းလေး ကတော့ ခြေကျင်း၊ ဒူးခေါင်း နဲ့ အဆစ်အမြစ် နာကျင်တာတွေကို သက်သာစေမှာပါ။ အပြင်ပိုင်းမှာ ရောင်တာ နာတာတွေကိုရော အတွင်းပိုင်းမှာ ရောင်တာ နာတာတွေကိုရော သက်သာစေပါတယ်။

အိုးတစ်လုံးထဲမှာ ရေထည့်ပြီး ဆူအောင်သည်ပါ။ပြီးရင် ခရမ်းသီး အနေတော်တစ်လုံးကို ပါးပါးလှီးလိုက်ပြီး ရေဆူနေတဲ့အိုးထဲ ထည့်လိုက်ပါ။ ပြီးရင် ဆူနေတဲ့ ရေကို အေးအောင်ထားပါ ။ အဲဒီနောက် ရေကို ဆစ်ချပြီးခရားတစ်လုံးထဲ ထည့်ကာ ရေခဲသေတ္တာထဲ ထည့်ပါ။တစ်နေ့ကို ခရမ်းသီးပြုတ်ရေ မနက်တစ်ခွက် နေ့လည်တစ်ခွက် ည တစ်ခွက် စုစုပေါင်း ၃ ခွက်သောက်ပါ။

ခန္တာကိုယ် အပြင်ပိုင်းဆိုရင်တော့ ခရမ်းသီးပြုတ်ရည်မှာ သံလွင်ဆီ အနည်းငယ် ရောပြီး နာကျင် ကိုက်ခဲတဲ့ နေရာကို လိမ်းပေးပါ။ အဲဒီနောက် အဝတ်သန့်နဲ့ပတ်ပြီး အိပ်ယာဝင်ပါ။ နေ့တိုင်း လုပ်ပေးပြီး ရက် ၂၀ ဆိုရင် သက်သာ လာပါလိမ့်မယ်။ ဖတ်ဖူးတာလေးရောဂါခံစားနေရ သူတေအတွက် ပြန်လည်ဝေမျှ ပေးလိုက် ရပါတယ်။ မူရင်းတင်ပြသူအား လေးစားစွဖြင့် ခရက်ဒစ်ပေးပါတယ်။